Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပခုက္ကူတွင် စစ်တပ်အရာခံဗိုလ်ဟောင်းတစ်ဦး ပစ်သတ်ခံရ

ယနေ့(နိုဝင်ဘာ ၁၈)နံနက် ၉ နာရီကျော်က ပခုက္ကူမြို့ (၁၉)လမ်း၊ အမှတ် (၁၁)နေ ဦးရဲတင့်ဆိုသူကို လူတစ်စုက သေနတ်ဖြင့် သုံးချက်ပစ်ခတ် ခဲ့ရာ သေဆုံးသွားသည်ဟု ဆိုသည်။

ပခုက္ကူတွင် စစ်တပ်အရာခံဗိုလ်ဟောင်းတစ်ဦး ပစ်သတ်ခံရ
ပခုက္ကူတွင် စစ်တပ်အရာခံဗိုလ်ဟောင်းတစ်ဦး ပစ်သတ်ခံရ

မကွေးတိုင်း ပခုက္ကူမြို့ပေါ်တွင် စစ်ကောင်စီတပ်​၏ အရာခံဗိုလ်အဆင့်ဖြင့် နှုတ်ထွက်ထားသူ ဦးရဲတင့်ဆိုသူကို အမည်မသိ တော်လှန်ရေးအဖွဲတစ်ခုက သေနတ်ဖြင့်ပစ်ခတ်သွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

ယနေ့(နိုဝင်ဘာ ၁၈)နံနက် ၉ နာရီကျော်က ပခုက္ကူမြို့ (၁၉)လမ်း၊ အမှတ် (၁၁)နေ ဦးရဲတင့်ဆိုသူကို လူတစ်စုက သေနတ်ဖြင့် သုံးချက်ပစ်ခတ် ခဲ့ရာ သေဆုံးသွားသည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

“သေသွားပြီဗျ။ သေနတ်ဒဏ်ရာ သုံးချက်နဲ့။ အပစ်ခံရပြီး ဆေးရုံပို့ပေမယ့် အသက်မမှီဘူး”ဟု ပခုက္ကူဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ပစ်ခတ်ခံရ၍ သေဆုံးသွားသူသည် ပခုက္ကူအခြေစိုက် အမှတ်(၁၀၁)တပ်ရင်းတွင် အရာခံဗိုလ်အဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး လက်ရှိတွင် လည်း စစ်ကောင်စီတပ်နှင့် နီးစပ်သည့်ဆက်ဆံရေးရှိကြောင်း ဒေသခံများထံမှ သိရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကားအစီးရေ ၁၀၀ ခန့်ပါရှိသည့် စစ်ကောင်စီယာဉ်တန်းသည် မတ်လ ၂၂ရက်တွင် ပခုက္ကူမြို့မှထွက်လာပြီး မတ်လ ၂၃ ရက်တွင် ကမ္မမြို့သို့ရောက်ရှိခဲ့သည်။ ကမ္မမြို့သို့‌မရောက်ခင် ကာကွယ်ရေးတပ်ဖွဲ့များက စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

"မိုင်းတွေရော၊ ဒရုန်းဗုံးရောမိတာ။ မြေပြင်အဖွဲ့တွေလူစုကွဲနေပြီး ဂစဥ့်ကလျားဖြစ်နေတယ်။ စစ်သုံးဒရုန်းတွေလည်း ပျက်စီးတယ်ကြားတယ်" ဟု ဒေသကာကွယ်ရေးဘော်တဦးကပြောသည်။

သတင်း

ကလေးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် နီးစပ်ရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်ချိတ်ဆက်၍ ပြည်သူ့ရင်ခွင်ခိုလှုံကြရန်လည်း တိုက်တွန်းထားသည်။

သတင်း

မနိုဘယ်လ်အေးသည် ၁၉၉၆ ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့‌သောကြောင့် ထောင်ဒဏ်(၄၂)နှစ် ကျခံရဖူးသူ နိုင်ငံရေးအကျဉ်းသူတစ်ဦးဖြစ်သည်။