Connect with us

Hi, what are you looking for?

သတင်း

ကရင်နီတပ်မတော်​၏(၇၄)ကြိမ်မြောက် စစ်သင်တန်းပိတ်ပွဲ ပြုလုပ်

အကြမ်းဖက်စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီတွင်ဒေသအလိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များစွာဖွဲ့စည်းပြီး ခုခံတိုက်ခိုက်ခဲ့ရာတွင် ကရင်နီတပ်မတော်(KA)သည် ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

ဓာတ်ပုံ - KA
ဓာတ်ပုံ - KA

(၇၄)ကြိမ်မြောက် ကရင်နီအခြေခံစစ်သင်တန်း ပိတ်ပွဲအခမ်းအနားကိုပြုလုပ်ခဲ့ကြောင်း ကရင်နီတပ်မတော် (KA)က ယနေ့(အောက်တိုဘာ၂၂ ရက်)တွင် ထုတ်ပြန် သည်။

ကရင်နီ(ကယားပြည်နယ်)အတွင်း စစ်ရေးပြင်း ထန်နေသော်လည်း စစ်ရေးသင်တန်းများပြုလုပ်ပေးနိုင်ခြင်းသည် ကရင်နီတပ်မတော် အပါအဝင်ဒေသတွင်းစစ်ရေးအရ အားတက်ဖွယ်ဖြစ်ကြောင်း ကရင်နီဒေသခံစစ်ရေး သတင်းရင်းမြစ်က ဆိုသည်။

“အာဏာသိမ်းစစ်တပ်ကို နှစ်ရှည်လများတော်လှန်လာတဲ့ပြီး ပြည်သူနဲ့အတူ ရပ်တည်ချက်ခိုင်မာတဲ့ တပ်မတော်တစ်ခုရှိနေတာက ကရင်နီဒေသအတွက် အင်အားတစ်ခုပါ။နောက်ပြီး အခုထက်ထိစစ်ရေးနဲ့ပတ်သက်လို့ KAရဲ့ အကူအညီက အများကြီးလိုအပ်နေဆဲပဲ”ဟု ၎င်းက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီတွင်ဒေသအလိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များစွာဖွဲ့စည်းပြီး ခုခံတိုက်ခိုက်ခဲ့ရာတွင် ကရင်နီတပ်မတော်(KA)သည် ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်အာဏာရှင်ပြုတ်ကျရေးတွင် မသက်ဆိုင်သလိုနေသည့် လူပုဂ္ဂိုလ်အဖွဲ့အစည်းများမှာ စစ်အာဏာရှင်၏ ကျွန်များဟု ကရင်နီတပ်မတော် ဒုစစ်ဦးစီးချုပ်က ယခုနှစ်သြဂုတ်က ပြောကြားထားဖူးသည်။

ထိုပုဂ္ဂိုလ်များကို အထူးသတိပြုရန်လည်း ၎င်းက ဆိုသည်။

အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်စစ် ကောင်စီကို ခုခံစစ်ဆင်နွှဲနေသည့် နိုင်ငံတစ်ဝန်းရှိဒေသများအနက် ကရင်နီ(ကယား)ပြည်နယ်မှာ နေ့စဥ်တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

လက်ရှိချိန်အထိ ကရင်နီတပ်မတော်(KA)နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) အပါအဝင် ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ် ပေါင်းစုများက နယ်မြေစိုးမိုးမှုများစွာ လုပ်ဆောင်နိုင်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

ပြည်နယ်တပ်မတော်ပေါ်လာဖို့နဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အုတ်မြစ်ခိုင်မာရေး လုပ်ငန်းစဉ်တွေမှာ မဟာမိတ်အင်အားစု‌တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က တိုက်တွန်းပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာ စစ်တပ်က ပြည်သူတွေရဲ့ စားနပ်ရိက္ခာနဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က မေလ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။