Connect with us

Hi, what are you looking for?

သတင်း

တန့်ဆည် – ကံထူးမလမ်းပိုင်းတွင် စစ်ကောင်စီတပ်အား PDF ပူးပေါင်းအဖွဲ့များ တိုက်ခိုက်

စစ်ကောင်စီတပ်သည် အနီးကပ် ဖြတ်တိုက်ခံရသဖြင့် အကျဆုံးများကာ အထိနာခဲ့ပြီး ပြည်သူ့ရဲဘော်များ အထိအခိုက်မရှိကြောင်း တန့်ဆည်(ပကဖ)အဖွဲ့ တာဝန်ခံက ပြောသည်။

တန့်ဆည် - ကံထူးမလမ်းပိုင်းတွင် စစ်ကောင်စီတပ် အား PDF ပူးပေါင်းအဖွဲ့များ တိုက်ခိုက်
တန့်ဆည် - ကံထူးမလမ်းပိုင်းတွင် စစ်ကောင်စီတပ် အား PDF ပူးပေါင်းအဖွဲ့များ တိုက်ခိုက်

▪️စစ်ကောင်စီတပ်က စိတ်ကျန်းမာရေးမကောင်းသူလူငယ်တစ်ဦးအား ပစ်သတ်သွား၊ ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ တန့်ဆည်-ကံထူးမလမ်းတလျှောက်တွင် စစ်ကောင်စီတပ်အား ဒေသကာကွယ်ရေးအဖွဲ့များက အနီးကပ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက် ကျဆုံးမှုများပြားကြောင်း တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက ပြောသည်။

ယနေ့ (နိုဝင်ဘာလ ၁၁ ရက်) နံနက် ၈နာရီ ၁၅မိနစ်ခန့်ကစတင်ကာ တန့်ဆည်မြို့နယ် ကံထူးမဘက်မှ အရှေ့ဘက်သို့ စစ်ကြောင်းထိုးလာသော အင်အား ၁၅၀ ကျော်ပါ ခမရ (၃၆၈) တပ်အားရေရှင်ကုန်းရွာအနီးတွင် TPC တပ်ရင်း (၂၅)၊ တန့်ဆည် (ပ.က.ဖ)တို့က အနီးကပ်(မီတာ ၃၀မှ၄၀အတွင်း) ကြာ ကြားဖြတ်တိုက်ခိုက်နိုင်ကြောင်း တန့်ဆည်(ပကဖ)အဖွဲ့ တာဝန်ခံက ပြောသည်။

ထို့အပြင် နံနက် ၉ နာရီမှ ၁၁နာရီအတွင်း တန့်ဆည်သို့ ပြန်လာသော ထိုစစ်ကောင်စီတပ်အား ရွှေဘိုခရိုင်တပ်ရင်း (၆)၊(၇)၊Taze Tigerတို့က တန့်ဆည်-ကံထူးမလမ်းတလျှောက် စောင့်ဆိုင်းတိုက်ခိုက်ခဲ့ရာ ၂နာရီကြာ တိုက်ပွဲဲပြင်းထန်ခဲ့သည်။

စစ်ကောင်စီတပ်သည် အနီးကပ် ဖြတ်တိုက်ခံရသဖြင့် အကျဆုံးများကာ အထိနာခဲ့ပြီး ပြည်သူ့ရဲဘော်များ အထိအခိုက်မရှိကြောင်း တန့်ဆည်(ပကဖ)အဖွဲ့ တာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ယနေ့ညနေ ၅ နာရီခွဲခန့်ကလည်း သပြေရင်းရွာမှထွက်လာသော စစ်ကောင်စီတပ်များအား ဝရငယ်မူးဘောင်အနီးတွင် ပဒေသာမိုင်း ၄လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံး၍ ၇ဦး ဒဏ်ရာရရှိခဲ့ကြောင်း Kaduma Platform က ဖော်ပြသည်။

Public Service Announcement
Public Service Announcement

အလောင်းနှင့် ဒဏ်ရာရ စစ်သားများကို တန့်ဆည်လမ်းဆုံဘက်သို့ ထမ်းသယ်သွားကြကြောင်း Kaduma Platform က အသိပေးသည်။

“ဒီိမနက်အထိနာခဲ့တဲ့ စစ်အုပ်စုထဲကတချို့က တန့်ဆည်ကို ပြန်ရောက်ပြီ။ ခရမ်းခြံ၊သပြေရင်းနဲ့ လမ်းတလျှောက်နောက်ချန်များရှိနိုင်ပါသေးတယ်။”ဟု ဒေသတွင်းရဲဘော်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ကံထူးမကျေးရွာကို နိုဝင် ဘာ ၉ ရက် မွန်းလွဲပိုင်းက စတင်ဝင်ရောက်ခဲ့ပြီး ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

စစ်ကောင်စီတပ်သည် အသက်၂၅နှစ်အရွယ် စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသားတစ်ဦးကို ပစ်ခတ်သတ်ဖြတ်သွားသည်။

ထို့အပြင် ကံထူးမကျေးရွာအတွင်းရှိ နေအိမ်နှင့် စျေးဆိုင်များအား ဖောက်ထွင်းပြီး တန်ဖိုးကြီးပစ္စည်းများကို ယူဆောင်သွားကြောင်း သိရသည်။

နိုဝင်ဘာ ၁၀ ရက်တွင်လည်း ကံထူးမရောက် စစ်ကောင်စီတပ်က ပတ်ဝန်းကျင်ကို စက်လက်များ၊ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ပြီးကျေးရွာအချို့တွင် လက်နက်ကြီးကျရောက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

တန့်ဆည်မြို့နယ်တွင် နိုဝင်ဘာလ ပထမပတ်အတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင် ၆ ဦးနှင့် အရပ်သား ၃ ဦး သေဆုံးထားသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။