Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီဖွင့်လှစ်သည့်စာသင်ကျောင်းကို အသိအမှတ်ပြုမည်မဟုတ်ဘဲ အမည်အလွှဲသုံးစားပြုလုပ်သည့်အပေါ် တာဝန်ခံရမည်ဟု ဖယ်ခုံနှင့် မိုးဗြဲ PDF သတိပေး

“စကစက ကျောင်းပြန်ဖွင့်ဖို့ ကျွန်တော်တို့ နာမည်တလွဲ အသုံးချနေတာကြောင့် ထုတ်ပြန်သတိပေးတာပါ”ဟု မိုးဗြဲ PDF တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီဖွင့်လှစ်သည့်စာသင်ကျောင်းကို အသိအမှတ်ပြုမည်မဟုတ်ဘဲ အမည်အလွှဲသုံးစားပြုလုပ်သည့်အပေါ် တာဝန်ခံရမည်ဟု ဖယ်ခုံနှင့် မိုးဗြဲ PDF သတိပေး
စစ်ကောင်စီဖွင့်လှစ်သည့်စာသင်ကျောင်းကို အသိအမှတ်ပြုမည်မဟုတ်ဘဲ အမည်အလွှဲသုံးစားပြုလုပ်သည့်အပေါ် တာဝန်ခံရမည်ဟု ဖယ်ခုံနှင့် မိုးဗြဲ PDF သတိပေး

စစ်ကောင်စီဖွင့်လှစ်သည့်စာသင်ကျောင်းကို အသိအမှတ်ပြုမည်မဟုတ်ဘဲ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များ၏ အမည်များကို အလွှဲသုံးစားပြုလုပ်သည့်အပေါ် တာဝန်ခံရမည်ဖြစ်ကြောင်း ဖယ်ခုံနှင့် မိုးဗြဲ PDF တပ်ဖွဲ့များက ယနေ့(နိုဝင်ဘာ ၉ရက်) သတိပေးထုတ်ပြန်သည်။

ဖယ်ခုံမြို့နယ်၊ နန်းဟူးရပ်ကွက်၊ အခြေခံပညာ အလယ်တန်းကျောင်း (ယခင် အ.မ.က (၇) ကျောင်း)တွင် စစ်ကောင်စီ၏ Non-CDM များ ဦးဆောင်ဖွင့်လှစ်နေသည့်အပေါ် ဖယ်ခုံမြို့နယ်ပညာရေးဘုတ်အဖွဲ့ အပါအဝင် တော်လှန်ရေးအင်အားစု တစ်ရပ်လုံးအနေဖြင့် လုံး၀ (လုံး၀) အသိအမှတ်မပြုကြောင်း သတိပေးထားသည်။

ထို့အပြင် အဆိုပါ ကျောင်းဖွင့်လှစ်ရန် စည်းရုံးသိမ်းသွင်းခဲ့သူများသည် ဖယ်ခုံမြို့နယ် တော်လှန် ရေးအင်အားစုများရှိ သက်ဆိုင်ရာ တပ်ရင်းမှူးများနှင့် ညှိနှိုင်းထားပြီးဖြစ်ကြောင်း မိဘပြည်သူများကို မှားယွင်းစွာ သတင်းပေးခဲ့မှုအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမည်ဖြစ်ကြောင်း ဖော်ပြသည်။

“စကစက ကျောင်းပြန်ဖွင့်ဖို့ ကျွန်တော်တို့ နာမည်တလွဲ အသုံးချနေတာကြောင့် ထုတ်ပြန်သတိပေးတာပါ”ဟု မိုးဗြဲ PDF တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

မြို့နယ်ပညာရေးဘုတ်အဖွဲ့အနေဖြင့် စစ်ကောင် စီမှဖွင့်လှစ်သည့်ကျောင်းများမှ ပြီးမြောက်လာမည့် ကျောင်းသား၊ကျောင်းသူများကို တော် လှန် ရေးကာလအလွန်တွင် အသိအမှတ်ပြုမည်မဟုတ်ဘဲ အမျိုးသားညီညွတ်ရေးအစိုးရ၏ ပညာအရည်အချင်း စစ်ဆေးအကဲဖြတ်မှုဖြင့် အောင်မြင်သူများကိုသာ အသိအမှတ်ပြုသွားမည်ဟု အသိပေးသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့်လည်း အဆိုပါအမည်အလွဲသုံးစားမှုလုပ်ရပ်တွင် ပါဝင်ကြသော စစ်ကောင်စီ ဘက်တော်သားများကို ထပ်မံအတည်ပြုစီစစ်လျှက်ရှိပြီး အရေးယူမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

ယခုထုတ်ပြန်ချက်ကို မိုးဗြဲ PDF တပ်ရင်း (၁)၊ တပ်ရင်း (၂)၊ ဖယ်ခုံ PDF တပ်ရင်း (၁)၊ တပ်ရင်း (၂)၊ဖယ်ခုံမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ နှင့် မြို့နယ်ပညာရေးဘုတ်အဖွဲ့က ပူးတွဲထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

ဆောင်းပါး

“အနက်ရောင်နယ်မြေထဲက စာသင်ကျောင်းတဲ့” မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ ကျေးရွာတခုရဲ့ မူလတန်းကျောင်း မိဘ၊ဆရာတွေ့ဆုံပွဲက ပြန်လာကြတဲ့ ကျောင်းသားမိဘတွေဆီက ကြားရတဲ့ စကားပါ။