Connect with us

Hi, what are you looking for?

သတင်း

ဘော်လခဲရှိ စစ်ကောင်စီကင်းပုန်းစခန်းကို ကရင်နီကာကွယ်ရေးတပ်များ တိုက်ခိုက်

တိုက်ပွဲ ဖြစ်ပွားခဲ့သည့်နေရာများအနီး ခရီးသွားပြည်သူများ အနေဖြင့်လည်း အလျှင်စလိုမသွား လာဘဲ သတင်းအခြေနေများအား မေးမြန်း၍ ဂရုစိုက်သွားလာရန်လည်း KNDF တပ်ရင်း -၁၀ က တိုက်တွန်းသည်။

(ကရင်နီအမျိုးသားများကာ ကွယ်ရေးတပ် (KNDF)တပ်ရင်း -၁၀မှ ရဲဘော်များအား တွေ့ရစဉ်၊ဓာတ်ပုံ - KNDF)
(ကရင်နီအမျိုးသားများကာ ကွယ်ရေးတပ် (KNDF)တပ်ရင်း -၁၀မှ ရဲဘော်များအား တွေ့ရစဉ်၊ဓာတ်ပုံ - KNDF)

ကရင်နီပြည်နယ် ဘောလခဲမြို့ရှိ စစ်ကောင်စီကင်းပုန်းဂိတ်စခန်း ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ခုနစ်ဦးသေဆုံးကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း -၁၀က ထုတ်ပြန်သည်။

၃နာရီကျော်ကြာမြင့်ခဲ့သည့် တိုက်ခိုက်မှုဖြစ်စဥ်အရ အောက်တိုဘာ ၁၈ရက်က KNDF တပ်ရင်း -၁၀ ၊တပ်ရင်း -၂၁ နှင့် ကရင်နီတပ်မတော်(KA)တို့ပူးပေါင်း၍ ထိုးစစ်ဆင်ခဲ့သည်ဟု ဆိုသည်။

ဘောလခဲမြို့အဝင်ရှိ လေးထပ်တိုက်ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့၊ လမ်းမကြီးဘေးတွင် ပြုလုပ်ထားသော ကင်းပုန်းဂိတ်စခန်း နှင့် ပွန်ချောင်းတံတားထိပ်တို့တွင် ပြုလုပ်ထားသည့် ဂိတ်စခန်းတို့ကို နံနက် ၆နာရီခွဲအချိန်မှစ၍ စစ်ကြောင်းများခွဲကာ ဝင်ရောက်တိုက် ခိုက်ခဲ့သည်။

စစ်ကောင်စီ၏ ခြေကုပ်ယူထားသော ဂိတ်စခန်းများအား ဝင်ရောက်တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီဖက်မှ ခုနစ်ဦး သေဆုံးကာ ခုနှစ်ဦးထက်မနည်းထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ပူးပေါင်းတပ် ဖွဲ့မှ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု ဖော်ပြ သည်။

Public Service Announcement

Public Service Announcement

“အဲဒီနေ့(တိုက်ပွဲ ဖြစ်ပွားခဲ့သည့် အောက်တိုဘာ ၁၈ ရက်) ညပိုင်းက တိုက်လေယာဥ်တစ်စီး လာ ကင်းထောက်တာရှိတယ်။ပြီးတော့ ဒီရက်ပိုင်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတယ်”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြော သည်။

တိုက်ပွဲ ဖြစ်ပွားခဲ့သည့်နေရာများအနီး ခရီးသွားပြည်သူများ အနေဖြင့်လည်း အလျှင်စလိုမသွား လာဘဲ သတင်းအခြေနေများအား မေးမြန်း၍ ဂရုစိုက်သွားလာရန်လည်း KNDF တပ်ရင်း -၁၀ က တိုက်တွန်းသည်။

ယခုရက်သတ္တပတ်အတွင်း ဒီးမော့ဆို၊လွိုင်ကော် ၊မိုးဗြဲ နှင့် ရှားတော မြို့နယ် တို့တွင် တိုက်ပွဲ များဖြစ်ပွားလျှက်ရှိပြီး စစ်ကောင်စီတပ်သား သေ ဆုံးသူများရှိသကဲ့သို့ ကရင်နီပူးပေါင်းတပ်မှ ရဲ ဘော်အချို့ကျဆုံးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင်တစ်ဦးဖြစ်သလို ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC)ရဲ့ဥက္ကဋ္ဌ၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ အထွေထွေအတွင်းရေးမှူး စတဲ့ တာဝန်တွေယူထားတဲ့ ဦးအောင်ဆန်းမြင့် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း၊ကောင်းရာသုဂတိမှာငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ​ကြောင်း SCEFကထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook