Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်စွဲထားသည့်ဟားခါးခရိုင်မီးသတ်ရုံးမီးလောင်ခဲ့ပြီးနောက် လုံခြုံရေးတင်းကြပ်သည့် ဟားခါးထွေအုပ်ရုံးရှိရာ စုပေါင်းရုံးပါမီးလောင်

မီးလောင်မှုကြောင့် မြို့နယ်ထွေအုပ်ရုံးခန်းနှင့်မြို့နယ် စည်ပင်ရုံးခန်း မီးလောင်သွားသည်ဟု စုပေါင်းရုံးဝန်ထမ်းများနှင့်နီးစပ်သည့်ဟားခါးဒေသခံ၏ပြောကြားချက်ကိုဖော်ပြထားသည်။

(စစ်​ကောင်စီ၏ ဟားခါးခရိုင်​စု​ပေါင်းရုံးယ​နေ့နံနက်မီး​လောင်ကျွမ်း​နေမှု ။ဓါတ်ပုံ- The Chin Journal)
(စစ်​ကောင်စီ၏ ဟားခါးခရိုင်​စု​ပေါင်းရုံးယ​နေ့နံနက်မီး​လောင်ကျွမ်း​နေမှု ။ဓါတ်ပုံ- The Chin Journal)

▪️ဟားခါး – ထန်တလန်ကြား တိုက်ပွဲ စစ်ကောင်စီတပ် လေကြောင်းပစ်ကူဖြင့်တိုက်ခိုက်

ချင်းပြည်နယ် ဟားခါးမြို့ ခရိုင်မီးသတ်ရုံးတိုက်ခိုက်ခံရပြီး မီးသတ်ကားနှစ်စီးမီးလောင် ခဲ့ပြီး ရက်ပိုင်းအတွင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးရှိရာ လုံခြုံရေးတင်းကြပ်ထားသည့် စုပေါင်းရုံး မီးလောင်မှု ဖြစ်ပွားခဲ့သည်ဟု The Chin Journal က ဖော်ပြထားသည်။

ယနေ့ အောက်တိုဘာ ၁၈ရက် နံနက် အစော ၂နာရီခန့်တွင် ဟားခါးမြို့ ချင်းဦးစီးရပ်ကွက်ရှိ လုံခြုံရေးတင်းကြပ်သည့်စုပေါင်းရုံးအဆောက်အအုံ မီးလောင်သွားကြောင်း၊ မြို့နယ် လ၀က၊ မြို့နယ်ပညာရေး၊ မြို့နယ်စည်ပင်၊ မြို့နယ်ကျေးလက်၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး စသည့်ဟားခါးမြို့နယ်ရုံးများ တစ်နေရာတည်းတွင် စုပေါင်းရုံးထိုင်သည့်နေရာဖြစ်ပြီး နံနက်ပိုင်း ၂နာရီခန့်က သေနက်ပစ်ခတ်သံများ ထွက်ပေါ်လာပြီးနောက်ထိုသို့မီးလောင်ခြင်းဖြစ်ကြောင်းဒေသခံ၏ ပြောကြားချက်ကို ကိုးကားဖော်ပြထားသည်။

(စစ်​ကောင်စီ၏ ဟားခါးခရိုင်​စု​ပေါင်းရုံးယ​နေ့နံနက်မီး​လောင်ကျွမ်း​နေမှု ။ဓါတ်ပုံ- The Chin Journal)
(စစ်​ကောင်စီ၏ ဟားခါးခရိုင်​စု​ပေါင်းရုံးယ​နေ့နံနက်မီး​လောင်ကျွမ်း​နေမှု ။ဓါတ်ပုံ- The Chin Journal)

မီးလောင်မှုကြောင့် မြို့နယ်ထွေအုပ်ရုံးခန်းနှင့်မြို့နယ် စည်ပင်ရုံးခန်း မီးလောင်သွားသည်ဟု စုပေါင်းရုံးဝန်ထမ်းများနှင့်နီးစပ်သည့်ဟားခါးဒေသခံ၏ပြောကြားချက်ကိုဖော်ပြထားသည်။

ပြီးခဲ့သည့်အောက်တိုဘာ ၁၅ရက် နံနက်အစော ၄နာရီခန့်ကလည်း ဟားခါးမြို့ ဟားခါးထာရ်ရပ်ကွက်ရှိ စစ်ကောင်စီတပ်သားများ တပ်ဆွဲထားသည့် ဟားခါးခရိုင်မီးသတ်ရုံးတိုက်ခိုက်ခံရပြီး မီးသတ်ကား ၂စီး မီးလောင်သွားခဲ့သည်။

Public Service Announcement

Public Service Announcement

ယခုရက်ပိုင်းအတွင်းဟားခါးမြို့တွင်းနှင့်ဟားခါး-ထန်တလန်အကြားတွင် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

(စစ်​ကောင်စီ၏ ဟားခါးခရိုင်​စု​ပေါင်းရုံးယ​နေ့နံနက်မီး​လောင်ကျွမ်း​နေမှု ။ဓါတ်ပုံ- The Chin Journal)
(စစ်​ကောင်စီ၏ ဟားခါးခရိုင်​စု​ပေါင်းရုံးယ​နေ့နံနက်မီး​လောင်ကျွမ်း​နေမှု ။ဓါတ်ပုံ- The Chin Journal)

အောက်တိုဘာ ၁၆ရက် နံနက်က ဟားခါးမြို့ ၀န်ကြီးအိမ်ယာဘက်တွင်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ကလက်နက်ကြီး ပစ်ကူပေးသကဲ့သို့စစ်ကားနှစ်စီးဖြင့်စစ်ကူစေလွှတ်ခဲသည်ဟု ဆိုသည်။

အောက်တိုဘာ ၁၇ရက်တွင် ဖြစ်ပွားသော ဟားခါး-ထန်တလန်အကြား တိုက်ပွဲ၌လည်း စစ်ကောင်စီတပ်ကတိုက်လေယာဉ်ဖြင့် ၂ခေါက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု The Chin Journal က ဖော်ပြထားသည်။

အဆိုပါဒေသ၌ ချင်းအမျိုးသားတပ်မတော်(CNA) နှင့် ချင်းဒေသကာကွယ်ရေးတပ်(CDF) ပူးပေါင်းအဖွဲ့ကစစ်ကောင်စီတပ်ကို တိုက်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မိုးပျံရထားလမ်း တစ်နေရာမှာ မီးလောင်မှု ဖြစ်ပွားရာက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြေးဆွဲနေတဲ့ MRT ရထားခရီးစဉ် တချို့ကို ဆိုင်းငံ့ခဲ့ရပါတယ်။

သတင်း

ပျက်ကျတယ်လို့ယူဆရတဲ့နေရာကို KIA ပူးပေါင်းတပ် လိုက်လံရှာ​ဖွေ

သတင်း

ရန်ကုန်မြို့၊စမ်းချောင်းမြို့နယ်က Bar4U ဆိုင်မီးလောင်ခဲ့ပြီး အမျိုးသား ၂ ဦး​သေဆုံးတယ်လို့ သွားရောက်ကူညီတဲ့ လူမှုကူညီရေးအဖွဲ့ဝင်​တွေကပြောပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံမှာ အပြင်းအထန် မီးလောင်ခဲ့တဲ့ ကူးတို့ရေယာဉ်ပေါ်ကို နာရီပေါင်း ၄၀ လောက် ကြာပြီးမှသာ ကယ်ဆယ်ရေး အဖွဲ့တွေ တက်ရောက်နိုင်ခဲ့ပါတယ်။