Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကြာအင်းဆိပ်ကြီးရှိ စစ်ကောင်စီတပ်ကို Federal Wings နှင့် KNLAပူးပေါင်းတပ်များ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ငါးဦး သေဆုံးပြီး လေးဦးဒဏ်ရာပြင်းထန်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်၏ (၆၀)မမ တစ်လက် ပျက်စီး ဆုံးရှုံးသွားကြောင်း ဖော်ပြထားသည်။

ဓာတ်ပုံ - Federal Wings
ဓာတ်ပုံ - Federal Wings

▪️အရာရှိအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသေဆုံးမှုရှိဟုဆို

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆)နယ်မြေရှိ စစ်ကောင်စီတပ်များကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) နှင့် ပူးပေါင်းတပ်များ၊ ဒရုန်းတပ်ဖွဲ့ Federal Wingsတို့ ပူးပေါင်း၍ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ စစ်ကောင်စီတပ်မှ အရရရှိအပါ အဝင် သေဆုံးထိခိုက်မှုများ ရှိခဲ့သည်။

အောက်တိုဘာ ၁၆ရက် နံနက်က နဂါးနီစစ်ကြောင်း တပ်ခွဲ(၂)၊ KNLA တပ်ရင်း(၁၇)နှင့် Federal Wings အဖွဲ့ ပူးပေါင်း၍ ကြာအင်းဆိပ်ကြီးနယ်ရှိ ခလရ (၃၂)တပ်သို့ ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီးတစ်ဦး၊ တပ်ကြပ်ကြီး တစ်ဦး သေဆုံးပြီး တပ်သားတစ်ဦး ဒဏ်ရာရသည်ဟု နဂါးနီစစ်ကြောင်း တပ်ခွဲ(၂)က သတင်းထုတ်ပြန်ထားသည်။

အလားတူ အောက်တိုဘာ ၁၀ရက်ကလည်း KNU တပ်မဟာ (၆)နယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့ နယ်၊ သံဖြူဇရပ်လမ်းပေါ်ရှိ မတရား ကျူးကျော် တပ်စွဲထားသည့် တောင်စွန်း စစ်ကောင်စီ စခန်းကုန်းနှင့် BGF နှင့်ပူးပေါင်းထားသည့် စစ်ဆေးရေးဂိတ်အား KNLA တပ်ရင်း (၁၆) ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F နှင့် Federal Wings ဒရုန်းတပ်ဖွဲ့တို့ပူးပေါင်း တိုက်ခိုက်ခဲ့သည်ဟု အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.Fက သတင်းထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ငါးဦး သေဆုံးပြီး လေးဦးဒဏ်ရာပြင်းထန်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်၏ (၆၀)မမ တစ်လက် ပျက်စီး ဆုံးရှုံးသွားကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ရန်သူဘက်မှ အနီးရှိကျေးရွာများနှင့် လမ်းမပေါ် သို့ လက်နက်ကြီးများဖြင့် ၁၀ကြိမ်ခန့်ပြန်လည်ပစ်ခတ်ခဲ့ကြောင်း၊ ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များ ထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။

Federal Wings တပ်ဖွဲ့အနေဖြင့် KNU တပ်မဟာ (၆) တပ်ရင်း(၂၇) ကော်ဘရာ ပူးပေါင်းစစ်ကြောင်းနှင့် လက်တွဲပြီးလည်း မြ၀တီ -ဝေါ်လေလမ်း၌ စစ်ကောင်စီတပ်ကို တိုက်ခိုက်လျက်ရှိသကဲ့သို့ KNU တပ်မဟာ(၃) ညောင်လေးပင်ခရိုင်အတွင်း တိုက်ပွဲများတွင်လည်း တော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်း၍ စစ်ကောင်စီတပ်ကို တိုက်ခိုက်လျက်ရှိသည်။

ပြီးခဲ့သည့် စက်တင်ဘာလ တစ်လတာအတွင်း၌ KNU တပ်မဟာ(၆)နယ်မြေ ရှိ ဝေါ်လေ၊ ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ် ဒေသများ၌ ဒရုန်း စစ်ဆင်ရေး ၈၉ ကြိမ်ပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်မှ ၄၈ဦး သေဆုံးခဲ့သည်ဟု Federal Wings က ထုတ်ပြန်ထားသည်။ အခြားတိုက်ပွဲဝင်ဒေသများရှိ Federal Wings ၏ စစ်ဆင်ရေး လှုပ်ရှားမှုများကို လျှို့ဝှက်ထားဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။