Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေးသံဃသမဂ္ဂ ဦးဆောင်ဆရာတော်တစ်ပါးကိုမတွေ့လို့မသက်ဆိုင်တဲ့ ဦးဇင်း နှစ်ပါးကို စစ်အုပ်စုဖမ်းဆီး

နိုဝင်ဘာလ ၂ ရက်နေ့ မွန်းလွဲပိုင်း ၁ နာရီခန့်က မန္တလေးမိုးကောင်းကျောင်းတိုက်ထဲကို စစ်အုပ်စုဟာ ဝင်ရောက်ကာ သံဃသမဂ္ဂ ဦးဆောင် ဆရာတော် တစ်ပါးကို ဝင်ဖမ်းခဲ့တာပါ။

မန္တလေးသံဃသမဂ္ဂ ဦးဆောင်ဆရာတော်တစ်ပါးကိုမတွေ့လို့မသက်ဆိုင်တဲ့ ဦးဇင်း နှစ်ပါးကို စစ်အုပ်စုဖမ်းဆီး
မန္တလေးသံဃသမဂ္ဂ ဦးဆောင်ဆရာတော်တစ်ပါးကိုမတွေ့လို့မသက်ဆိုင်တဲ့ ဦးဇင်း နှစ်ပါးကို စစ်အုပ်စုဖမ်းဆီး

စစ်အာဏာရှင်ဆန့်ကျင်ရေး မန္တလေးသံဃသမဂ္ဂ က ဦးဆောင် ဆရာတော် ကို ဖမ်းမမိတာကြောင့် အခြားသောာ ဦးဇင်း နှစ် ပါးကို ပြန်ပေးဆွဲသလို စစ်အုပ်စုဟာ ဖမ်းဆီးသွားတယ်လို့ သံဃသမဂ္ဂ( မန္တလေး)ကထုတ်ပြန်ပါတယ်။

နိုဝင်ဘာလ ၂ ရက်နေ့ မွန်းလွဲပိုင်း ၁ နာရီခန့်က မန္တလေးမိုးကောင်းကျောင်းတိုက်ထဲကို စစ်အုပ်စုဟာ ဝင်ရောက်ကာ သံဃသမဂ္ဂ ဦးဆောင် ဆရာတော် တစ်ပါးကို ဝင်ဖမ်းခဲ့တာပါ။

ဒါပေမယ့် မတွေ့တာကြောင့် ညပိုင်း ၇ နာရီမှာ ထပ်လာပြီး စာသင်နေတဲ့ အခြားသော ဦးဇင်း နှစ်ပါးကို စစ်မေးစရာရှိလို့ ခဏခေါ်သွားမယ်မယ်ဆိုကာဖမ်းဆီးသွားတာလို့ သိရပါတယ်။

အဲဒီ ဦးဇင်း နှစ်ပါးဟာ သံဃသမဂ္ဂ(မန္တလေး) နဲ့ပတ်သက်ဆက်နွယ်သူတွေမဟုတ်ပေမယ့် ဖမ်းဆီးပြီး လေးရက်အကြာ ဒီနေ့ နိုဝင်ဘာလ ၆ ရက်အထိ ပြန်လွှတ်ပေးတာမရှိသေးပါဘူး။

Public Service Announcement

Public Service Announcement

ဖမ်းဆီးသွားတဲ့ ဦးဇင်းနှစ်ပါး ရဲ့ ကျန်းမာရေးနဲ့အသက်အန္တရာယ်တစုံတရာ ဖြစ်ခဲ့ရင် အကြမ်းဖက်ဖမ်းဆီးခဲ့သူတွေ တာဝန်ယူရမယ်လို့လည်းသတိပေးထားပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့အောက်တိုဘာလ ၃၀ ရက်ကလည်း သံဃသမဂ္ဂ(မန္တလေး) ရဲ့ ဦးဇင်း ဦးကလျာဏကို ဖမ်းဆီးခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့အပြင် ပုသိမ်၊ နေပြည်တော်၊ ပဲခူးရုံးခွဲတို့၏ ပတ်စ်ပို့လုပ်ငန်းများကိုလည်း ဝက်ဘ်ဆိုက်၌ ကြိုတင် စာရင်းသွင်းနိုင်သည်ဟု စစ်ကောင်စီက ဆိုသည်။

ဆောင်းပါး

စစ်ကောင်စီအသက်သွင်းလိုက်သည့် စစ်မှုထမ်းဥပဒေသည် နိုင်ငံတွင်းရှိ ယောင်ဝါးဝါးနေနေသော ပြည်သူအချို့အား ဘက်တစ်ဘက်၌ ခြေစုံချရပ်ရန် သတိပေးလိုက်ခြင်းပင်ဖြစ်သည်ဟုပြည်သူများက​ပြောသည်။

သတင်း

အောင်မြေသာဇံမြို့နယ်ရှိ Black Panther မှန်မကွဲအရောင်းဆိုင်၌ မီးလောင်မှုဖြစ်ခဲ့ရာ ၃နာရီခန့် မီးငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်သည်။

သတင်း

အဆိုပါစစ်ကြောင်းမှာ ဆိပ်ဖြူမြို့နယ်၊ အမှတ်(၉)လေကြောင်းရန်ကာကွယ်ရေးစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (လစခ ၉)နှင့် ကပစ(၂၁)၊ (၂၂)တပ်များမှ ထွက်လာသည့် စစ်ကြောင်းဖြစ်ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများထံမှ သိရသည်။