Connect with us

Hi, what are you looking for?

သတင်း

မြိုင်တွင် မြေပဲဖော်နေသည့်တောင်သူများကို ပျူများက ပစ်ခတ်နေ

ကန်နီရွာသည် မြိုင်နယ်အတွင်း ပျူအင်အားကောင်းရာရွာတစ်ရွာဖြစ်ပြီး စစ်ကောင်စီတပ်နှင့်ပူးပေါင်းကာ ဒေသတွင်းကျေးရွာများအား ဝင်ရောက်ဖျက်ဆီးမီးရှို့မှုများ ပြုလုပ်နေသည်။

(စစ်ဆင်ရေးတစ်ခုတွင် တာဝေးပစ်Rocketများနှင့်အတူ တွေ့ရသည့် MVRFရဲဘော်များ၊ ဓာတ်ပုံ-MVRF)
(စစ်ဆင်ရေးတစ်ခုတွင် တာဝေးပစ်Rocketများနှင့်အတူ တွေ့ရသည့် MVRFရဲဘော်များ၊ ဓာတ်ပုံ-MVRF)

▪️ပျူရွာကို တာဝေးပစ်ရော့ကတ်များဖြင့် MVRF တိုက်ခိုက်

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် မြေပဲဖော်နေသည့်ဒေသခံ တောင်သူများကိုပစ်ခတ်ခဲ့သည့် ကန်နီကျေးရွာရှိ ပျူစောထီးများကို တာဝေးပစ်ရှော့ကတ် များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြိုင်မြို့နယ် ကျေးရွာများတော်လှန်ရေးတပ်ဦး(MVRF) ဥက္ကဌဦးအောင်ဇေယျက ပြောသည်။

ယမန်နေ့ (နိုဝင်ဘာ ၃ ရက်) ည ၉နာရီခန့်ကမကွေးတိုင်း မြိုင်မြို့နယ်ရှိ ပျူစောထီးအင်အားကောင်းရာ ကန်နီရွာကို Myaing Villages Revolution Front – MVRF တပ်ရင်းနှင့် MRTF တပ်ဖွဲ့တို့ ပူးပေါင်းပြီး ရော့ကတ်များဖြင့် ကန်နီရွာအတွင်းသို့ ပစ်သွင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

ကန်နီရွာရှိ ပျူများသည် အနီးနားရှိ ကျေးရွာများက မြေပဲသီးနှံဖော်နေသော ဒေသခံတောင်သူများကို လက်နက်ငယ်များဖြင့် လိုက်လံပစ်ခတ်ခဲ့သည့် အတွက် တုံ့ပြန်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း MVRF ဥက္ကဌဦးအောင်ဇေယျက ပြောသည်။

Public Service Announcement
Public Service Announcement

“ကန်နီရွာရဲ့ပတ်ချာလည်က ပြည်သူတွေတောင်သူတွေ သီးနှံစိုက်ပျိုးခွင့်မရအောင် သိမ်းဆည်းခွင့်မရအောင် ဒုက္ခပေးနေတာက အခုမှမဟုတ်ဘူး။ ပြီးခဲ့တဲ့ မိုးဦးရာသီ နှမ်းသီးနှံသိမ်းစဥ်ကာလကလည်း အနီးနားက ကျေးရွာတွေက တောင်သူတွေကို လိုက်လံပစ်ခတ်တဲ့အတွက်ကြောင့် သီးနှံမသိမ်းဆည်းလိုက်ရဘဲ ဆုံးရှုံးသွားတဲ့ မြေဧကပေါင်း လေးဆယ်ခန့်ဆုံးရှုံးတာတွေရှိတယ်။ အခုလည်းပဲထပ်ပြီးတော့ မြေပဲသီးနှံပေါ့။ ရာသီသီးနှံသိမ်းစဥ်မှာ သူတို့လုပ်နေကျအတိုင်း ပြည်သူကိုဒုက္ခပေးတယ် ပစ်ခတ်တဲ့အတွက်ကြောင့် မဟာမိတ်တွေနဲ့ပေါင်းပြီး ပွဲကတာပါ။”ဟု ဦးအောင်ဇေယျက ပြောကြားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ကောင်စီဘက်က အထိအခိုက်များကို လက်တလော မသိရသေးကြောင်း ၎င်းက ပြော သည်။

ကန်နီရွာသည် မြိုင်နယ်အတွင်း ပျူအင်အားကောင်းရာရွာတစ်ရွာဖြစ်ပြီး စစ်ကောင်စီတပ်နှင့်ပူးပေါင်းကာ ဒေသတွင်းကျေးရွာများအား ဝင်ရောက်ဖျက်ဆီးမီးရှို့မှုများ ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က စစ်ကြောင်းတွေ မြိုင်မြို့နယ်က တွင်းမပြည်သူ့စစ်ကျေးရွာကို ဦးတည်လာနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊မြိုင်မြို့နယ်ကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။