Connect with us

Hi, what are you looking for?

သတင်း

ယူနက်စကိုစာရင်းဝင် ဟန်လင်းပျူမြို့ဟောင်းကို စစ်ကောင်စီတပ်စွဲပစ်ခတ်နေ၍ ရွာပေါင်း ၂၀ခန့်မှ ပြည်သူများထွက်ပြေးနေရ

ယမန်နေ့ (အောက်တိုဘာလ ၂၂ ရက်) နံနက်ပိုင်းက စစ်ကောင်စီတ​ပ်သည် ဝက်လက်မြို့နယ်၊ ဟန်လင်းပျူမြို့ဟောင်းကို လက်နက်ကြီးများဖြင့် တရစပ်ပစ်ခတ်ကာ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထွက်ပြေးတိမ်းရှောင်နေရသည့် ဟန်လင်းမြို့ဟောင်းတဝိုက်က ဒေသခံများ၊ဓာတ်ပုံ-Cj
ထွက်ပြေးတိမ်းရှောင်နေရသည့် ဟန်လင်းမြို့ဟောင်းတဝိုက်က ဒေသခံများ၊ဓာတ်ပုံ-Cj

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ကမ္ဘာ့အမွေအနှစ် ယူနက်စကိုစာရင်းဝင် ဟန်လင်းပျူမြို့ဟောင်းကို စစ်ကောင်စီတပ်စွဲပစ်ခတ်နေ၍ ကျေးရွာ ၂၀ခန့်မှ ဒေသခံပြည်သူသောင်းချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (အောက်တိုဘာလ ၂၂ ရက်) နံနက်ပိုင်းက စစ်ကောင်စီတ​ပ်သည် ဝက်လက်မြို့နယ်၊ ဟန်လင်းပျူမြို့ဟောင်းကို လက်နက်ကြီးများဖြင့် တရစပ်ပစ်ခတ်ကာ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ စစ်ကြောင်းသည် ဟန်လင်းပျူမြို့ဟောင်းမှ အနီးဝန်းကျင်ကျေးရွာများအား လက်နက် ကြီးဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်း၊ ဟန်လင်းရွာအပြင် ဆားတောင်ကြီး၊စခန်းသာ၊ပုလဲသွယ်၊မုဆိုးခြုံ၊ဘူတာ၊ဘိုတဲ၊မှတ်ထိ၊သရိုင်၊မင်းကုန်း၊ချောင်းမှီးတို၊ရွာသစ်ကုန်း၊သဲကျွန်း၊ရွှေကျင်၊ကံကြီးတော၊ဇောက်ညမ်းကုန်း၊ဂွေးကုန်း၊တကန်သာ၊ကြိုးကြာ၊ကျောက်မန်းကန် စသည့်ကျေးရွာအများပြားမှ ဒေသခံပြည်သူပေါင်းသောင်းချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

ထွက်ပြေးတိမ်းရှောင်နေရသည့် ဟန်လင်းမြို့ဟောင်းတဝိုက်က ဒေသခံများ၊ဓာတ်ပုံ-Cj
ထွက်ပြေးတိမ်းရှောင်နေရသည့် ဟန်လင်းမြို့ဟောင်းတဝိုက်က ဒေသခံများ၊ဓာတ်ပုံ-Cj

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)သည် ဟန်လင်းပျူမြို့ဟောင်းအပါအဝင် စစ်ကိုင်းတိုင်းအတွင်း၌ စစ်ရေးမဖော်ဆောင်ရမည့် ထိန်းသိမ်းစောင့်ရှောက်ရမည့် အမွေအနှစ်နေရာ ၃၀ကို အောက်တိုဘာ ၁၅ ရက်ကထုတ်ပြန်ခဲ့ပြီး ရက်တစ်ပတ်အကြာတွင် စစ်ကောင်စီတပ်က လာရောက်တပ်စွဲကာ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“စကစအနေနဲ့ကတော့ ဘယ်လိုနေရာဘယ်လိုအခြေနေမျိုးမှာမဆို ဘာမှမစဉ်းစားဘဲ တိုက်ခိုက်မှာပဲဗျ။”ဟု ရွှေဘိုခရိုင်အခြေစိုက် ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

ယနေ့ (အောက်တိုဘာလ ၂၃ ရက်) နံနက်ပိုင်းတွင်မူ ဟန်လင်းပျူ မြို့ဟောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များသည် ပြဿဒ်‌ကျောင်းနှင့် မလားကုန်းရပ်ကွက်ရှိ တိုက်အမြင့်ပေါ်တွင် ကင်းပုန်းနှင့် စနိုက်ပါ တပ်ဆင်ထားကြောင်းWetlet Information Network အဖွဲ့က အသိပေးသည်။

ထွက်ပြေးတိမ်းရှောင်နေရသည့် ဟန်လင်းမြို့ဟောင်းတဝိုက်က ဒေသခံများ၊ဓာတ်ပုံ-Cj
ထွက်ပြေးတိမ်းရှောင်နေရသည့် ဟန်လင်းမြို့ဟောင်းတဝိုက်က ဒေသခံများ၊ဓာတ်ပုံ-Cj

ဟန်လင်းပျူမြို့ဟောင်းတပ်စွဲထားသည့်အခြေအနေနှင့်ပတ်သက်၍ ဒေသကာကွယ်ရေးအဖွဲ့များထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

စစ်ကောင်စီတပ် စစ်ကြောင်းသည် အောက်တိုဘာလ၁၅ရက်ကတည်းက ဝက်လက်နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၀ရွာကျော်ကို မီးရှို့ဖျက်ဆီးခဲ့သော စစ်ကြောင်းဖြစ်သည်။

အဆိုပါ စစ်ကြောင်းသည် ယမန်နေ့ကလည်း ဝက်လက်မြို့နယ် ချောင်းမကြီး(ခ)ချောင်မှီတိုရွာနေလင်မယားနှစ်ဦးအား ပစ်ခတ်ခဲ့ရာ အမျိုးသားဖြစ်သူ သေဆုံးသွားပြီး အမျိုးသမီးမှာ လက်ပြင်အုံ ထိမှန် ဒဏ်ရာရခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အထိနာနေတဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တိုက်ပွဲမှာ စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၄ဦး ထပ်မံ သေဆုံးသွားပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။