Connect with us

Hi, what are you looking for?

သတင်း

တန့်ဆည်တွင်စစ်​ကောင်စီတပ်ကို PDFကနှစ်ကြိမ်တိုက်ခိုက်

ထိထိမိမိတိုက်ခိုက်နိုင်ခဲ့သဖြင့် အကျအဆုံးများနိုင်ပြီး ညအချိန်ဖြစ်၍ အတိအကျမခန့်မှန်းနိုင် ကြောင်း တန့်ဆည်(ပကဖ)အဖွဲ့ တာဝန်ခံက ပြောသည်။

တန့်ဆည် ပကဖ ရဲဘော်များ စစ်ဆင်ရေးသွားရောက်နေစဥ်၊ ဓာတ်ပုံ-တန့်ဆည်(ပကဖ)
တန့်ဆည် ပကဖ ရဲဘော်များ စစ်ဆင်ရေးသွားရောက်နေစဥ်၊ ဓာတ်ပုံ-တန့်ဆည်(ပကဖ)

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် စစ်ကောင် စီတပ်နှင့်ပျူစောထီးများအား ယမန်နေ့က နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများနိုင် ကြောင်း တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက ပြောသည်။

ယမန်နေ့ (နိုဝင်ဘာလ ၈ ရက်)မွန်းလွဲ ၂ နာရီ မိနစ် ၂၀ခန့်က တန့်ဆည်နယ် ပေါင်ဂဒေါင် ရေငုပ်ပြွန်မှ အောင်စွာရွာဘက်သို့ ဖြတ်ကူးနေသောအင်အား ၂၀၀ ကျော်ပါ ခမရ (၃၆၁၊၃၆၉)မှ စစ်ကောင်စီတပ် စစ်ကြောင်းကို တန့်ဆည်(ပကဖ)အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံးကြောင်း တန့်ဆည်(ပကဖ)အဖွဲ့ တာဝန်ခံက ပြောသည်။

ထို့အပြင် ည ၇နာရီခွဲခန့်တွင်လည်း တန့်ဆည်နယ် အင်္ကုက္ကားရွာ အနောက်ဘက် ကျွန်းပင်တန်းဘက် ထွက်လာသော ပျူများကို တန့်ဆည်(ပကဖ)အဖွဲ့က ပဒေသာမိုင်း သုံးလုံးတွဲ​​ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

ထိထိမိမိတိုက်ခိုက်နိုင်ခဲ့သဖြင့် အကျအဆုံးများနိုင်ပြီး ညအချိန်ဖြစ်၍ အတိအကျမခန့်မှန်းနိုင် ကြောင်း တန့်ဆည်(ပကဖ)အဖွဲ့ တာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

“နေ့လယ်ပိုင်းက ပေါင်ဂဒေါင်ချောင်းပေါ်မှာ တိုက်မိုင်းဆင်ထားတာ။ ​ွေးတွေ အောင်စွာဘက်ကိုအကူးမှာ တိုက်မိုင်းမိတယ်။ ​ွေးသုံးကောင်သေတယ်လို့တော့ အတွင်းထဲက လှမ်းပြောတယ်။ ညပိုင်းကလည်း ပဒေသာမိုင်းမိတာ။ ​ွေးတွေလည်းသေလောက်တယ်။ လက်နက်နဲ့ကို ပြန်မပစ်နိုင်ဘူး။”ဟု တန့်ဆည်(ပကဖ)အဖွဲ့ တာဝန်ခံက ပြောသည်။

အဆိုပါစစ်ဆင်ရေးများတွင် ရဲဘော်များအထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလှည့်ပတ်နေ၍ တန့်ဆည်-ကံထူးမ လမ်းပိုင်းအား လုံခြုံရေးအရ ယာယီပိတ်ထားလိုက်ကြောင်း တန့်ဆည်(ပကဖ)အဖွဲ့က ယမန်နေ့နိုဝင်ဘာ ၈ ရက်တွင် သတိပေးကြေညာထားသည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့