Connect with us

Hi, what are you looking for?

သတင်း

တီးတိန်မြို့တွင် ခရိုင်လဝကရုံးနှင့် သမရုံးမီးလောင်

“မီးလောင်ပြီး သေနတ်ပစ်သံတွေကြားတယ်။ လက်နက်ကြီးသံတွေရော ပါတယ်။ မြို့ထဲက လူတွေက ကြောက်လန့်နေကြတာပေါ့”ဟု အခြားတီးတိန်မြို့ခံတစ်ဦးက ပြောသည်။

ဓာတ်ပုံ - CJ
ဓာတ်ပုံ - CJ

ချင်းပြည်နယ် တီးတိန်မြို့တွင် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုက ဝင်ရောက်မီးရှို့မှုကြောင့် စစ်ကောင်စီလက်အောက်ခံ ခရိုင်လူဝင်မှုကြီးကြပ်ရေးရုံး (လဝက)နှင့် သမဝါယဦးစီးဌာနရုံး မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

တီးတိန်မြို့၊ မြို့မရပ်ကွက်ရှိ အဆိုပါရုံးနှစ်ရုံးကို ယမန့်နေ ည ၉နာရီခွဲခန့်က လက်နက်ကိုင်တပ်ဖွဲ့တစ်ခုက ဝင်ရောက်မီးရှို့ခဲ့ခြင်းဖြစ်ပြီး မီးလောင် နေစဉ် စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ရုံးစောင့်စီက သော့တောင်းပြီး မီးရှို့တယ်။ ဒါကို စစ်တပ်ဘက်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်လို့ အမျိုးသမီးတယောက်သေရတယ်။ မီးက တစ်ရုံးလုံးလောင်သွားတယ်”ဟု တီးတိန်မြို့ခံတစ်ဦးက ပြောသည်။

ဓာတ်ပုံ - CJ
ဓာတ်ပုံ – CJ

မီးရှို့ခဲ့သည့် လက်နက်ကိုင်များက အစောင့်ကို ရန်ပြုခဲ့ခြင်းမပြုသော်လည်း တီးတိန်မြို့ စစ်တပ် ကုန်းနှင့် အထက (၁) ကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က တီးတိန်မြို့ထဲကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“မီးလောင်ပြီး သေနတ်ပစ်သံတွေကြားတယ်။ လက်နက်ကြီးသံတွေရော ပါတယ်။ မြို့ထဲက လူတွေက ကြောက်လန့်နေကြတာပေါ့”ဟု အခြားတီးတိန်မြို့ခံတစ်ဦးက ပြောသည်။

အဆိုပါ မီးရှို့မှုကို တီးတိန်မြို့နယ်အတွင်း လှုပ် ရှားနေသည့် PDF(Zoland)အဖွဲ့က ၎င်းတို့ လုပ်ဆောင်ခြင်းမဟုတ်ကြောင်း ယနေ့ မနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။

မီးလောင်ခဲ့သည်နေရာသည် လဝက မြို့နယ်ရုံးဖြစ်သော်လည်း စစ်ကောင်စီက တီးတိန်ခရိုင်ရုံးအဖြစ်ပြောင်းလဲရန် ဆိုင်းဘုတ်တင်ထားသည့်နေရာလည်း ဖြစ်သည်။ မီးလောင်မှုကြောင့် ဘေးပတ်ဝန်းကျင်နေအိမ်များ ထိခိုက်ပျက်စီးမှုမရှိကြောင်းလည်း တီးတိန်မြို့ခံများထံမှ သိရသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံမှာ ခရီးသည်တင် ကူးတို့ရေယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားပြီး အနည်းဆုံး ၅ ဦးသေ၊ ၄၀ ကျော် ပျောက်ဆုံးနေပါတယ်။

သတင်း

ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ် တိုက်ပွဲမှာ စစ်တပ်နဲ့ လက်အောက်ခံ ဇိုမီးတပ်ဖွဲ့ ZRA တပ်ဖွဲ့ဝင် ၆ဦးသေဆုံးခဲ့ကြောင်း PDF ဇိုလဲန်း က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က အရက်ဘား မီးလောင်မှုမှာ သေဆုံးခဲ့သူ အများစုဟာ မီးခိုးမွှန်ပြီး အသက်ဆုံးရှုံးခဲ့တာလို့ သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ဖြစ်ပွားခဲ့တဲ့ အရက်ဘား မီးလောင်မှုကြောင့် သေဆုံးသူဟာ ၃၀ ထိ မြင့်တက်လာကြောင်း သိရပါတယ်။