Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေးမြို့၌ ယနေ့တစ်ရက်တည်း လူစည်ကားရာနေရာများရှိ မိုဘိုင်းဖုန်းဆိုင်နှစ်ဆိုင် ဓားပြတိုက်ခံရ

ထိုအပြင်ဖားကန့်တွင်ဗုံးကျဲ၍ အနာပညာရှင်နှင့်ပြည်သူများအပါအဝင်အများအပြား​သေဆုံး​စေခဲ့​သောဖြစ်ရပ်ကို ပြည်သူများအာရုံစိုက်မှုနည်းလာ​စေရန် ယခုရက်ပိုင်း အာရုံ​ပြောင်း​စေမည့်သတင်းများ၊ဖြစ်ရပ်များကိုဖန်တီးနိုင်​ကြောင်းလည်းပြည်သူတစ်ဦးက​ပြောသည်။

(ကျပ်သိန်း၇၀၀ ကျော်ဖိုးဖုန်းများပါသွားသော မိုဘိုင်းဖုန်းဆိုင်အား တွေ့ရစဥ်၊ဓာတ်ပုံ-AZ)
(ကျပ်သိန်း၇၀၀ ကျော်ဖိုးဖုန်းများပါသွားသော မိုဘိုင်းဖုန်းဆိုင်အား တွေ့ရစဥ်၊ဓာတ်ပုံ-AZ)

▪︎ကျူးလွန်သူများမှာ စစ်​ကောင်စီစစ်​ကောင်စီတပ်နှင့်အနွှယ်များသာဖြစ်နိုင်ဟု​ဒေသခံအချို့ ​ပြော

မန္တလေးမြို့တွင် ယနေ့တစ်ရက်တည်း လူစည်ကားရာနေရာများရှိ မိုဘိုင်းဖုန်းဆိုင်နှစ်ဆိုင် နေ့ခင်းကြောင်တောင် ဓားပြတိုက်ခံရကြောင်း မြို့ခံများက ပြောသည်။

ယနေ့(အောက်တိုဘာ၂၅ ရက်) မွန်းလွဲပိုင်းက မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ဦးပွားကုန်းကျော်အနောက်ဘက်အဆင်း ငါးစို့တိုက်အနီးရှိ မိုဘိုင်းဖုန်းဆိုင်တစ်ဆိုင်အား ဓါးပြတိုက်ခံရခြင်းဖြစ်ကာ ဖုန်းအလုံးရေ ၁၀၀ကျော်၊ ကျပ်သိန်း ၇၀၀ကျော်ဖိုးပါသွားကြောင်း ဆိုင်ရှင်နှင့် နီးစပ်များက ပြောသည်။

“ကျွန်တော့်ဆိုင်က အမြင့်ဖုန်းတွေအကုန် လူ ၉ယောက်လောက်လာပြီး ဓားပြဝင်တိုက်သွားတယ်။ဆိုင်ရှိဖုန်း အကုန်ပဲပြောပါတော့။”ဟု ဆိုင်ရှင်က လူမှုကွန်ရက်တွင် အသိပေးထားသည်။

အဆိုပါ ဖုန်းဆိုင်ဝန်းကျင်မှာ လူသွားလူလာမပြတ်စည်ကားပြီး စစ်ကောင်စီတပ်သားများ မကြာခဏ ကင်းစောင့်လေ့ရှိသည့်နေရာတစ်ခုဖြစ်ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

အလားတူ ယနေ့၌ပင် မန္တလေးမြို့တွင်း မဟာအောင်မြေမြို့နယ်၊ (၆၉)လမ်း ၊(၃၈)လမ်းနှင့် (၃၉) လမ်းကြား၊ မန္တလေးတက္ကသိုလ်အနီးရှိ မိုဘိုင်းဖုန်းဆိုင်တစ်ဆိုင်ကိုလည်း လူတစ်စုက ဓားပြဝင်တိုက်သွားကြောင်း မြို့ခံများက ပြောသည်။

“ဖုန်းဆိုင်မှာ သေနတ်တုပြပြီး ဓားပြတိုက်လို့ပါ။ လာတာကတစ်ယောက်တည်း သေနတ်အတုမှန်းသိပီးပတ်ဝန်းကျင်ကပါဝိုင်းဖမ်းပေးလို့ ဘာမှမပါသွားဘူး။”ဟု ဆိုင်ရှင်က လူမှုကွန်ရက်တွင် ရေးသားထားသည်။

စစ်ကောင်စီတပ်သားများက အာဏာသိမ်းပြီးနောက် မန္တလေးမြို့ပေါ်တွင် ခိုးဆိုးလုယက် ဓားပြတိုက်ဖြစ်စဥ်များ၊ လူသတ်အလောင်းဖျောက်မှုများ နေ့စဥ်ဖြစ်ပွားနေသည်။

ယခုဖြစ်ပွား​သော ဦးပွားကုန်း​ကျော်အ​နောက်ဘက်ဖြစ်စဥ်တွင်လည်း လူစည်ကားပြီး စစ်​ကောင်စီတပ်သားများလုံခြုံ​ရေးယူ​လေ့ရှိ​​သော​နေရာအနီးတွင် အုပ်စုလိုက်လာ​ရောက်ဓါပြတိုက်ခြင်းမှာစစ်​ကောင်စီ တပ်သားများမပါဝင် မပတ်သပ်ဘဲမဖြစ်နိုင်​ကြောင်း​ဒေသခံအချို့က​ပြောသည်။မြို့ပြ​ပြောက်ကျားတပ်ဖွဲ့ဝင်များ ၊PDF များ အ​ရေအတွက်နည်းနည်းဖြင့်စစ်ဆင်​ရေးပြုလုပ်ရန်ပင် စစ်​ကောင်စီလုံခြုံ​ရေးများ​ကြောင့်ခက်ခဲ​သောအ​ခြေအ​နေတွင် အုပ်စုလိုက် မြို့ထဲဓါးပြတိုက်ခြင်းမှာ မည်သူကျူးလွန်​ကြောင်း၊မည်သူနှင်ွဆက်စပ်​ကြောင်းအလွယ်သိနိုင်သည်ဟုပြည်သူတစ်ဦးကလည်း​ပြောသည်။

“အမျိုးသားရေးသမားတွေနဲ့ စခတွေ လူမိုက်ဂိုဏ်းတွေပေါင်းပြီး လုပ်စားနေကြတာ။ ဘယ်ကထွက်လဲဆိုရင်တော့ နန်းတွင်းထဲဝင်ကြည့်ကြ။”ဟု မန္တလေးမြို့ခံတစ်ဦးက မှတ်ချက်ပြုသည်။

ထိုအပြင်ဖားကန့်တွင်ဗုံးကျဲ၍ အနာပညာရှင်နှင့်ပြည်သူများအပါအဝင်အများအပြား​သေဆုံး​စေခဲ့​သောဖြစ်ရပ်ကို ပြည်သူများအာရုံစိုက်မှုနည်းလာ​စေရန် ယခုရက်ပိုင်း အာရုံ​ပြောင်း​စေမည့်သတင်းများ၊ဖြစ်ရပ်များကိုဖန်တီးနိုင်​ကြောင်းလည်းပြည်သူတစ်ဦးက​ပြောသည်။

“​ကော့ကရိတ် တိုက်ပွဲရယ် ၊ FAFT ကမြန်မာကို အမည်ပျက်စာရင်းသွင်းလိုက်ချိန်မှာ အဲသတင်း​တွေကို ဖုံးဖို့ စစ်​ကောင်စီက လိင်​​ဖျော်​ဖြေ​ရေးအရုပ်နှစ်ရုပ်ကို ​ရွှေတိဂုံဘုရားမှာရင်​ငွေ့လှုံ့ခိုင်းပြီး ပြည်သူ​တွေကို အာရုံ​ပြောင်းခဲ့တယ်။ပြီးမှ သူကအရးယူတယ်ဆိုတဲ့ပုံစံနဲ့ ကယ်တင်ရှင်လုပ်တာ။အခုလည်း ဖားကန့်မြို့နယ်ကအနန့်ပါဗုံးကျဲမှု​ကြောင့်တော်လှန်​ရေးအဖွဲ့​တွေ အ​တော်​လေးခံပြင်းပြီး အရှိန်မြှင့်ကြဖို့​ပြောချိန်မှာ အဲသတင်း​တွေဖုံးချိန်မှာ မ​နေ့ညက အကြည်​တော်​သေပြီးဆိုပြီး စစ်​ကောင်စီဝါဒဖြန့်အ​ကောင့်​တွေကစဖွတယ်။အခုလည်းမန္တ​လေးမှာထူးထူးဆန်းဆန်းအမှု​တွေ​ပေါ်လာတယ်။ ပြီးရင်စစ်​ကောင်စီက ဘယ်နှစ်နာရီအတွင်းဖမ်းဆီးအ​ရေးယူတယ်လုပ်ဦးမယ်။ဒါ​တွေက စစ်​ကောင်စီလုပ်​နေကြ​တွေပါ”ဟုပြည်သူတစ်ဦးကလည်း​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့အပြင် ပုသိမ်၊ နေပြည်တော်၊ ပဲခူးရုံးခွဲတို့၏ ပတ်စ်ပို့လုပ်ငန်းများကိုလည်း ဝက်ဘ်ဆိုက်၌ ကြိုတင် စာရင်းသွင်းနိုင်သည်ဟု စစ်ကောင်စီက ဆိုသည်။

ဆောင်းပါး

စစ်ကောင်စီအသက်သွင်းလိုက်သည့် စစ်မှုထမ်းဥပဒေသည် နိုင်ငံတွင်းရှိ ယောင်ဝါးဝါးနေနေသော ပြည်သူအချို့အား ဘက်တစ်ဘက်၌ ခြေစုံချရပ်ရန် သတိပေးလိုက်ခြင်းပင်ဖြစ်သည်ဟုပြည်သူများက​ပြောသည်။

သတင်း

အောင်မြေသာဇံမြို့နယ်ရှိ Black Panther မှန်မကွဲအရောင်းဆိုင်၌ မီးလောင်မှုဖြစ်ခဲ့ရာ ၃နာရီခန့် မီးငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်သည်။

သတင်း

ဓားပြတိုက်မှုကြောင့် ကျပ်သိန်း ၃,၀၀၀ခန့်ပါသွားကြောင်းလည်း ဒေသခံများက ပြောသည်။ သို့သော် မည်မျှအရေအတွက်ပါသွားသည်ကို လူထုနွေဦးက အတည်မပြုနိုင်သေးပေ။