Connect with us

Hi, what are you looking for?

သတင်း

ရေးမြို့တံတားကြီးဂိတ်ကို MSROက (၄၀)မမဖြင့် ပစ်ခတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်သားသုံးဦးထိခိုက်ဟုဆို

“တံတားကြီးဂိတ်ကို (၄၀)မမနဲ့ကျုံးတာ။ ဂိတ်ထဲ ပေါက် ကွဲ၊ သီတင်းကျွတ် ဗြောက်အိုးဖောက်တာပါ။ တော်လှန်သီတင်းကျွတ်အနေနဲ့ တော်လှန် မမ နဲ့ပစ်တာ”ဟု MSRO မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

(တံတားကြီးစစ်ဆေးရေးဂိတ်အဝင်လမ်းအား တွေ့ရစဥ်၊ဓာတ်ပုံ - CJ)
(တံတားကြီးစစ်ဆေးရေးဂိတ်အဝင်လမ်းအား တွေ့ရစဥ်၊ဓာတ်ပုံ - CJ)

မွန်ပြည်နယ် ရေးမြို့တံတားကြီးစစ်ဆေးရေးဂိတ်ကို (၄၀) မမဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မွန်အခြေပြု တော်လှန်ရေးအဖွဲ့အစည်း(MSRO) က ပြောသည်။

ယနေ့ (အောက်တိုဘာ ၉ ရက်) နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်က ရေးမြို့အဝင် တံတားကြီးစစ်ဆေးရေးဂိတ်ကို (၄၀)မမဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ သုံးဦးထိခိုက်ကာ နှစ်ဦးမှာဒဏ်ရာပြင်းထန်သည်ဟု MSRO က ဆိုသည်။

Public Service Announcement
Public Service Announcement

“တံတားကြီးဂိတ်ကို (၄၀)မမနဲ့ကျုံးတာ။ ဂိတ်ထဲ ပေါက် ကွဲ၊ သီတင်းကျွတ် ဗြောက်အိုးဖောက်တာပါ။ တော်လှန်သီတင်းကျွတ်အနေနဲ့ တော်လှန် မမ နဲ့ပစ်တာ”ဟု MSRO မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

အထက်ပါ တံတားကြီးစစ်ဆေးရေးဂိတ်အား ရေးဘီလူးအဖွဲ့က ပြီးခဲ့သည့် သြဂုတ်အတွင်း အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ငါးဦးသေဆုံးပြီး ကိုးဦးထိခိုက်ဒဏ်ရာရခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

မွန်ပြည်နယ် ရေးမြို့နယ်တောင်ပိုင်း ခေါဇာမြို့ အခြေစိုက်(ခလရ-၃၁)ကာကင်းကို ပြောက်ကျားတိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)က သတင်းထုတ်ပြန်ပါတယ်။