Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တန့်ဆည်တွင်စစ်​ကောင်စီတပ်ကို PDFကနှစ်ကြိမ်တိုက်ခိုက်

ထိထိမိမိတိုက်ခိုက်နိုင်ခဲ့သဖြင့် အကျအဆုံးများနိုင်ပြီး ညအချိန်ဖြစ်၍ အတိအကျမခန့်မှန်းနိုင် ကြောင်း တန့်ဆည်(ပကဖ)အဖွဲ့ တာဝန်ခံက ပြောသည်။

တန့်ဆည် ပကဖ ရဲဘော်များ စစ်ဆင်ရေးသွားရောက်နေစဥ်၊ ဓာတ်ပုံ-တန့်ဆည်(ပကဖ)
တန့်ဆည် ပကဖ ရဲဘော်များ စစ်ဆင်ရေးသွားရောက်နေစဥ်၊ ဓာတ်ပုံ-တန့်ဆည်(ပကဖ)

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် စစ်ကောင် စီတပ်နှင့်ပျူစောထီးများအား ယမန်နေ့က နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများနိုင် ကြောင်း တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက ပြောသည်။

ယမန်နေ့ (နိုဝင်ဘာလ ၈ ရက်)မွန်းလွဲ ၂ နာရီ မိနစ် ၂၀ခန့်က တန့်ဆည်နယ် ပေါင်ဂဒေါင် ရေငုပ်ပြွန်မှ အောင်စွာရွာဘက်သို့ ဖြတ်ကူးနေသောအင်အား ၂၀၀ ကျော်ပါ ခမရ (၃၆၁၊၃၆၉)မှ စစ်ကောင်စီတပ် စစ်ကြောင်းကို တန့်ဆည်(ပကဖ)အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံးကြောင်း တန့်ဆည်(ပကဖ)အဖွဲ့ တာဝန်ခံက ပြောသည်။

ထို့အပြင် ည ၇နာရီခွဲခန့်တွင်လည်း တန့်ဆည်နယ် အင်္ကုက္ကားရွာ အနောက်ဘက် ကျွန်းပင်တန်းဘက် ထွက်လာသော ပျူများကို တန့်ဆည်(ပကဖ)အဖွဲ့က ပဒေသာမိုင်း သုံးလုံးတွဲ​​ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

ထိထိမိမိတိုက်ခိုက်နိုင်ခဲ့သဖြင့် အကျအဆုံးများနိုင်ပြီး ညအချိန်ဖြစ်၍ အတိအကျမခန့်မှန်းနိုင် ကြောင်း တန့်ဆည်(ပကဖ)အဖွဲ့ တာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

“နေ့လယ်ပိုင်းက ပေါင်ဂဒေါင်ချောင်းပေါ်မှာ တိုက်မိုင်းဆင်ထားတာ။ ​ွေးတွေ အောင်စွာဘက်ကိုအကူးမှာ တိုက်မိုင်းမိတယ်။ ​ွေးသုံးကောင်သေတယ်လို့တော့ အတွင်းထဲက လှမ်းပြောတယ်။ ညပိုင်းကလည်း ပဒေသာမိုင်းမိတာ။ ​ွေးတွေလည်းသေလောက်တယ်။ လက်နက်နဲ့ကို ပြန်မပစ်နိုင်ဘူး။”ဟု တန့်ဆည်(ပကဖ)အဖွဲ့ တာဝန်ခံက ပြောသည်။

အဆိုပါစစ်ဆင်ရေးများတွင် ရဲဘော်များအထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလှည့်ပတ်နေ၍ တန့်ဆည်-ကံထူးမ လမ်းပိုင်းအား လုံခြုံရေးအရ ယာယီပိတ်ထားလိုက်ကြောင်း တန့်ဆည်(ပကဖ)အဖွဲ့က ယမန်နေ့နိုဝင်ဘာ ၈ ရက်တွင် သတိပေးကြေညာထားသည်။

ဆက်စပ်သတင်းများ

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။

သတင်း

နှစ်ဘက်တိုက်ပွဲများကြောင့် ဆွာမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာ(၅)ရွာမှ ပြည်သူအများအပြား နေအိမ်စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း စုံစမ်းသိရသည်။

သတင်း

ကော့ကရိတ်မြို့မြောက်ပိုင်း၌ နေရာယူထားသော ကျားဖြူစစ်ကြောင်းရှိရာသို့ စစ်ကောင်စီတပ်က တိုးဝင်လာ၍ တိုက်ပွဲစတင်ဖြစ်ခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီက လေကြောင်းမှ အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်နေသည်ဟု ၎င်းက ပြောသည်။