Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ခက်ခဲတဲ့ ကာလတွေမှာ ကူညီပေးခဲ့သူတွေကို ကျေးဇူးတင်ကြောင်း ရှောင်တာနဲလ်​ပြော

တာနဲလ်ကတော့ သူဟာ မြန်မာနိုင်ငံကို မမုန်းကြောင်း၊ မြန်မာပြည်သူတွေကို ချစ်ခင်ပြီး ဒီသဘောထားက ထာဝရ တည်မြဲသွားမှာဖြစ်ကြောင်း ပြောကြားထားပါတယ်။

(စစ်​ကောင်စီ၏ မတရားဖမ်းဆီးမှုမှ ပြန်လည်လွတ်​မြောက်လာပြီးဇနီးဖြစ်သူနှင့်အတူ​တွေ့ရ​သော ရှောင်တာနဲလ်။ ဓါတ်ပုံ-Ha Vu)
(စစ်​ကောင်စီ၏ မတရားဖမ်းဆီးမှုမှ ပြန်လည်လွတ်​မြောက်လာပြီးဇနီးဖြစ်သူနှင့်အတူ​တွေ့ရ​သော ရှောင်တာနဲလ်။ ဓါတ်ပုံ-Ha Vu)

▪︎မြန်မာတွေဟာ သူကြုံဖူးသမျှ သဘောအကောင်းဆုံး လူမျိုးတွေ ဖြစ်ပေမယ့် အခုလိုမျိုးမရိုးဖြောင့်တဲ့အရူးအနှမ်းတွေ အုပ်စိုးတာခံနေရတာဟာတကယ့်ကိုထိခိုက်ကြေကွဲစရာလို့ တာနဲလ်ကရေးသားထားပါတယ်။

နိုင်ငံတော် အစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြံပေး အရာရှိဖြစ်သူ ရှောင်တာနဲလ်ဟာ အကျဉ်းကျခံနေရာက လွတ်မြောက်အောင် ကူညီပေးခဲ့သူ အားလုံးကို ကျေးဇူးတင်ကြောင်း သူ့ရဲ့ Facebook စာမျက်နှာမှာ ရေးသား ဖော်ပြထားခဲ့ပါတယ်။

သူဟာ အာဏာသိမ်း စစ်ကောင်စီရဲ့ မတရားဖမ်းဆီး ထောင်ချမှုကိုခံနေရာကအခုသီတင်းပတ်အတွင်းလွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာတာဖြစ်ပါတယ်။ သူ့အတွက်အမှောင်မိုက်ဆုံး နာရီတွေမှာတောင်အားပေး ထောက်ခံ ရပ်တည်ပေးခဲ့ကြတဲ့ ဩစတြေးလျ အစိုးရနဲ့ ပြည်သူတွေကို အထူးတလည် ကျေးဇူးတင်တယ်လို့ တာနဲလ်က ဆိုပါတယ်။

သူကိုယ်တိုင်က ဇနီးသည်ရယ်၊ မိသားစုဝင်တွေရယ်နဲ့ ပြန်လည် တွေ့ဆုံပြီး ပျော်ရွှင်နေပေမယ့် ၅၃ သန်းသော မြန်မာပြည်သူတွေဟာ သူတို့ကို ကိုယ်စားမပြုတဲ့ အုပ်ချုပ်သူလူတန်းစား တစ်ရပ်ရဲ့ လက်အောက်မှာ ထိခိုက် နာကျင်နေရတာကို စာနာ နားလည်နိုင်တယ်လို့လည်း ပြောပါတယ်။ မြန်မာတွေဟာ သူကြုံဖူးသမျှ သဘောအကောင်းဆုံး လူမျိုးတွေ ဖြစ်ပေမယ့် အခုလိုမျိုး မရိုးဖြောင့်တဲ့ အရူးအနှမ်းတွေ အုပ်စိုးတာ ခံနေရတာဟာ တကယ့်ကိုထိခိုက်ကြေကွဲစရာမျိုးလို့တာနဲလ်ကရေးသားထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ အကျဉ်းကျနေချိန် သူ့ကို ကူညီပေးခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ အဖွဲ့အစည်း တချို့ကိုလည်း တာနဲလ်က အသေအချာ ကျေးဇူးတင်စကား ပြောထားတာ တွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

သူ့ရဲ့ ကျေးဇူးတင်စကားထဲမှာ မြန်မာနာမည်တချို့ ပါဝင်နေပြီး အဲဒီလိုမျိုး လူပုဂ္ဂိုလ်အလိုက် နာမည်တပ်ထုတ်ပြောလို့ သက်ဆိုင်သူတွေအန္တရာယ်ရှိလာမှာကိုလည်းစိုးရိမ်မိကြောင်း၊ဒါပေမဲ့ ဘယ်သူတွေက ဘေးကင်းပြီး ဘယ်သူတွေက မလုံခြုံသေးဘူးလဲ ဆိုတာကို သေချာသိရင် နောက်ထပ် ထုတ်ပြောရမယ့်သူတွေ ရှိနေသေးကြောင်း တာနဲလ်က ဆိုပါတယ်။

အိမ်ပြန်ရောက်ရောက်ချင်းသူချစ်ခင်လေးစားသူ ၃ ယောက်မရှိတော့ဘူးဆိုတဲ့ သတင်းကို ကြားခဲ့ရပြီး နောက်ထပ် အလားတူ ကိစ္စတွေ ထပ်ပြီး ကြားလာရဦးမယ် ထင်တယ်လို့လည်း တာနဲလ်က ရေးသားထားပါတယ်။ နောက်ပြီး သူက မီဒီယာတွေနဲ့တွေ့ဆုံမယ့်အစီအစဉ်ရှိကြောင်းလည်းအတည်ပြုသွားပါတယ်။

ဩစတြေးလျက စီးပွားရေး ပါမောက္ခ တစ်ဦးဖြစ်တဲ့ တာနဲလ်ဟာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေး အကြံပေးအဖြစ် တာဝန်ယူခဲ့သူပါ။ နိုင်ငံတော် လျှို့ဝှက်ချက်တွေကို ပေါက်ကြားစေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အာဏာသိမ်း စစ်တပ်က သူ့ကို ဖမ်းဆီး အကျဉ်းချခဲ့ပြီး တာနဲလ်ဟာ ထောင်ထဲမှာ ရက်ပေါင်း ၆၅၀ လောက် နေထိုင်ခဲ့ရပါတယ်။

တာနဲလ်ကတော့ သူဟာ မြန်မာနိုင်ငံကို မမုန်းကြောင်း၊ မြန်မာပြည်သူတွေကို ချစ်ခင်ပြီး ဒီသဘောထားက ထာဝရ တည်မြဲသွားမှာဖြစ်ကြောင်း ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ယခုနှစ် ​မေလက ဗြိတိန်ဘုရင်နှင့် ​ရှောင်တာနယ်လ်တို့ဇနီး​မောင်နှံ​တွေ့ဆုံစဥ်ကလည်း မြန်မာနိုင်ငံအ​ခြေအ​နေများကို​ပြောကြားခဲ့​ကြောင်း ​ရှောင်က​​ရေးသားထားသည်။

သတင်း

မြန်မာ့အရေးနှင့်ပတ်သက်၍ မစ္စတာရှောင်တာနဲလ်သည် ၎င်း၏ ကိုယ်ရေးကိုယ်တာအကြောင်းများ၊ NLD အစိုးရ လက်ထက်ကြိုးပမ်းမှုမှတ်တမ်းများကို စာအုပ်ရေးသားမည်ဟု ​ပြောထားသည်။

သတင်း

သူ့မိတ်ဆွေ အသတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ အကြောင်းအရာတချို့ ပြန်လည်သိရှိနိုင်အောင်ကူညီပေးခဲ့တဲ့ မြန်မာနိုင်ငံက လူပုဂ္ဂိုလ် တချို့ကို ကျေးဇူးတင်တယ်လို့လည်း တာနဲလ်က Facebookပေါ်မှာ ရေးသားထားပါတယ်။

ဆောင်းပါး

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၆ ရက် မနက်ပိုင်းမှာ ဩစတြေးလျ စီးပွားရေး ပရော်ဖက်ဆာ ရှောင်တာနဲလ်ဟာ ရန်ကုန်မြို့က သူတည်းခိုနေတဲ့ ဟိုတယ်ဝန်ထမ်း တစ်ဦးဆီက ကျောချမ်းစရာ သတိပေးမှု တစ်ခုကို ကြားခဲ့ရပါတယ်။