Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဘော်လခဲရှိ စစ်ကောင်စီကင်းပုန်းစခန်းကို ကရင်နီကာကွယ်ရေးတပ်များ တိုက်ခိုက်

တိုက်ပွဲ ဖြစ်ပွားခဲ့သည့်နေရာများအနီး ခရီးသွားပြည်သူများ အနေဖြင့်လည်း အလျှင်စလိုမသွား လာဘဲ သတင်းအခြေနေများအား မေးမြန်း၍ ဂရုစိုက်သွားလာရန်လည်း KNDF တပ်ရင်း -၁၀ က တိုက်တွန်းသည်။

(ကရင်နီအမျိုးသားများကာ ကွယ်ရေးတပ် (KNDF)တပ်ရင်း -၁၀မှ ရဲဘော်များအား တွေ့ရစဉ်၊ဓာတ်ပုံ - KNDF)
(ကရင်နီအမျိုးသားများကာ ကွယ်ရေးတပ် (KNDF)တပ်ရင်း -၁၀မှ ရဲဘော်များအား တွေ့ရစဉ်၊ဓာတ်ပုံ - KNDF)

ကရင်နီပြည်နယ် ဘောလခဲမြို့ရှိ စစ်ကောင်စီကင်းပုန်းဂိတ်စခန်း ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ခုနစ်ဦးသေဆုံးကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း -၁၀က ထုတ်ပြန်သည်။

၃နာရီကျော်ကြာမြင့်ခဲ့သည့် တိုက်ခိုက်မှုဖြစ်စဥ်အရ အောက်တိုဘာ ၁၈ရက်က KNDF တပ်ရင်း -၁၀ ၊တပ်ရင်း -၂၁ နှင့် ကရင်နီတပ်မတော်(KA)တို့ပူးပေါင်း၍ ထိုးစစ်ဆင်ခဲ့သည်ဟု ဆိုသည်။

ဘောလခဲမြို့အဝင်ရှိ လေးထပ်တိုက်ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့၊ လမ်းမကြီးဘေးတွင် ပြုလုပ်ထားသော ကင်းပုန်းဂိတ်စခန်း နှင့် ပွန်ချောင်းတံတားထိပ်တို့တွင် ပြုလုပ်ထားသည့် ဂိတ်စခန်းတို့ကို နံနက် ၆နာရီခွဲအချိန်မှစ၍ စစ်ကြောင်းများခွဲကာ ဝင်ရောက်တိုက် ခိုက်ခဲ့သည်။

စစ်ကောင်စီ၏ ခြေကုပ်ယူထားသော ဂိတ်စခန်းများအား ဝင်ရောက်တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီဖက်မှ ခုနစ်ဦး သေဆုံးကာ ခုနှစ်ဦးထက်မနည်းထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ပူးပေါင်းတပ် ဖွဲ့မှ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု ဖော်ပြ သည်။

Public Service Announcement

Public Service Announcement

“အဲဒီနေ့(တိုက်ပွဲ ဖြစ်ပွားခဲ့သည့် အောက်တိုဘာ ၁၈ ရက်) ညပိုင်းက တိုက်လေယာဥ်တစ်စီး လာ ကင်းထောက်တာရှိတယ်။ပြီးတော့ ဒီရက်ပိုင်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတယ်”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြော သည်။

တိုက်ပွဲ ဖြစ်ပွားခဲ့သည့်နေရာများအနီး ခရီးသွားပြည်သူများ အနေဖြင့်လည်း အလျှင်စလိုမသွား လာဘဲ သတင်းအခြေနေများအား မေးမြန်း၍ ဂရုစိုက်သွားလာရန်လည်း KNDF တပ်ရင်း -၁၀ က တိုက်တွန်းသည်။

ယခုရက်သတ္တပတ်အတွင်း ဒီးမော့ဆို၊လွိုင်ကော် ၊မိုးဗြဲ နှင့် ရှားတော မြို့နယ် တို့တွင် တိုက်ပွဲ များဖြစ်ပွားလျှက်ရှိပြီး စစ်ကောင်စီတပ်သား သေ ဆုံးသူများရှိသကဲ့သို့ ကရင်နီပူးပေါင်းတပ်မှ ရဲ ဘော်အချို့ကျဆုံးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

စစ်တပ်၏ တရားမဝင် အာဏာသိမ်းမှု အကျိုးဆက်များအနက် တစ်ခုဖြစ်သည့် မြေမြှုပ်မိုင်းများကြောင့် ကရင်နီပြည်အတွင်း အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးရမှုများမှာ သိသိသာသာ တိုးပွားလာသည်ကို တွေ့ရသည်ဟုလည်း ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။