Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

လေကြောင်းရန်ကာကွယ်ရေးတပ်မှ တပ်ကြပ်ကြီးတစ်ဦး CDM ပြုလုပ်

ကရင်နီ(ကယားပြည်နယ်)တွင် တိုက်ပွဲများနေ့စဥ်ဖြစ်ပွားမှုရှိနေပြီး ကရင်နီတပ်မတော် (KA)အပါအဝင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)နှင့် PDF တပ်တို့မှ ခုခံတိုက်ခိုက်နေဆဲဖြစ်သည်။

ဓာတ်ပုံ - KDF
ဓာတ်ပုံ - KDF

စစ်ကောင်စီ၏ လေကြောင်းရန်ကာကွယ်ရေးတပ်မှ တပ်ကြပ်ကြီးတစ်ဦး CDM ပြုလုပ်၍ ဝင်ရောက်ခိုလှုံလာကြောင်း ကရင်နီဒီမိုကရက်တစ်တပ်ဦး(KDF)က ထုတ်ပြန်သည်။

ယနေ့(အောက်တိုဘာ ၁၂ ရက်)တွင် တောင်ငူအခြေစိုက် (၂၀၃၀) လေကြောင်းရန်ကာကွယ်ရေးတပ်မှ အသက် (၂၄)နှစ်အရွယ် တပ်ကြပ်ကြီးအား ဘေးကင်းလုံခြုံစွာခေါ်ဆောင်နိုင်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“ဒီနေ့ ညနေ ၅ နာရီလောက်မှာပဲ ကျွန်တော်တို့ဆီ ရောက်တယ်။သေချာတော့ စိစစ်ထားတယ်။ဆက်ပြီးလည်း စိစစ်နေတယ်။အခုချိန်မှ CDM ဝင်လာတဲ့အတွက် ၁၀၀ ရာခိုင်နှုန်း ယုံကြည်ချက်တော့ မရှိဘူး။လောလောဆယ်လုံခြုံတဲ့နေရာ မှာ ရဲဘော်တွေ စောင့်ရှောက်ထားတယ်”ဟု KDF တာဝန်ရှိသူက လူထုနွေဦးသို့ ရှင်းပြသည်။

အဆိုပါ တပ်ကြပ်ကြီး၏ ပြောဆိုချက်အရ ပြည်သူများအပေါ် စိတ်မကောင်းကြောင်းနှင့် ပြည်သူ့ ဘက်မှ ရပ်တည်ရန် စောင့်ဆိုင်းနေသော်လည်းအခွင့်မသာ၍ ထွက်လာမရခြင်းအပေါ် လွန်စွာ နောင်တရပြီး ယခုမှ ခိုလှုံမှုအပေါ် ခွင့်လွှတ်နားလည်ပေးရန် ထွက်ဆိုထားကြောင်းKDF က အသိပေးသည်။

ခိုလှုံလာသည့် စစ်ကောင်စီတပ်ကြပ်ကြီးထံမှ လေကြောင်းနှင့်ပတ်သက်သည့် လျှို့ဝှက်သတင်းများရရှိနိုင်ရန် မျှော်လင့်ထားကြောင်းလည်း အထက်ပါတာဝန်ရှိသူက ပြောသည်။

ယမန်နေ့ကလည်း ကရင်နီဒေသအတွင်း စစ်ကြောင်းထိုးနေသည့် တပ်မ(၆၆)မှ စစ်ကောင်စီ တပ်သားတစ်ဦးသည် လက်နက်နှင့်အတူ ကရင်နီပြည်သူ့ရင်ခွင့်ထံ ခိုလှုံထားသည်။

Public Service Announcement

Public Service Announcement

CDM စစ်သားများအနက် စစ်ကောင်စီတပ်ကို ပြန်လည်ခုခံရာတွင် ကျရာကဏ္ဍမှ ဆက်လက်တာဝန်ထမ်းဆောင်သွားမည့်သူများ ရှိသကဲ့သို့ စစ်ကောင်စီတပ်ကို ပြန်လည်တိုက်ခိုက်သွားမည့် သူများလည်းရှိကြောင်း ကာယကံရှင် CDM စစ်သည်များက ပြည်သူလူထုသို့ အသိပေး ပြောဆိုထားကြသည်။

ကရင်နီ(ကယားပြည်နယ်)တွင် တိုက်ပွဲများနေ့စဥ်ဖြစ်ပွားမှုရှိနေပြီး ကရင်နီတပ်မတော် (KA)အပါအဝင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)နှင့် PDF တပ်တို့မှ ခုခံတိုက်ခိုက်နေဆဲဖြစ်သည်။