Connect with us

Hi, what are you looking for?

သတင်း

မြောင်တွင် လက်နက်ကိုင်ရမ်းကားလူတစ်စု၏ သတ်ဖြတ်ခြင်းခံခဲ့ရသည့် ရဲဘော်တစ်ဦး၏စျာပန ပြည်သူအများအပြားလိုက်ပါပို့ဆောင်

ကျဆုံးရဲဘော်သည် မုံရွာမြို့ဇာတိ ပညာတက်လူငယ်တစ်ဦးဖြစ်ပြီး ပရဟိတအလုပ်များဖြင့် ရပ်ကျိုးရွာအကျိုးအား သွန်ခွန်စိုက်လုပ်ကိုင်ခဲ့သူ ဖြစ်သည်။

ကျဆုံးရဲဘော်၏ စျာပနအား တွေ့ရစဥ်၊ ဓာတ်ပုံ-ကိုနွေဦး(မြောင်)
ကျဆုံးရဲဘော်၏ စျာပနအား တွေ့ရစဥ်၊ ဓာတ်ပုံ-ကိုနွေဦး(မြောင်)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် လက်နက်ကိုင်ရမ်းကားသူ လူတစ်စုက သတ်ဖြတ်ခဲ့၍ ကျဆုံးခဲ့သည့် ရဲဘော်တစ်ဦး၏ စျာပနအား ယနေ့ပြုလုပ်ခဲ့ရာ ဒေသခံပြည်သူအများအပြား လိုက်ပါပို့ဆောင်ခဲ့ကြသည်။

အောက်တိုဘာ ၁၇ရက် ညပိုင်းက တော်လှန်ရေးအယောင်ပြ လက်နက်ကိုင်သောင်းကျန်းနေသူလူတစ်စု၏ သတ်ဖြတ်ခြင်းခံခဲ့ရသည့် အသက် (၂၃)နှစ်အရွယ် ရဲဘော်အောင်ခိုင်သူ၏ စျာပနအခမ်းအနားအား ယနေ့ ပြုလုပ်ခဲ့သည်။

ကျဆုံးရဲဘော်သည် မုံရွာမြို့ဇာတိ ပညာတက်လူငယ်တစ်ဦးဖြစ်ပြီး ပရဟိတအလုပ်များဖြင့် ရပ်ကျိုးရွာအကျိုးအား သွန်ခွန်စိုက်လုပ်ကိုင်ခဲ့သူ ဖြစ်သည်။

တော်လှန်ရေးကာလ ၎င်းဖခင်၏မွေးရပ်မြေ မြောင်မြို့နယ်သို့လာရောက်ကာ အာဏာရှင်ဆန့်ကျင်ရေးလုပ်ငန်းများ အဆက်မပျက်လုပ်ကိုင်ခဲ့သူဖြစ်ကြောင်း၊ သို့သော် မသမာသူ လူတစ်စု၏ အယုံသွင်းကာ ငွေယူ လူသတ်အလောင်းဖျောက်ဖြတ်ခြင်းခံလိုက်ရသူဖြစ်ကြောင်း CDSOMက အသိပေးသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

၎င်းရဲဘော်အား တော်လှန်ရေးအရေခြုံလက်နက်ကိုင်လူတစ်စုက လက်နက်ဝယ်ယူပေးမည်ဟုအကြောင်းပြကာ ငွေကိုလိမ်လည်ယူပြီး လူသတ်သွားခြင်းဖြစ်ကြောင်း၊ ၎င်းအဖွဲ့ကိုလည်း ဖမ်းဆီးထားနိုင်ပြီဖြစ်ကြောင်း CDSOM အဖွဲ့က အသိပေးထားသည်။

မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ CDSOMနှင့် တော်လှန်ရေးအင်အားစုများက သူရဲကောင်းနှင့် ထိုက်တန်သောအလေးပြု အခမ်းအနား​ဖြင့်ဂုဏ်ပြုခဲ့ကြသည်ဟု အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းတိုင်းရင်းသား ခရစ်ယာန် သင်းအုပ်ဆရာ တစ်ဦးကို အာဏာသိမ်း မြန်မာစစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း Burma Research Institute (BRI)က ပြောဆိုခဲ့ပြီး စစ်တပ်ရဲ့ ဖိနှိပ်မှုကို ခံနေရတဲ့ မြန်မာ ခရစ်ယာန် အသိုက်အဝန်းကို ကူညီ ကာကွယ်ပေးဖို့ အမေရိကန် အစိုးရကို တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။