Connect with us

Hi, what are you looking for?

သတင်း

မြစ်ဆုံဆည်စီမံကိန်း အပြီးတိုင်ရပ်ဆိုင်းရေး ဒေသခံများ ဆုတောင်းပွဲပြုလုပ်

ပြည်သူအကျိုးမပြုသော စီမံကိန်းများ အလိုမရှိကြောင်းလည်း ဆုတောင်းပွဲ၌ ဆန္ဒထုတ်ဖော်ပြသခဲ့သည်။ယခု ဆုတောင်းပွဲသို့ ဒေသခံ ၇၀ခန့်တက်ရောက်ခဲ့သည်ဟု ဆိုသည်။

မြစ်ဆုံဆည်စီမံကိန်း အပြီးတိုင်ရပ်ဆိုင်းရေး ဒေသခံများ ဆုတောင်းပွဲပြုလုပ်နေစဥ်၊ ဓာတ်ပုံ - ဒေသခံ
မြစ်ဆုံဆည်စီမံကိန်း အပြီးတိုင်ရပ်ဆိုင်းရေး ဒေသခံများ ဆုတောင်းပွဲပြုလုပ်နေစဥ်၊ ဓာတ်ပုံ - ဒေသခံ

ကချင်ပြည်နယ်ရှိ မြစ်ဆုံဆည်စီမံကိန်း အပြီးတိုင်ရပ်ဆိုင်းရေး ဆုတောင်းပွဲကို ယနေ့နံနက်က မြစ်ဆုံဒေသ၌ ပြုလုပ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

မြစ်ဆုံစီမံကိန်း ယာယီရပ်ဆိုင်းမှု (၁၁)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အောင်တိုဘာ ၁၀ရက်တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

မြစ်ဆုံဆည်စီမံကိန်း အပြီးတိုင်ရပ်ဆိုင်းရေး ဒေသခံများ ဆုတောင်းပွဲပြုလုပ်နေစဥ်၊ ဓာတ်ပုံ - ဒေသခံ
မြစ်ဆုံဆည်စီမံကိန်း အပြီးတိုင်ရပ်ဆိုင်းရေး ဒေသခံများ ဆုတောင်းပွဲပြုလုပ်နေစဥ်၊ ဓာတ်ပုံ – ဒေသခံ

“မြစ်ဆုံရေကာတာရပ်စဲတာ ဦးသိန်းစိန် လက်ထက်ကနေ ၁၁နှစ်တောင်ရောက်ပြီ။ အဲဒါ ဒီအထိ အဲဒီမှာ ကျွန်တော်တို့ တောင်ယာတွေ လုပ်စားလို့ရတာတော့ ဘုရားသခင်ကျေးဇူးကို ချီးမွှမ်းတာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ရပ်ဆိုင်းထားတာလည်းကြာပြီ အခုတော့ထာ၀ရ ရပ်ဆိုင်းဖို့တော့ မျှော်လင့်နေတာပဲ ဒါအချိန်တော့ တန်ပြီ”ဟု ဆုတောင်းပွဲ၌ ပါဝင်သည့်ဒေသခံတစ်ဦးက ပြောသည်။

ထို့ပြင် ယခုနှစ်တွင် တောင်ယာစပါးတွေ စိုက်ခင်းများ၌ ကြွက်များ ကျရောက်၍ တောင်ယာစပါး ပျက်စီးမှု ဖြစ်ပေါ်ခဲ့ခြင်းနှင့်ပတ်သက်ပြီး ဆုတောင်းမှု ပြုလုပ်ခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

မြစ်ဆုံဆည်စီမံကိန်း အပြီးတိုင်ရပ်ဆိုင်းရေး ဒေသခံများ ဆုတောင်းပွဲပြုလုပ်နေစဥ်၊ ဓာတ်ပုံ - ဒေသခံ
မြစ်ဆုံဆည်စီမံကိန်း အပြီးတိုင်ရပ်ဆိုင်းရေး ဒေသခံများ ဆုတောင်းပွဲပြုလုပ်နေစဥ်၊ ဓာတ်ပုံ – ဒေသခံ

ဒေသခံများသည် မြစ်ဆုံရေအားလျှပ်စစ်ဆည်စီမံကိန်း အပြီးတိုင်ရပ်တန့်ရေး၊ ဧရာ၀တီမြစ် ထာ၀ရ တည်တံ့ရေး၊ ဧရာ၀တီမြစ်လွတ်လပ်စွာ ထာ၀စဉ် စီးဆင်းရေး၊ ဒေသခံများ မိမိတို့ နေရပ်သို့ လုံခြုံဘေးကင်းစွာ ပြန်လည်အခြေချနေထိုင်နိုင်ရေး တောင်းဆိုဆန္ဒထုတ်ဖော်ခဲ့သည်။

ပြည်သူအကျိုးမပြုသော စီမံကိန်းများ အလိုမရှိကြောင်းလည်း ဆုတောင်းပွဲ၌ ဆန္ဒထုတ်ဖော်ပြသခဲ့သည်။ယခု ဆုတောင်းပွဲသို့ ဒေသခံ ၇၀ခန့်တက်ရောက်ခဲ့သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် မြစ်ဆုံကို ကာကွယ်ဖို့၊ ဧရာ၀တီမြစ်ထာ၀ရ လွတ်လပ်စွာ စီးဆင်းစေဖို့ တောင်းဆိုတဲ့လှုပ်ရှားမှုကို ဒေသခံ လူငယ်တွေ ဦးဆောင်ပြုလုပ်ခဲ့တယ်လို့ မြစ်ကြီးနား ဒေသခံက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် သမင်ခြံရွာကို ဝင်ရောက်ခဲ့တဲ့ စစ်တပ်စစ်ကြောင်းဟာ ဒေသခံ အမျိုးသား၁၀ဦးကို ဖမ်းဆီးသွားပြီး အခုအထိ ဖမ်း‌ဆီးခံရသူတွေရဲ့သတင်းအစအန ပျောက်နေတယ်လို့ ဒေသခံတွေ‌က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့ကို ဝင်ရောက်လာတဲ့ စစ်တပ်စစ်ကြောင်းက ဒေသခံ လူငယ်နဲ့ လူလတ်ပိုင်း ၂၀ ကျော်ကို မေလ ၁၄ရက်မှာ ဖမ်းဆီးခဲ့ကြောင်း ဒေသခံက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ် နဲ့ ကချင်ပြည်နယ်အစပ် KIA သိမ်းပိုက်ထိန်းချုပ်ထားတဲ့မဘိမ်းမြို့နယ်အတွင်းတိုက်ပွဲ တွေဖြစ်လာနိုင်တာကြောင့်တပါတ်အတွင်း ဒေသခံပြည်သူတွေရှောင်တိမ်းကြဖို့ကချင်လွတ်လပ်ရေးတပ်မတော်( KIA)က သတိပေးထားတယ်လို့ ဒေသခံ​တွေက​ပြောပါတယ်။