Connect with us

Hi, what are you looking for?

သတင်း

ဇီးဖြူကုန်းရွာအနီး ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်နှင့်ပျူများကို မိုင်းခွဲတိုက်ခိုက်

ဇီးဖြူကုန်းကျေးရွာသည် စစ်ကောင်စီ တပ်စွဲထားပြီး ပျူအင်အားကောင်းသည့်ရွာတစ်ရွာဖြစ်ကာ ဒေသကာကွယ်ရေးအဖွဲ့များက မကြာခဏ လာရောက်တိုက်ခိုက်လေ့ရှိသည်။

ဇီးဖြူကုန်းစစ်ဆင်ရေးတွင် တွေ့ရသည့် ဒေသကာကွယ်ရေးရဲဘော်များ၊ ဓာတ်ပုံ-ဗိုလ်ကျားရိုင်း
ဇီးဖြူကုန်းစစ်ဆင်ရေးတွင် တွေ့ရသည့် ဒေသကာကွယ်ရေးရဲဘော်များ၊ ဓာတ်ပုံ-ဗိုလ်ကျားရိုင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာအနီး၌ ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ် နှင့်ပျူများအား မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ဗိုလ်ကျားရိုင်း-ရွှေဘို(LPDF) အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယနေ့ (အောက်တိုဘာ၂၁ ရက်) နံနက် ၁၁နာရီ ၄၅ မိနစ်ခန့်က ရွှေဘိုမြို့နယ်ရှိ စစ်ကောင်စီတပ်နှင့်ပျူစောထီး အထိုင်ချထားသော ဇီးဖြူကုန်းကျေးရွာ၊ အရှေ့ဖက်ကန်ဘေး ညောင်ပင်အောက်၌ စစ်တပ်နှင့်ပျူ ကင်းပုန်းဝပ်နေစဥ် ပဒေသာမိုင်း ၅လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်ကျားရိုင်း-ရွှေဘို(LPDF) အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“​ွေးကင်းချရာ ဝပ်ကျင်းချ‌ရာနေရာဗျ။ အဝေးထိန်းနဲ့ခွဲတာပါဗျ။”ဟု ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ပျူ လေးဦးကို ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး သုံးဦးသေဆုံးကာ တစ်ဦးပြင်းထန်ဒဏ်ရာရရှိသွားကြောင်း၊ ထပ်မံရောက်ရှိလာသော စစ်ကောင်စီတပ်နှင့်ပျူများသည် အနီးနားဝန်းကျင်တွင် ရမ်းသမ်းပစ်ခတ်ပြီး ထိခိုက်သေဆုံးသူများအား ထော်လာဂျီဖြင့် တင်ဆောင်သွားခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အဆိုပါ တိုက်ခိုက်မှု့အား ဗိုလ်ကျားရိုင်း-ရွှေဘို (LPDF)၊ C&T Shwebo (LDF)၊BO BA TAW (LDF) ShweBo ၊EYE FOR EYE (PDF)၊ MAGIC DRAGON SHWEBO (LDF)၊မဟူရာ ရွှေဘိုသား (LDF)၊ဗိုလ်မြင်းပျံ (LDF)၊ ShweBo Federal Army (SBFA)၊Snake Eyes (LDF) ၊ Alpha 7 (LDF) ၊ဒေါင်းမာန် ရွှေဘို(LDF)၊ ငါးမည်ရ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ၊ဇာမဏီဒေါင်း (LDF)၊ဇေယျာသွေး ကျားရိုင်း (LDF)၊ရွှေဘို စွန်ရဲ (LDF)၊ MDF – ShweBo၊ဘိန်းဘုရင် ခွန်ဆာ (LDF)နှင့် ရွှေဘိုမြို့နယ် တိုက်နယ် (၂)တပ်ပေါင်းစုရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မဟာမိတ်ညီနောင်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများနှင့်ပတ်သက်၍ ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဇီးဖြူကုန်းကျေးရွာသည် စစ်ကောင်စီ တပ်စွဲထားပြီး ပျူအင်အားကောင်းသည့်ရွာတစ်ရွာဖြစ်ကာ ဒေသကာကွယ်ရေးအဖွဲ့များက မကြာခဏ လာရောက်တိုက်ခိုက်လေ့ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ ဇာဒီပျူ​စောထီးရွာမှာ ကင်းစောင့် နေတဲ့ ပျူစောထီးတဦးကို ကွမ်ယာ​ကြွေးဟန်ပြုပြီး အနီးကပ်ပစ်ခတ်ကာG3 တလက်သိမ်းနိုင်ခဲ့တယ်လို့ ကန့်ဘလူခရိုင်ပကဖ လှုပ်ရှား​ရေးတပ်ရင်းက ဒုတပ်ရင်းမှူးဗိုလ်ပိုင်ချဲက ပြောပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။