Connect with us

Hi, what are you looking for?

သတင်း

KNU တပ်မဟာ(၅)နယ်မြေတွင် အောက်တိုဘာလအတွင်းတိုက်ပွဲ ၁၃၀ကျော်ဖြစ်၊ စစ်ကောင်စီနှင့် BGF ၈၀ခန့်သေ

ပြီးခဲ့သည့် တစ်လအတွင်းတိုက်ပွဲပေါင်း ၁၃၆ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးသူများထဲ၌ အရာခံ ဗိုလ်တစ်ဦး၊ တပ်စိတ်မှူးတစ်ဦး ပါသည်ဟု ဖော်ပြထားသည်။

KNLA တပ်သားနှစ်ဦးအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဉ်၊ ဓာတ်ပုံ - Salweenpress
KNLA တပ်သားနှစ်ဦးအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဉ်၊ ဓာတ်ပုံ - Salweenpress

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅) နယ်မြေ ဖာပွန်ခရိုင်၌ အောက်တိုဘာလအတွင်း တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်နှင့် ၎င်း၏လက်အောက်ခံ နယ်ခြားစောင့်တပ်(BGF) မှ ၇၉ဦးသေဆုံးကာ ၆၄ဦးဒဏ်ရာရခဲ့ကြောင်း တပ်မဟာ(၅)က သတင်းထုတ်ပြန် သည်။

ပြီးခဲ့သည့် တစ်လအတွင်းတိုက်ပွဲပေါင်း ၁၃၆ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးသူများထဲ၌ အရာခံ ဗိုလ်တစ်ဦး၊ တပ်စိတ်မှူးတစ်ဦး ပါသည်ဟု ဖော်ပြထားသည်။

အဆိုပါတိုက်ပွဲများအတွင်း တပ်မဟာ(၅)ဘက်က ဒဏ်ရာရသူ ၁၆ဦး ရှိခဲ့သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

တိုက်ပွဲဖြစ်ပွားချိန် စစ်ကောင်စီတပ်က ဒေသခံ ရွာသူရွာသားများအားပစ်မှတ်ထား တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီး လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုလည်း လုပ်ဆောင်ခဲ့ကြောင်း တပ်မဟာ (၅)က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီနှင့် BGFတပ်များက အရပ်သားများကို ပစ်ခတ်သတ်ဖြတ်ခဲ့၍ အရပ်သားရှစ်ဦး သေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့ကြောင်း၊ နေအိမ် ၁၀လုံးမီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း အသိပေးထားသည်။

အောက်တိုဘာလအတွင်း၌ စစ်ကောင်စီတပ်က အလင်းဝင်ရောက်လာသူ သုံးဦးရှိခဲ့ကြောင်း KNU တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။