Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးနယ် မြင်းဒေါင်းရဲစခန်းရှေ့ စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်

စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် မကျီးအုပ်ကျေးရွာမှ ပြည်သူအမျိုးသားတစ်ဦး လက်နက်ကြီးထိ မှန်ခဲ့ပြီး အသက်အန္တရာယ် မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း KURDAF တာဝန်ခံက ပြောသည်။

စစ်ဆင်ရေးတစ်ခုတွင် တွေ့ရသည့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးရဲဘော်များ၊ ဓာတ်ပုံ-KURDAF
စစ်ဆင်ရေးတစ်ခုတွင် တွေ့ရသည့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးရဲဘော်များ၊ ဓာတ်ပုံ-KURDAF

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မြင်းဒေါင်းရဲစခန်းရှေ့တွင် စစ်ကောင်စီတပ်ကို ပဒေသာမိုင်းဆွဲတိုက်ခိုက်ရာ သေဆုံးထိခိုက်မှုများရှိကြောင်း ခင်ဦးနယ်ဒေသခံကာကွယ်ရေး မဟာမိတ်အင်အားစု KURDAF တာဝန်ခံက ပြောသည်။

ယနေ့(နိုဝင်ဘာလ ၁၅ ရက်)နံနက် ၉နာရီ၄၅မိနစ်ခန့်တွင် မူးတိမ်ချောင်းတံတားမှ မြင်းဒေါင်းကျေးရွာအတွင်းသို့ ဝင်ရောက်လာသော စစ်ကောင်စီစစ်ကြောင်းကို မြင်းဒေါင်း စျေးအရှေ့ထိပ် ရဲစခန်းရှေ့တွင် ပဒေသာမိုင်းတွဲ (၃)တွဲဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စိတပ်သား ၁၀ဦးခန့် သေဆုံးခဲ့ကြောင်း KURDAF တာဝန်ခံက ပြောသည်။

စစ်ဆင်ရေးတစ်ခုတွင် တွေ့ရသည့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးရဲဘော်များ၊ ဓာတ်ပုံ-KURDAF
စစ်ဆင်ရေးတစ်ခုတွင် တွေ့ရသည့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးရဲဘော်များ၊ ဓာတ်ပုံ-KURDAF

စစ်သားအလောင်းများ လာကောက်သော နောက်ချန်ကင်းပုန်း စစ်သား ငါးဦးနှင့်လည်း ၁၀မိနစ်ခန့် ထိတွေ့ပစ်ခတ်ခဲ့ပြီး နှစ်ဦးထပ်မံသေဆုံးခဲ့သည်ဟု KURDAF တာဝန်ခံက ဆိုသည်။

ထို့အပြင် မဟာမိတ်ရဲဘော်များ အထိခိုက်မရှိ ဆုတ်ခွာခဲ့ကြောင်း KURDAFက အသိပေးသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် နံနက် ၅နာရီ ဝန်းကျင်ကတည်းက ရေဦးမြို့ပေါ်၊ ရွာသစ်ကုန်း၊ ပျဥ်ထောင်၊ မူးတိမ်ချောင်းတံတားတို့မှ စစ်ကောင်စီတပ်နှင့်ပျူများသည် ရေဦး-ခင်ဦးလမ်းပိုင်းပေါ်ရှိ(ခင်ဦးနယ် အနောက်ခြမ်း) ကျေးရွာများပေါ်သို့ လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့ပြီး စစ်ကြောင်းထိုးဝင်ရောက်ခဲ့သည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် မကျီးအုပ်ကျေးရွာမှ ပြည်သူအမျိုးသားတစ်ဦး လက်နက်ကြီးထိ မှန်ခဲ့ပြီး အသက်အန္တရာယ် မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း KURDAF တာဝန်ခံက ပြောသည်။

“ဒီလိုပွဲတွေ ရေရှည် ပုံဖော်ဖို့ ၊ အာဏာရှင်အမြစ်ပြတ်ဖို့ ကျည်ဆန်ဖိုး နာနတ်သီးဖို့ NUG Pay ဖြင့်ကူညီကြစေချင်ပါတယ်။”ဟု KURDAFတာဝန်ခံက ဖြည့်စွက်ပြောကြားသည်။

အဆိုပါ စစ်ဆင်ရေးအား KURDAFနှင့် မဟာမိတ်အဖွဲ့များဖြစ်သော TIGER LDF Khin U ၊ ဒို့ ညီနောင်(LDF )၊ ဒေါင်းနီ (LDF) မဟာမိတ်ညီနောင် သုံးဖွဲ့တို့နှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး (၇၉) တစ်လုံး၊ (၈၁) ငါးလုံး၊ (၇.၆၂) ကျည် (၇၀)တောင့်၊ ပဒေသာမိုင်းတွဲ (၃)တွဲ မိုင်း (၂၄) လုံး အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ယနေ့နံနက်ပိုင်းက ခင်ဦး အနောက်ခြမ်းကျေးရွာများအား စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေ၍ ဒေသခံ ထောင်ချီထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ရေစကြိုမြို့မှာ စစ်အုပ်စုက ကျေးရွာတွေကနေ စျေးဝယ်တက်လာတဲ့ စျေးကားတွေပေါ်က ပြည်သူတွေကို ငွေကြေး အဓမ္မတောင်းခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။