Connect with us

Hi, what are you looking for?

သတင်း

အာဆီယံမူ ၅ချက်ကို စွန့်လွှတ်ကာ နည်းလမ်းသစ်ရှာရန် အာဆီယံခေါင်းဆောင်များကို GSCB တောင်းဆို

လက်ရှိကျင်းပနေဆဲ အာဆီယံထိပ်သီးညီလာခံသို့ ပေးပို့သော အိတ်ဖွင့်ပေးစာမှတဆင့် တောင်းဆိုခြင်းဖြစ်ပြီး အကြမ်းဖက်စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲကိုလည်း ငြင်းပယ်ရန် တိုက်တွန်းထားသည်။

ဓာတ်ပုံ - Hun Sen/FB
ဓာတ်ပုံ - Hun Sen/FB

▪️စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲကို ငြင်းပယ်ရန်တိုက်တွန်း

အာဆီယံသည် ၎င်းတို့၏ အလုပ်မဖြစ်သော မူ ၅ ချက်ကို စွန့်လွှတ်ကာ မြန်မာပြည်သူများ၏ မျှတသော တောင်းဆိုချက်များနှင့် ရည်မှန်းချက်များအတွက် အခြားမတူကွဲပြားသော နည်းလမ်းများဖြင့် ချဥ်းကပ်အဖြေရှာပေးရန် အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု(GSCB)က တောင်းဆိုလိုက်သည်။

လက်ရှိကျင်းပနေဆဲ အာဆီယံထိပ်သီးညီလာခံသို့ ပေးပို့သော အိတ်ဖွင့်ပေးစာမှတဆင့် တောင်းဆိုခြင်းဖြစ်ပြီး အကြမ်းဖက်စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲကိုလည်း ငြင်းပယ်ရန် တိုက်တွန်းထားသည်။

အာဆီယံနှင့် မိတ်ဖက်နိုင်ငံများသည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို တရားဝင်အစိုးရအဖြစ်လက်ခံအသိအမှတ်ပြုရန်နှင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)တို့ကို နိုင်ငံရေးအရကိုယ်စားပြုမှုရှိသော အဖွဲ့အစည်းများအဖြစ် အသိအမှတ်ပြုလက်ခံ၍ တရားဝင် ထိတွေ့ညှိနှိုင်းဆောင်ရွက်သွားရန်လည်း GSCB က တောင်းဆိုသည်။

ထို့အပြင် မြန်မာနိုင်ငံအတွင်းနှင့် နယ်စပ်တလျှောက်ရှိနေသည့် များစွာသော စစ်ဘေးရှောင်စခန်းများနှင့် သန်းချီသော ဒုက္ခသည်များအတွက် လိုအပ်သော အကူအညီများနှင့် လူသားစာနာမှုဆိုင်ရာအထောက်အပံ့များကို နယ်စပ်ဖြတ်ကျော် ပေးပို့ခြင်းများဖြင့် အမြန်ဆုံးထိရောက်စွာကူညီပေးရန် ထည့်သွင်းတောင်းဆိုသည်။

Public Service Announcement

Public Service Announcement

မြန်မာပြည်သူများသည် မြန်မာ့နိုင်ငံရေးတွင် စစ်တပ်မပါဝင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးကို ခိုင်ခိုင်မာမာ တောင်းဆိုနေကြောင်း မြန်မာနိုင်ငံတဝန်းရှိ သပိတ်ကော်မတီပေါင်း (၃၇)ခုဖြင့် စုဖွဲ့ထားသော သပိတ်အင်အားစုကြီးတစ်ခု ဖြစ်သည့် GSCB က အိတ်ဖွင့်ပေးစာ၌ ဖော်ပြသည်။

ထို့အပြင် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကို ရပ်တန့်ရန်၊ တရားမျှတမှုကို ရှာဖွေရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရန်အတွက် မြန်မာပြည်သူလူထု တရပ်လုံးသည် တော်လှန်ရေးသာလျှင် တစ်ခုတည်းသော နည်းလမ်းအဖြစ်ခိုင်မာစွာ ယုံကြည်လျက် လျှောက်လှမ်းနေကြောင်း အာဆီယံခေါင်းဆောင်များကို အသိပေးထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

မြန်မာစစ်အုပ်စုဟာ ဟွန်ဒီငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေကို နှိမ်နင်းမှု ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာပြီး၊ အဲဒီလုပ်ရပ်ကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအစီအမံတစ်ခုအဖြစ် ပုံဖော်ပြောဆိုနေပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဟွန်ဒီကွန်ရက်တွေဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ မိသားစုဆီ ငွေလွှဲပို့တာ၊ ပုံမှန်ဘဏ်စနစ်နဲ့ မလုပ်နိုင်တဲ့ ကုန်သွယ်ရေးငွေပေးချေမှုတွေ၊ စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပို့ဆောင်ရာမှာ အလွန်အရေးပါတဲ့...

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

သတင်း

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး(အာဆီယံ)က မြန်မာနိုင်ငံအတွက် အထူးကိုယ်စားလှယ်အသစ် ခန့်အပ်ဖို့ မလိုတော့ကြောင်း အာဏာသိမ်း မြန်မာစစ်တပ်ရဲ့ ပြောကြားမှုကို အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR)က ပယ်ချခဲ့ပါတယ်။

Facebook