Connect with us

Hi, what are you looking for?

သတင်း

မန္တလေးတိုင်းအစိုးရအဖွဲ့ဝင် စိုက်မွေးဝန်ကြီး ဒေါက်တာစိုးသန်း ပြန်လွတ်လာ

ထောင်ဒဏ် ၂ နှစ်ချထားတဲ့ တိုင်းဝန်ကြီး ဒေါက်တာစိုးသန်း ဒီနေ့ပြန်လွတ်လာတာကို NLD ပါတီဝင်တွေကလည်းအသိပေးပါတယ်။

မန္တလေးတိုင်းအစိုးရအဖွဲ့ဝင် စိုက်မွေးဝန်ကြီး ဒေါက်တာစိုးသန်း ပြန်လွတ်လာ
မန္တလေးတိုင်းအစိုးရအဖွဲ့ဝင် စိုက်မွေးဝန်ကြီး ဒေါက်တာစိုးသန်း ပြန်လွတ်လာ

အာဏာသိမ်းပြီးနောက် မတရားဖမ်းဆီးထောင်ချခံထားရတဲ့ မန္တလေးတိုင်းအစိုးရအဖွဲ့ဝင်တွေထဲက စိုက်ပျိုးမွေးမြူ ရေးဝန်ကြီးဒေါက်တာစိုးသန်းကို စစ်ကောင်စီဟာ ဒီနေ့မှာ ပြန်လွှတ်ပေးလိုက်ပါတယ်။

ထောင်ဒဏ် ၂ နှစ်ချထားတဲ့ တိုင်းဝန်ကြီး ဒေါက်တာစိုးသန်း ဒီနေ့ပြန်လွတ်လာတာကို NLD ပါတီဝင်တွေကလည်းအသိပေးပါတယ်။

ဝန်ကြီးဒေါက်တာစိုးသန်းဟာ စစ်တပ်အာဏာသိမ်းတဲ့ရက်ကတည်းက ဖမ်းဆီးခံခဲ့ရတာပါ။

အဲဒီနောက် အာဏာမသိမ်း ခင် နှစ်ရက်အလို မန္တလေးတိုင်းကျန်းမာရေးဦးစီးဌာနက ပြုလုပ်တဲ့ ကိုဗစ် ရောဂါ အသိပညာပေးဆိုင်းဘုတ်ဖွင့်ပွဲတက်ရောက်တာဟာ ကပ်ရောဂါကာလအတွင်းလူစုလူဝေးမလုပ်ရဆိုတဲ့စည်းကမ်းချိုးဖောက်တယ်ဆိုကာ သဘာဝဘေးပုဒ်မ ၂ ခုနဲ့ တရားစွဲပြီးထောင် ၂ နှစ်ချထားတာပါ။

Public Service Announcement

Public Service Announcement

မတရားဖမ်းဆီးထောင်ချပြီး ၂ နှစ်မပြည့်မီ လပိုင်းအလိုမှာ စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်တာလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း မြို့သုံးမြို့က ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ၃ခုကို အာဏာသိမ်းစစ်တပ်က ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်နဲ့ မတ္တရာမြို့နယ်အနောက်ခြမ်းက တပ်စွဲထားတဲ့ နေရာတွေတိုက်ခိုက်ခံရပြီးတဲ့နောက် စစ်တပ်က ပြည်သူတွေနေတဲ့ နေရာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၁၀ဦး သေဆုံးပြီး ၂၀ကျော် ဒဏ်ရာတွေရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်း မြို့နယ် ၃ခု ထိစပ်နေရာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေသလို စစ်သင်္ဘောတွေပေါ်ကနေ ပစ်ခတ်တာတွေလည်း ပြုလုပ်နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။