Connect with us

Hi, what are you looking for?

သတင်း

ဘုတလင်နယ် မကျီးအုပ်ရွာကို စစ်ကောင်စီတ​ပ်ဝင်ရောက်ပစ်ခတ်၍ ဒေသခံတစ်ဦးသေ၊ သုံးဦးဒဏ်ရာရ

Myanmar Defense Force အဖွဲ့ ပြန်ကြားရေးတာဝန်ခံက လည်း”အဲဘက် စခန်းစီးခံရတယ် သတင်းကြားမိတယ်ဗျ။ ကျွန်တော်တို့ဘက်ကဆို အရှေ့ဘက်ကျမယ်ဗျ။”ဟု ပြောသည်။

ဘုတလင်နယ် မကျီးအုပ်ရွာကို စစ်ကောင်စီတ​ပ်ဝင်ရောက်ပစ်ခတ်၍ ဒေသခံတစ်ဦးသေ၊ သုံးဦးဒဏ်ရာရ
ဘုတလင်နယ် မကျီးအုပ်ရွာကို စစ်ကောင်စီတ​ပ်ဝင်ရောက်ပစ်ခတ်၍ ဒေသခံတစ်ဦးသေ၊ သုံးဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ရှိ မကျီးအုပ်ကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့၍ ဒေသခံအမျိုးသမီးတစ်ဦးသေဆုံးကာ သားအမိသုံးဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (အောက်တိုဘာ ၂၅ ရက်) နံနက် ၅နာရီခန့်က ဘုတလင်မြို့နယ်၊ မကျီးအုပ်ကျေးရွာကို စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ သားအမိသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့နောက် ကျေးရွာအတွင်းသို့ ပစ်ခတ်ဝင်ရောက်ခဲ့ရာ အမျိုးသမီးတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ကြောင်း ဘုတလင်မြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထို့အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးလည်း ကျဆုံးခဲ့သည်ဟုဆိုပြီး သတင်းထွက်ပေါ်သော်လည်း ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

“ဘုတလင်ကနေပေါက်ဆိန်ပေါက်ရွာဘက်ကနေ ဝင်တာလို့သိရပါတယ်။ ပြည်သူ့ရဲဘော်တစ်ဦးကျတာနဲ့ပတ်သက်ပြီး ဘာကြောင့်ဆိုတာ မသိရသေးပါဘူးဗျ။”ဟု ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

Myanmar Defense Force အဖွဲ့ ပြန်ကြားရေးတာဝန်ခံက လည်း”အဲဘက် စခန်းစီးခံရတယ် သတင်းကြားမိတယ်ဗျ။ ကျွန်တော်တို့ဘက်ကဆို အရှေ့ဘက်ကျမယ်ဗျ။”ဟု ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်သည် နံနက် ၁၀ နာရီဝန်းကျင်တွင် ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၅ ရက်နံနက်ပိုင်းကလည်း MDF -ဘုတလင်တပ်ခွဲ၏ ကင်းတဲတစ်ခုအား စစ်ကောင်စီတပ်က အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့၍ ရဲဘော်နှစ်ဦး ကျဆုံးခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ဇူလိုင် ၂၆၊ ၂၀၂၆။People’s Spring ဘုတလင်မြို့နယ်မှာ ကျောင်းသားသမဂ္ဂရုံးခန်း စီးနင်းခံရပြီး ဗကသရဲဘော် ၃ဦး သတ်ဖြတ်ခံခဲ့ရတဲ့ဖြစ်စဥ် (၃)နှစ်ပြည့်အနေနဲ့ စစ် အာဏာရှင် စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂၀၂၃ ဇူလိုင် ၂၈ ရက်နေ့ မနက်ပိုင်းက ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ရဲ့...