Connect with us

Hi, what are you looking for?

သတင်း

မြင်းမူတွင် ထန်းတော၌ ဝိုင်းဖွဲ့ထိုင်နေသည့် စစ်ကောင်စီတပ်သားများအား ဒရုန်းဖြင့်တိုက်ခိုက်

“ဒရုန်းနဲ့တိုက်ခိုက်တာ ဝိုင်းဖွဲ့နေတဲ့နေရာကိုကျတယ်။ အနည်းဆုံး သုံးကောင်သေတယ်။ ဒဏ်ရာရရှိမှုများလည်း ရှိပါတယ်”ဟု ကိုသက်ကြီးက ဆိုသည်။

(Zero ပြောက်ကျားတပ်ဖွဲ့၏ ဒရုန်းစစ်ဆင်ရေးတစ်ခုအား တွေ့ရစဥ်)
(Zero ပြောက်ကျားတပ်ဖွဲ့၏ ဒရုန်းစစ်ဆင်ရေးတစ်ခုအား တွေ့ရစဥ်)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာတွင် ထန်းတော၌ဝိုင်းဖွဲ့ထိုင်နေသည့် စစ်ကောင်စီတပ်သားများအား ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း မြင်းခြံခရိုင် တပ်ရင်း(၇) Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။

ယနေ့ (နိုဝင်ဘာ၁၁ ရက်) နံနက် ၁၀ နာရီ ၄၅မိနစ်အချိန်တွင် ထီးဆောင်းကျေးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်အား ထီးဆောင်းရွာ၏အရှေ့ဘက် ထန်းတော၌ ဝိုင်းဖွဲ့ထိုင်နေစဥ် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။

“ဒရုန်းနဲ့တိုက်ခိုက်တာ ဝိုင်းဖွဲ့နေတဲ့နေရာကိုကျတယ်။ အနည်းဆုံး သုံးကောင်သေတယ်။ ဒဏ်ရာရရှိမှုများလည်း ရှိပါတယ်”ဟု ကိုသက်ကြီးက ဆိုသည်။

မြင်းမူမြို့နယ်သည် မုံရွာ-မန္တလေးလမ်းပေါ်တွင်ရှိပြီး စစ်ကောင်စီတပ်အား ဒေသကာကွယ်ရေးအဖွဲ့များက မကြာခဏတိုက်ခိုက်နေသည်။

Public Service Announcement

Public Service Announcement

Zero ပြောက်ကျားတပ်ဖွဲ့သည် ယနေ့နံနက်ပိုင်းကလည်း မြင်းမူမြို့မြန်မာ့စီးပွားရေးဘဏ်ရှိ ကင်းစောင့်စစ်ကောင်စီတပ်အား ဗုံးပစ်တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဆော်ဒီအာရေးဘီးယားရဲ့ မြို့တော်ကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း ယီမင်အခြေစိုက် ဟိုသီ ပြောက်ကျားတပ်တွေက ထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဝေဟင်နည်းပညာပိုင်း မြှင့်တင်မှုတွေပြုလုပ်ဖို့အတွက် ကြိုးနဲ့စွန် 2.0 (မီးပုံးပျံပွဲ) ကမ်ပိန်းမှာပါဝင်ပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက နှိုးဆော်ထားပါတယ်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

Facebook