Connect with us

Hi, what are you looking for?

သတင်း

လေကြောင်းအန္တရာယ် ကာကွယ်နိုင်ရေးဆိုင်ရာ စကားဝိုင်း ယနေ့ပြုလုပ်မည်၊ ရန်ပုံငွေရှာဖွေမည်

အဆိုပါ စကားဝိုင်းဆွေးနွေးပွဲကို “CDMများရဲ့ စေတနာအားနဲ့အတူ ဗုံးကျည်ဆံကြားက ကလေးငယ်များကို ဝိုင်းလို့ကူ”ဟု အမည်ပေးထားပြီး ယနေ့ အောက်တိုဘာ ၁၃ရက် ညနေ ၇နာရီတွင် စတင်မည် ဖြစ်သည်။

လေကြောင်းအန္တရာယ် ကာကွယ်နိုင်ရေးဆိုင်ရာ စကားဝိုင်း ယနေ့ပြုလုပ်မည်၊ ရန်ပုံငွေရှာဖွေမည်
လေကြောင်းအန္တရာယ် ကာကွယ်နိုင်ရေးဆိုင်ရာ စကားဝိုင်း ယနေ့ပြုလုပ်မည်၊ ရန်ပုံငွေရှာဖွေမည်

အကြမ်းဖက်စစ်ကောင်စီတပ်က ကလေးငယ် များအပါအဝင် ပြည်သူလူထုများအား ပစ်မှတ် ထားပြီး လေကြောင်းတိုက်ခိုက်မှုများဆက်တိုက် ပြုလုပ်နေ၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက လေကြောင်းရန်အန္တရာယ် ကာကွယ်ရေးဆိုင် ရာ စကားဝိုင်းဆွေးနွေးပွဲတစ်ရပ် ယနေ့ ညပိုင်း၌ ပြုလုပ်မည် ဖြစ်သည်။

ကလေးငယ်များစွာအပါအဝင် ပြည်သူလူထုများ ထိခိုက်သေဆုံးခဲ့ရသည့် စစ်ကိုင်းတိုင်း ဒီပဲယင်း မြို့နယ် လက်ယက်ကုန်း စာသင်ကျောင်းတိုက်ခိုက်ခံရမှုအဖြစ်ဆိုးမျိုး မကြုံရစေရေးအတွက် ရည်ရွယ်ပြီး ယခုစကားဝိုင်းဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ စကားဝိုင်းဆွေးနွေးပွဲကို “CDMများရဲ့ စေတနာအားနဲ့အတူ ဗုံးကျည်ဆံကြားက ကလေးငယ်များကို ဝိုင်းလို့ကူ”ဟု အမည်ပေးထားပြီး ယနေ့ အောက်တိုဘာ ၁၃ရက် ညနေ ၇နာရီတွင် စတင်မည် ဖြစ်သည်။

” အဓိကက လက်ယက်ကုန်းလိုမျိုးကိစ္စနောင်မဖြစ်အောင် ကလေးငယ်တွေကို လေကြောင်းရန်ကနေ ကာကွယ်ပေးနိုင်ဖို့။..။ အဲဒီအတွက် အဓိက ငွေရှာမယ့် ကမ်ပိန်းပေါ့”ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ရရှိလာသည့် ရန်ပုံငွေများကို လေကြောင်းရန် အန္တရာယ်ကြိုတင်သတိပေးသည့် စနစ်ထူထောင်ရန်၊ အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်ရန် ဗုံးခိုကျင်းတူးပြီး လုံခြုံသည့်နေရာ ဖန်တီးရန် စသည့် လုပ်ငန်းများအတွက် အသုံးပြုသွားမည် ဖြစ်သည်။

စကားဝိုင်းဆွေးနွေးပွဲတွင် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပညာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဂျာထွယ်ပန်၊ CDM ဗိုလ်ကြီး လင်းထက် အောင်၊ ပြည်သူ့ သူရဲကောင်း CDM ဝန်ထမ်း၊ တစ်ကိုယ်တော် ပရဟိတကွန်ယက် မှ မခင်နှင်းကြည်သာ Guest Speaker အဖြစ် သရုပ်ဆောင် ချစ်သုဝေ တို့ပါဝင်မည်ဖြစ်ပြီး Moderator မှာ ဒေါက်တာဖြိုးသီဟ ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။

သတင်း

အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။