Connect with us

Hi, what are you looking for?

သတင်း

ပေါက်ခေါင်းမှာ ငွေချေးကုမ္ပဏီက အမျိုးသမီး သတ်ဖြတ်ခံရ

သတ်ဖြတ်ခံထားရတဲ့အလောင်းရဲ့လည်ပင်းမှာ ပြတ်ရှထားတဲ့ ဒဏ်ရာ တွေ့ရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေကလည်းဖော်ပြကြပါတယ်။

ဓာတ်ပုံ − လူမှုကွန်ရက်
ဓာတ်ပုံ − လူမှုကွန်ရက်

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်အတွင်း မနေ့နေ့လယ်ပိုင်း ချေးငွေကောက်ပြီးပြန်လာတဲ့ ပုဂ္ဂလိက ငွေချေးကုမ္ပဏီ တစ်ခု ရဲ့ ချေးငွေ အရာရှိ အမျိုးသမီး သတ်ဖြတ်ခံလိုက်ရပါတယ်။

သတ်ဖြတ်ခံရတဲ့ အမျိုးသမီးဟာ Early Dawn Microfinance ပေါက်ခေါင်းဌာနခွဲမှ အသက် ၃၃ နှစ်အရွယ် ချေးငွေအရာရှိ မစန်းစန်းမော် ဖြစ်တယ်လို့ အဲဒီကုမ္ပဏီကလည်းအသိပေးထားပါတယ်။

ပဲခူးတိုင်းအနောက်ခြမ်း သဲကုန်းမြို့နယ် ၊သီးကုန်းကျေးရွာနေသူ မစန်းစန်းမော်ဟာမနေ့ကနေ့လယ်ပိုင်း ၂ နာရီဝန်းကျင်က ရှားစီးဖိုကျေးရွာ မှာ ချေးငွေသိမ်းဆည်းပြန်လာချိန် ရှားစီးဖို − ပေါက်ခေါင်း ကားလမ်းမှာ သတ်ဖြတ်ခံလိုက်ရတာပါ။

သတ်ဖြတ်ခံထားရတဲ့အလောင်းရဲ့လည်ပင်းမှာ ပြတ်ရှထားတဲ့ ဒဏ်ရာ တွေ့ရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေကလည်းဖော်ပြကြပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။

သတင်း

နိုင်ငံတကာက မြန်မာနဲ့ သံတမန်ရေး ထိတွေ့မှုတွေကို မြှင့်တင်ဖို့ ခြေလှမ်းပြင်လာချိန်မှာပဲ အာဏာသိမ်း စစ်တပ်ကမြန်မာပြည်သူတွေအပေါ် သတ်ဖြတ်မှုတွေလျော့ပါးမသွားတဲ့အပြင်ပိုပြီးတောင်ဆိုးရွားလာနေတယ်လို့ နိုင်ငံတကာ လေ့လာစောင့်ကြည့်မှု အဖွဲ့တစ်ခုက ထောက်ပြခဲ့ပါတယ်။

သတင်း

ကျူးလွန်သူကိုထိထိရောက်ရောက်အရေးယူ၊ အပြစ်ပေးဖို့အရပ်ဖက်အဖွဲ့တွေနဲ့ ပြည်သူတွေတောင်းဆို

သတင်း

မြန်မာစစ်တပ်နဲ့ ပတ်သက် ဆက်နွှယ်တဲ့ နိုင်ငံတကာကုမ္ပဏီပေါင်းတွေ စာရင်းထဲမှာ နောက်ထပ် ၅၃ ခုကို Burma Campaign UKက ထပ်မံဖြည့်တင်းလိုက်ပါတယ်။