Connect with us

Hi, what are you looking for?

သတင်း

မန္တလေးသံဃသမဂ္ဂ ဦးဆောင်ဆရာတော်တစ်ပါးကိုမတွေ့လို့မသက်ဆိုင်တဲ့ ဦးဇင်း နှစ်ပါးကို စစ်အုပ်စုဖမ်းဆီး

နိုဝင်ဘာလ ၂ ရက်နေ့ မွန်းလွဲပိုင်း ၁ နာရီခန့်က မန္တလေးမိုးကောင်းကျောင်းတိုက်ထဲကို စစ်အုပ်စုဟာ ဝင်ရောက်ကာ သံဃသမဂ္ဂ ဦးဆောင် ဆရာတော် တစ်ပါးကို ဝင်ဖမ်းခဲ့တာပါ။

မန္တလေးသံဃသမဂ္ဂ ဦးဆောင်ဆရာတော်တစ်ပါးကိုမတွေ့လို့မသက်ဆိုင်တဲ့ ဦးဇင်း နှစ်ပါးကို စစ်အုပ်စုဖမ်းဆီး
မန္တလေးသံဃသမဂ္ဂ ဦးဆောင်ဆရာတော်တစ်ပါးကိုမတွေ့လို့မသက်ဆိုင်တဲ့ ဦးဇင်း နှစ်ပါးကို စစ်အုပ်စုဖမ်းဆီး

စစ်အာဏာရှင်ဆန့်ကျင်ရေး မန္တလေးသံဃသမဂ္ဂ က ဦးဆောင် ဆရာတော် ကို ဖမ်းမမိတာကြောင့် အခြားသောာ ဦးဇင်း နှစ် ပါးကို ပြန်ပေးဆွဲသလို စစ်အုပ်စုဟာ ဖမ်းဆီးသွားတယ်လို့ သံဃသမဂ္ဂ( မန္တလေး)ကထုတ်ပြန်ပါတယ်။

နိုဝင်ဘာလ ၂ ရက်နေ့ မွန်းလွဲပိုင်း ၁ နာရီခန့်က မန္တလေးမိုးကောင်းကျောင်းတိုက်ထဲကို စစ်အုပ်စုဟာ ဝင်ရောက်ကာ သံဃသမဂ္ဂ ဦးဆောင် ဆရာတော် တစ်ပါးကို ဝင်ဖမ်းခဲ့တာပါ။

ဒါပေမယ့် မတွေ့တာကြောင့် ညပိုင်း ၇ နာရီမှာ ထပ်လာပြီး စာသင်နေတဲ့ အခြားသော ဦးဇင်း နှစ်ပါးကို စစ်မေးစရာရှိလို့ ခဏခေါ်သွားမယ်မယ်ဆိုကာဖမ်းဆီးသွားတာလို့ သိရပါတယ်။

အဲဒီ ဦးဇင်း နှစ်ပါးဟာ သံဃသမဂ္ဂ(မန္တလေး) နဲ့ပတ်သက်ဆက်နွယ်သူတွေမဟုတ်ပေမယ့် ဖမ်းဆီးပြီး လေးရက်အကြာ ဒီနေ့ နိုဝင်ဘာလ ၆ ရက်အထိ ပြန်လွှတ်ပေးတာမရှိသေးပါဘူး။

Public Service Announcement

Public Service Announcement

ဖမ်းဆီးသွားတဲ့ ဦးဇင်းနှစ်ပါး ရဲ့ ကျန်းမာရေးနဲ့အသက်အန္တရာယ်တစုံတရာ ဖြစ်ခဲ့ရင် အကြမ်းဖက်ဖမ်းဆီးခဲ့သူတွေ တာဝန်ယူရမယ်လို့လည်းသတိပေးထားပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့အောက်တိုဘာလ ၃၀ ရက်ကလည်း သံဃသမဂ္ဂ(မန္တလေး) ရဲ့ ဦးဇင်း ဦးကလျာဏကို ဖမ်းဆီးခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

Facebook