Connect with us

Hi, what are you looking for?

သတင်း

YDFဒုစစ်ဦးစီးချုပ်ကျဆုံးခြင်းအပေါ် AA အာလဖာ (၃) စစ်ဒေသက ဝမ်းနည်းကြောင်း သဝဏ်လွှာပို့

YDFသည် အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်တွင်မရှိဘဲ သီးခြားရပ်တည်နေသည့် အဖွဲ့အစည်းဖြစ်သည်။ ယောဒေသတွင်း PDF တပ်များနှင့် ပြဿနာ အချို့ရှိသကဲ့သို့ အချို့တိုက်ပွဲများတွင်လည်း YDFနှင့် PDF ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်ခြင်းများလည်းရှိသည်။

YDFဒုစစ်ဦးစီးချုပ်ကျဆုံးခြင်းအပေါ် AA အာလဖာ (၃) စစ်ဒေသက ဝမ်းနည်းကြောင်း သဝဏ်လွှာပို့
YDFဒုစစ်ဦးစီးချုပ်ကျဆုံးခြင်းအပေါ် AA အာလဖာ (၃) စစ်ဒေသက ဝမ်းနည်းကြောင်း သဝဏ်လွှာပို့

ယောဒေသကာကွယ်ရေးတပ်(YDF)၏ ဒုစစ်ဦးစီးချုပ် ကျဆုံးခဲ့ခြင်းအပေါ် ရက္ခိုင့်တပ်တော်(AA) အာလဖာ(၃)စစ်ဒေသက ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့လာကြောင်း YDFက သတင်းထုတ်ပြန်သည်။

“ကျွန်တော်တို့ နွေးထွေးတဲ့ ဆက်ဆံရေးရှိပါတယ်။ စစ်ရေးပူးပေါင်းဆောင်ရွက်မှု အနေနဲ့တော့ ပြောပြလို့မရသေးပါဘူး။ ကျွန်တော်တို့နဲ့ ကျွန်တော်တို့ မဟာမိတ် AAနဲ့ ဆိုရင် နီးကပ်တဲ့ ဆက်ဆံရေး နွေးနွေး ထွေးထွေးရှိနေပါတယ်”ဟု YDF ခေါင်းဆောင် ကိုမြတ်သူက ပြောသည်။

AAလှုပ်ရှားသည့်နယ်မြေနှင့် YDF လှုပ်ရှားသည့် နယ်မြေ ဆက်စပ်မှု ရှိသည်ဟု ၎င်းက ပြောကြား သည်။

YDFဒုစစ်ဦးစီးချုပ် ဖြိုးဝေစိုးသည်အောက်တိုဘာ ၉ရက်တွင် စစ်ကောင်စီတပ်၏ လက်ချက်ကြောင့် ကျဆုံးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထိုသို့ ကျဆုံးရမှုအပေါ် ULA/AA အနေဖြင့် ကျန်ရစ်သူ မိသားစုများ တော်လှန်ရေးလုပ် ဖော်ကိုင်ဘက်များ၊ ပြည်သူလူထုများနှင့် ထပ်တူ နှမြေတသ ဝမ်းနည်းကြေကွဲရသည်ဟု သဝဏ်လွှာ၌ ဖော်ပြထားသည်။

ဒုစ်ဦးစီးချုပ် ဖြိုးဝေစိုးသည် နွေဦးတော်လှန်ရေးမှ ပေါက်ဖွားလာသည့် ခေါင်းဆောင်တစ်ဦးဖြစ် ပြီး တိုက်ခိုက်ရည်ကောင်းသူ ရဲဘော်များ၏ ချစ်ခင်လေးစားတန်ဖိုးထားမှုကိုခံရသူ ဖြစ်သည်ဟု AA အာလဖာ(၃) စစ်ဒေသက ဆိုသည်။

တော်လှန်ရေး ရည်မှန်းချက် ပန်းတိုင်သို့ မရောက်မီ ကျဆုံးလိုက်ရခြင်းသည် YDF အတွက် တန်ဖိုးကြီးမားလှသည့် အစားထိုးမရသည့် ဆုံးရှုံးမှု တစ်ရပ်ဖြစ်ကြောင်း၊ AAနှင့် YDF အကြား ဆက်ဆံရေး တည်ဆောက်ရာတွင် အခရာကျသူ တစ်ဦးဖြစ်ပြီး အရေးကြီးကိစ္စများ ဆောင်ရွက်ရာတွင် တာဝန်ကျေသူ ဖြစ်ကြောင်း ဖော်ပြထားပြီး ပြည်သူလူထုအပေါ် ပေးဆပ်စွန့်လွှတ် အနစ်နာခံမှုများကို အထူးတန်ဖိုးထားကြောင်း AAက ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ထားသည်။

YDF ဒုစစ်ဦးစီးချုပ်ဦးဆောင်သည့် အဖွဲ့နှင့် ဂန့်ဂေါနယ် ကန်ရွာ ရဲစခန်းမှ ရဲများသည် ဂန့်ဂေါမြို့နယ် ကျွန်းခုံသာရွာအနီး၌ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ဒုစစ်ဦးစီးချုပ်နှင့် ရဲဘော်တစ်ဦးတို့ ကျဆုံးခဲ့သည်ဟု YDFက ထုတ်ပြန်ထားသည်။

“ဒီကျဆုံးမှုက ကျနော့်ရဲ့ ညာလက်ရုံးတစ်ဖက် ဆုံးရှုံးသွားရသလိုပဲ သူနဲ့ ပတ်သက်ပြီးမှပေါ့။ ကျွန်တော်တို့ YDFကို စတင်ထူထောင်တဲ့အချိန်ကတည်းက ပါဝင်ခဲ့တဲ့ အရမ်းကို အားကိုးရတဲ့သူ စိတ်ချရတဲ့သူလည်းဖြစ်တယ်။ အခု ဖြစ်သွားတဲ့ဟာကတော့ မတန်ဘူးပေါ့။ ကျွန်တော်တို့ YDF အတွက် တော်တော်လေး ကြီးကြီးမားမား ဆုံးရှုံးမှုဖြစ်တယ်။ ပတ်ကင်းနဲ့ တိုးပြီး အကြောင်းပြု ဖြစ်သွားတာပေါ့”ဟု YDF ခေါင်းဆောင် ကိုမြတ် သူက ပြောသည်။

YDFသည် အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်တွင်မရှိဘဲ သီးခြားရပ်တည်နေသည့် အဖွဲ့အစည်းဖြစ်သည်။ ယောဒေသတွင်း PDF တပ်များနှင့် ပြဿနာ အချို့ရှိသကဲ့သို့ အချို့တိုက်ပွဲများတွင်လည်း YDFနှင့် PDF ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်ခြင်းများလည်းရှိသည်။

“ကျွန်တော်တို့က စစ်ကောင်စီက လွဲပြီးကျန်တဲ့သူတွေအပေါ်မှာ ရန်လိုတဲ့ သဘောထား မရှိသလို အပြစ်မြင်တဲ့ သဘောထားလည်းမရှိဘူး။ ကျွန် တော်တို့က စစ်ကောင်စီကိုပဲ တိုက်တာ။ သွားနေတာလည်း ကျွန်တော်တို့ မူဝါဒနဲ့ ကျွန်တော်တို့ ပြတ်ပြတ်သားသားသွားနေတာလည်းဖြစ်တယ်” ဟု ကိုမြတ်သူက ပြောသည်။

ဒေသတွင် PDFနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှု အချို့ရှိသည်ဟုလည်း ၎င်းက ဆိုသည်။

“မြေပြင်မှာ လိုအပ်ချက်ရှိရင် ပူးပေါင်းတယ်။ ဒါပေမဲ့ ကိုယ့်ဘာသာ ရပ်တည်လှုပ်ရှားနိုင်တဲ့ အဖွဲ့ဖြစ်တဲ့အတွက် ကိုယ့်ဘာသာကိုယ်လှုပ်ရှားတာများတယ်။ တကယ်တန်း မတည့်လို့ဘာညာမရှိပါဘူး”ဟု ကိုမြတ်သူက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)ရဲ့ အဝေးပစ်လက်နက်တွေအပြင် မြေပြင်ကပါ ထိုးစစ်ဆင်တိုက်ခိုက်ခြင်း ခံနေရတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်တွေမြို့နယ်အတွင်းရှိ ဒေသကွပ်ကွဲမှုစစ်ဌာနချုပ်(ဒကစ-စစ်တွေ)နဲ့ တပ်ရင်းတွေအနီးက ကျေးရွာတွေ ဖျက်ဆီးကာ စစ်စခန်းတွေ တိုးချ ခံစစ်ပြင်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကျောက်ဖြူ-ရမ်းဗြဲလမ်းဆုံ စနဲမြို့ဆီထိုးစစ်ဆင်ဖို့ အင်အားအလုံးအရင်းသုံး စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းတွေကို အာရက္ခတပ်တော်(AA)က ကြားဖြတ်တိုက်ခိုက်တာကြောင့် စစ်တပ်ဘက်က​သေဆုံးထိခိုက်မှုများပြီး နောက်ပြန်ဆုတ်နေရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အတွင်းက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို အခုလာမယ့် ပညာသင်နှစ်ကနေစပြီး လစာအနေနဲ့ ထောက်ပံ့ပေးတော့မယ်လို့ အာရက္ခပညာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။