Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

KNU တပ်မဟာ(၅)နယ်မြေတွင် အောက်တိုဘာလအတွင်းတိုက်ပွဲ ၁၃၀ကျော်ဖြစ်၊ စစ်ကောင်စီနှင့် BGF ၈၀ခန့်သေ

ပြီးခဲ့သည့် တစ်လအတွင်းတိုက်ပွဲပေါင်း ၁၃၆ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးသူများထဲ၌ အရာခံ ဗိုလ်တစ်ဦး၊ တပ်စိတ်မှူးတစ်ဦး ပါသည်ဟု ဖော်ပြထားသည်။

KNLA တပ်သားနှစ်ဦးအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဉ်၊ ဓာတ်ပုံ - Salweenpress
KNLA တပ်သားနှစ်ဦးအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဉ်၊ ဓာတ်ပုံ - Salweenpress

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅) နယ်မြေ ဖာပွန်ခရိုင်၌ အောက်တိုဘာလအတွင်း တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်နှင့် ၎င်း၏လက်အောက်ခံ နယ်ခြားစောင့်တပ်(BGF) မှ ၇၉ဦးသေဆုံးကာ ၆၄ဦးဒဏ်ရာရခဲ့ကြောင်း တပ်မဟာ(၅)က သတင်းထုတ်ပြန် သည်။

ပြီးခဲ့သည့် တစ်လအတွင်းတိုက်ပွဲပေါင်း ၁၃၆ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးသူများထဲ၌ အရာခံ ဗိုလ်တစ်ဦး၊ တပ်စိတ်မှူးတစ်ဦး ပါသည်ဟု ဖော်ပြထားသည်။

အဆိုပါတိုက်ပွဲများအတွင်း တပ်မဟာ(၅)ဘက်က ဒဏ်ရာရသူ ၁၆ဦး ရှိခဲ့သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

တိုက်ပွဲဖြစ်ပွားချိန် စစ်ကောင်စီတပ်က ဒေသခံ ရွာသူရွာသားများအားပစ်မှတ်ထား တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီး လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုလည်း လုပ်ဆောင်ခဲ့ကြောင်း တပ်မဟာ (၅)က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီနှင့် BGFတပ်များက အရပ်သားများကို ပစ်ခတ်သတ်ဖြတ်ခဲ့၍ အရပ်သားရှစ်ဦး သေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့ကြောင်း၊ နေအိမ် ၁၀လုံးမီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း အသိပေးထားသည်။

အောက်တိုဘာလအတွင်း၌ စစ်ကောင်စီတပ်က အလင်းဝင်ရောက်လာသူ သုံးဦးရှိခဲ့ကြောင်း KNU တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။