Connect with us

Hi, what are you looking for?

သတင်း

ယာယီပိတ်ထားသည့် ရွှေဘို – ရေဦးလမ်းပိုင်း စစ်တပ်ကသွားခိုင်း၍ ဖြတ်သန်းသူအချို့ မိုင်းထိ

ရွှေဘို​ – ညောင်ပင်သာ – ရေဦးလမ်းအား ဖြတ်သန်းသွားလာခြင်းမပြုရန် ဒေသကာကွယ်ရေးအဖွဲ့များက သတိပေးထားသည့်ကြားမှ ဖြတ်သန်းသွားလာသူများရှိနေပြီး မိုင်းပေါက်ကွဲမှုများ ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။

အောက်တိုဘာလဆန်းပိုင်းက ရွှေဘို-ရေဦးလမ်းပိုင်းတွင် စစ်ကောင်စီစစ်ဆေးရေးဂိတ်က လမ်းပိတ်ထား၍ စောင့်ဆိုင်းနေသော ကုန်တင်ယာဥ်များ၊ဓာတ်ပုံ - CJ
အောက်တိုဘာလဆန်းပိုင်းက ရွှေဘို-ရေဦးလမ်းပိုင်းတွင် စစ်ကောင်စီစစ်ဆေးရေးဂိတ်က လမ်းပိတ်ထား၍ စောင့်ဆိုင်းနေသော ကုန်တင်ယာဥ်များ၊ဓာတ်ပုံ - CJ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ဒေသကာကွယ်ရေးအဖွဲ့များက ရွှေဘို-ရေဦးလမ်းပိုင်းအား ယာယီပိတ်ထားချိန် စစ်ကောင်စီတပ်ကသွားခိုင်း၍ ဖြတ်သန်းသွားလာသူအချို့ မိုင်းထိခဲ့ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။

ရွှေဘို​ – ညောင်ပင်သာ – ရေဦးလမ်းအား ဖြတ်သန်းသွားလာခြင်းမပြုရန် ဒေသကာကွယ်ရေးအဖွဲ့များက သတိပေးထားသည့်ကြားမှ ဖြတ်သန်းသွားလာသူများရှိနေပြီး မိုင်းပေါက်ကွဲမှုများ ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။

“တမြန်နေ့ကလည်း ​ွေးတွေက လွှတ်လိုက်လို့လဲ လမ်းပေါ်တက်တယ်။ မိုင်းမိတယ်။ မနေ့ကလ​ည်း သားအဖသုံးယောက်မိုင်းထိတယ်။ ခဏခဏတင်ပေးတယ်။ မတက်ဖို့ရာ။ အခုလို လမ်းမပေါ်တက်ပြီး တစ်ခုခုဖြစ်တော့ ကျွန်တော်တို့ ပြည်သူ့ဘက်တော်သားတွေပဲ အထင်လွဲခံရတယ်။”ဟု SBLPDFအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ​ပြောသည်။

ရွှေဘို – ရေဦးလမ်းပေါ်ရှိ ပန်းရံ-လိပ်ချင်း-စိုက်ပျိုးရေးလမ်းပိုင်းအပါအဝင် မည်သည့်လမ်းကိုမျှ သွားလာခွင့်ပြုမထားကြောင်း၊ စစ်ကောင်စီတပ်နှင့်နောက်လိုက်များ၏ နားယောင်ပြီး လမ်းပေါ်မတက်မိရန် SBLPDF အဖွဲ့က မေတ္တာရပ်ခံသည်။

Public Service Announcement

Public Service Announcement

“နယ်တွေမှာ အင်တာနက်လိုင်းမပြောနဲ့ ဖုန်းလိုင်းတောင် ကောင်းကောင်းမရကြဘူး။ တချို့ရွာသူ ရွာသားတွေက မသိကြတာလည်း ဖြစ်နိုင်ပါတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

​ပြီးခဲ့သည့် စက်တင်ဘာလကုန်နှင့် အောက်တိုဘာလဆန်းပိုင်းကလည်း ရွှေဘို – ရေဦးလမ်းပိုင်းတွင် စစ်ကောင်စီတပ်၏ ညောင်ပင်သာစစ်ဆေးရေးဂိတ်က လမ်းပိတ်ထား၍ ကားအစီးရေရာချီပိတ်မိခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ စဥ့်တုံံကျေးရွာအနီးမှာ ရွှေဘိုမြို့နယ်ကို အဓိက ရေပေး​ဝေနေတဲ့ မူးကြီး(တူးမြောင်း) ကျိုးသွားလို့ စပါးခင်းတွေအတွက် ရေအခက်အခဲ ရှိနိုင်ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ရွှေဘိုမြို့မှာဒီနေ့ မနက်က လှုပ်သွားတဲ့ ရစ်ခ်တာစကေး ၅ဒဿမ၂အဆင့်ငလျင်ကြောင့် စစ်ကိုင်းတိုင်းအပြင် မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်အထိ သိသိသာသာခံစားခဲ့ရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ၊ရွှေဘိုမြို့နယ်မှာသပိတ်အင်အားစုတွေက ဦးဆောင်ပြီး အာဇာနည်နေ့လှုပ်ရှားမှုမှာ ပြည်သူလူထုပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းနှိုးဆော်မှုတွေ ဒီကနေ့ (ဇူလိုင် ၁၅) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ အုန်းတော-ရွှေဘို မဟာဓာတ်အားလိုင်းတစ်လိုင်း ထပ်မံပျက်စီးသွားပြီး ရွှေဘိုတစ်မြို့လုံး ၃ ပတ်နီးပါးကြာ လျှပ်စစ်မီးပြတ်တောက်နေကြောင်း မြို့ခံတွေက ပြောပါတယ်။