Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြင်းခြံထောင်သို့ ပြောင်းလာသည့် နိုင်ကျဥ်းများအား ထောင်ဝန်ထမ်းများက နှိပ်စက်နေ၊ သံခြေကျင်းဖြုတ် မပေးဘဲ အလုပ်ကြမ်းစေခိုင်းနေဟုဆို

မန္တလေး အိုးဘိုထောင်မှ နိုင်ငံရေးအကျဥ်းသားများအား မြင်းခြံထောင်သို့ ပို့ဆောင်ခဲ့ပြီးနောက် ထောင်ဝင်စာပို့ရန်ပင် အခက်အခဲများ ကြုံတွေ့နေရကြောင်း ထောင်ဝင်စာပို့နေကျ အမျိုးသားတစ် ဦးက ပြောသည်။

မြင်းခြံအကျဥ်းထောင်အား တွေ့ရစဥ်၊ဓာတ်ပုံ-Cj
မြင်းခြံအကျဥ်းထောင်အား တွေ့ရစဥ်၊ဓာတ်ပုံ-Cj

မြင်းခြံအကျဉ်းထောင်သို့ မန္တလေးနှင့် ပခုက္ကူအကျဉ်းထောင်များမှ ပြောင်းရွှေ့လာသော နိုင်ငံရေးအကျဥ််းသားများအား ထောင်ဝန်ထမ်းများက အကြမ်းဖက် ဖိနှိပ်ရိုက်နှက်နေပြီး သံခြေကျင်းမဖြုတ် ပေးဘဲ အလုပ်ကြမ်းများ အဓမ္မခိုင်းစေနေကြောင်း မုံရွာလူထုသပိတ်ဦးဆောင်ကော်မတီက ထုတ်ပြန် သည်။

ပခုက္ကူအကျဥ်းထောင်နှင့် မန္တလေးအိုးဘိုထောင်မှ မြင်းခြံအကျဉ်းထောင်သို့ ပြောင်းရွှေ့လာသော နိုင်ငံရေးအကျဥ်းသားများအား အိပ်ဆောင် (၂) အဆောင်မှူး စိုးထက်လွင်အပါအဝင် ထောင် ဝါဒီများက ဖိနှိပ်ရိုက်နှက်မှုများ၊ အလုပ်ကြမ်းခိုင်းစေခြင်းများ ပြုလုပ်နေကြောင်း မုံရွာလူထုသပိတ်ဦးဆောင်ကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မြင်းခြံအကျဥ်းထောင်အား တွေ့ရစဥ်၊ဓာတ်ပုံ-Cj
မြင်းခြံအကျဥ်းထောင်အား တွေ့ရစဥ်၊ဓာတ်ပုံ-Cj

အောက်တိုဘာ ၁၅ ရက်တွင် ပခုက္ကူအကျဥ်းထောင်မှ မြင်းခြံအကျဉ်းထောင်သို့ နိုင်ငံရေးအကျဥ်းသား ၇၅ဦးပြောင်းရွှေ့ခဲ့သည်။ အောက် တိုဘာ၁၅ ရက်တွင် ပခုက္ကူမှ ပြောင်းရွှေ့လာသူ ကိုနေလင်းအောင် ( နိုင်/ကျဥ်း )မှ ပုဆိုးလှန်၍ ယားနာကုတ်သည်ဟူသော အကြောင်းပြချက်ဖြင့် အိပ်ဆောင် (၂)အဆောင်မှူး စိုးထက်လွင်မှ ဦးခေါင်းကို ဝါးရင်းတုတ်ဖြင့် ရိုက်နှက်ခဲ့ကြောင်း မုံရွာလူထုသပိတ်ဦးဆောင်ကော်မတီက အသိပေးသည်။

သံခြေကျင်းကြောင့် လဲကျသွားသော ကိုနေလင်းအောင်အား ခြေထောက်ဖြင့် တက်နင်းပြီး ဦးခေါင်းနှင့် မျက်နှာအားထိုးကြိတ်သဖြင့် အကျဥ်းကျခံပြည်သူများနှင့် စကားအခြေအတင်ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အလားတူ အောက်တိုဘာ ၇ ရက် ညက မန္တလေး အိုးဘိုထောင်မှ မြင်းခြံထောင်သို့ နိုင်ကျဥ်း ၁၅၀ ဦးပြောင်းရွှေ့ခဲ့ပြီး မြင်းခြံထောင်ရောက် နိုင်ကျဥ်းများကို သံခြေကျင်းများ ဖြုတ်မပေးဘဲ အောက်တိုဘာ ၁၃ ရက်တွင် အလုပ်ကြမ်းများ ခိုင်းစေခဲ့သည်ဟု မုံရွာလူထုသပိတ်ဦးဆောင်ကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

နိုင်ကျဥ်းများက သံခြေကျင်းများရှိနေ၍ အလုပ် ကြမ်းများ မလုပ်ကြောင်း ငြင်းဆန်သဖြင့် အဆောင် (၂)ခေတ္တအဆောင်မှူးနှင့် ၄၄၀၃ လထကြီးကြပ်ရေးမှူး စိုးထက်လွင်တို့ အခြေအတင် စကားများခဲ့ကြကြောင်း မုံရွာလူထုသပိတ်ဦးဆောင်ကော်မတီက ဆိုသည်။

မြင်းခြံအကျဥ်းထောင်အား တွေ့ရစဥ်၊ဓာတ်ပုံ-Cj
မြင်းခြံအကျဥ်းထောင်အား တွေ့ရစဥ်၊ဓာတ်ပုံ-Cj

မြင်းခြံထောင်တွင် နိုင်ငံရေးအကျဥ်းသားများအား အကြောင်းအမျိုးမျိုးပြ၍ အလုပ်ကြမ်းများလည်း ယနေ့အထိ ခိုင်းစေလျက်ရှိနေကြောင်း ထောင်တွင်းသတင်းအရင်းအမြစ်များမှ သိရှိရပြီး အကြမ်းဖက် ရိုက်နှက်မှုများအားလည်း မကြာခဏပြုလုပ်နေကြောင်း မုံရွာလူထုသပိတ်ဦးဆောင်ကော်မတီက သတင်းထုတ်ပြန်ထားသည်။

မန္တလေး အိုးဘိုထောင်မှ နိုင်ငံရေးအကျဥ်းသားများအား မြင်းခြံထောင်သို့ ပို့ဆောင်ခဲ့ပြီးနောက် ထောင်ဝင်စာပို့ရန်ပင် အခက်အခဲများ ကြုံတွေ့နေရကြောင်း ထောင်ဝင်စာပို့နေကျ အမျိုးသားတစ် ဦးက ပြောသည်။

“မြင်းခြံကလည်း တအားစစ်တော့ လမ်းခရီးအနေအထားနဲ့ သွားဖို့လည်းမလွယ်ဘူး။ တဆင့်ပို့ဖို့ကလည်း လူခံမရှိတော့ တော်တော်ဒုက္ခရောက်နေတယ်။”ဟု အဆိုပါ အမျိုးသားက ပြောသည်။

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ မုံရွာလူထုသပိတ် ဦးဆောင်ကော်မတီထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကာ ၎င်းတို့ထံမှ ၆၀ မမ အဝေးပစ်ပို့ယမ်း (၅)ထုပ်ရရှိခဲ့ကြောင်း MBT တပ်ဖွဲ့က အသိပေးသည်။

သတင်း

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့မီးဝင်ရှို့သွားခြင်းဖြစ်ကြောင်း၊ မီးရှို့ဖျက်ဆီးပြီးနောက် ၎င်းတို့တပ်စွဲရာနေရာများသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

သတင်း

ကိုမာန်ဇာမြေမွန်နှင့် ကိုအောင်ကျော်ဇင်တို့အား မြို့တော်ခန်းမအတွင်းရှိ စစ်သားများက ရိုက်နှက် နှိပ်စက်ခဲ့ရာ ကိုအောင်ကျော်ဇင်မှာ မတ်လ (၂၉) ရက်နေ့တွင် ကျဆုံးခဲ့ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ပြောကြားသည်။

သတင်း

မတ်လ ၉ ရက်ကလည်း စစ်ကိုင်းမြို့နယ်တွင် ကားတစ်စီးဖြင့်ထွက်လာသော ရွာသစ်ကြီးရဲစခန်းမှ ရဲများအား ဒေသတွင်း PDFများက ပစ်ခတ်တိုက်ခိုက်ရာ ရဲလေးဦး သေဆုံးပြီး သေနတ်(၄)လက်နှင့် ခဲယမ်းများ သိမ်းဆည်းခံခဲ့ရသေးသည်။