Connect with us

Hi, what are you looking for?

သတင်း

မိုးမောက်တိုက်ပွဲ စစ်ကောင်စီတပ် အထိနာ၊ အင်အားဖြည့်တင်းနေဟုဆို

စစ်ကောင်စီဘက်က ထိခိုက်မှုကို အသေးစိတ်မသိရသေးသော်လည်း မြေပြင်တွင် အင်အားအများအပြားတိုးချနေသည်ဟု ဒေသခံများကပြောသည်။

မိုးမောက်တိုက်ပွဲ စစ်ကောင်စီတပ် အထိနာ၊ အင်အားဖြည့်တင်းနေဟုဆို
မိုးမောက်တိုက်ပွဲ စစ်ကောင်စီတပ် အထိနာ၊ အင်အားဖြည့်တင်းနေဟုဆို

ယမန်နေ့က တနေကုန်ဖြစ်ခဲ့သည့် မိုးမောက်တိုက် ပွဲတွင် စစ်ကောင်စီဘက်က အလွန်အထိနာသွားပြီး ယနေ့တွင် အင်အားအများအပြားဖြည့်တင်းနေသည် ဟု ဒေသခံများက ပြောသည်။

“မနေ့က တိုက်ပွဲမှာ ထိခိုက်သေဆုံးတဲ့သူ (စစ်ကောင်စီတပ်ဖွဲ့ဝင်)တွေကို စစ်ကားလေးစီးနဲ့ လာသယ်သွားတယ်။ ဒီနေ့မနက်မှာ စစ်ကားတွေ အများကြီး ထပ်တက်လာတယ်”ဟု မိုးမောက်မြို့ခံတစ်ဦးက ပြောသည်။

ကချင်လွပ်လပ်ရေးတပ်မတော်(KIA)၊ PDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ မိုးမောက်မြို့နယ် လုံဂျာတောင်ပတ်ဝန်းကျင်နှင့် ကျောက်စခန်းပတ်ဝန်းကျင်တွင် ယ‌မန်နေ့(အောက်တိုဘာ ၂၂ ရက်) နံနက်မှစတင်၍ ယနေ့(အောက်တိုဘာ ၂၃ ရက်)နံနက် ၄နာရီခန့်အထိ တိုက်ပွဲဖြစ်ခဲ့သည်။

ယမန်နေ့ညနေပိုင်းကလည်း စစ်ကောင်စီက တိုက် လေယာဉ် လေးစင်းဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု မျက်မြင်ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်ကောင်စီဘက်က ထိခိုက်မှုကို အသေးစိတ်မသိရသေးသော်လည်း မြေပြင်တွင် အင်အားအများအပြားတိုးချနေသည်ဟု ဒေသခံများကပြောသည်။

“လုံဂျာတောင်ဘက်ကို ကားတွေတက်သွားတာ အများကြီးပဲ။ တိုက်ပွဲက ပိုပြင်းထန်လာမယ်ထင်တယ်”ဟု ‌မိုးမောက်မြို့ခံတစ်ဦးက ပြောသည်။

တိုက်ပွဲပြင်းထန်လာမည့်အခြေအနေကြောင့် မိုးမောက်မြို့ခံအချို့သည် ဗန်းမော်မြို့ပေါ်သို့ လာ ရောက်တိမ်းရှောင်နေကြသည်။ လတ်တလော ‌ဒေသတွင်း အခြေအနေများနှင့် ပတ်သက်၍ မေးမြန်းရန် KIAပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နော်ဘူအား ဆက်သွယ်သော်လည်း ဆက်သွယ်၍မရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။