Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ရေးအတွက် ဘက်ဒီကမ်ပိန်း

ကမ်ပိန်းကာလဟာ နိုဝင်ဘာလ ၂၅ ရက်ကနေ ဒီဇင်ဘာလ ၁၆ ရက်အထိဖြစ်ပြီး ရရှိလာတဲ့ ငွေကြေးရဲ့ ၃၀ ရာခိုင်နှုန်းကို NUG ကာကွယ်ရေးဝန်ကြီးဌာနအတွက် ၊ ၇၀ ရာခိုင်နှုန်းကို ကရင်နီပြည်အတွက် အသုံးပြုသွားမယ်လို့သိရပါတယ်။

တော်လှန်ရေးအတွက် ဘက်ဒီကမ်ပိန်း
တော်လှန်ရေးအတွက် ဘက်ဒီကမ်ပိန်း

စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်ရေးရဲဘော်တွေနဲ့အတူရှေ့တန်းနယ်မြေတွေမှာ ထက်ကြပ်မကွာ အမြဲရှိနေတဲ့ ခွေးလေး ဘက်ဒီ ရဲ့ လည်ပတ်ကို လေလံတင်ရောင်းချတော့မှာပါ။

ဘက်ဒီဟာ ကယားပြည်နယ် (ကရင်နီပြည် ) လွိုင်ကော်မြို့တွင်း တိုက်ပွဲမှာ တော်လှန်ရေးရဲဘော်တွေနဲ့ စတင်ဆုံဆည်းခဲ့တာပါ။

အဲဒီအချိန်က ဘက်ဒီဟာ မွေးခါစ လက်တစ်ဆုပ်စာ မျှသာရှိပါသေးတယ်။

အခုချိန်မှာတော့ ဘက်ဒီဟာ စစ်ကောင်စီလက်နက်ကြီးတွေ ကျရောက်တဲ့ ရှေ့တန်းနယ်မြေမှာ တော်လှန်ရေး ရဲဘော်ရဲဘက်တွေကိုအဖော်ပြုနေပါပြီ။

Public Service Announcement

Public Service Announcement

တော်လှန်ရေးအတွက် ဘက်ဒီကမ်ပိန်း
တော်လှန်ရေးအတွက် ဘက်ဒီကမ်ပိန်း

ရှေ့တန်းကိုထွက်တဲ့အခါ ၊ စစ်ရှောင်စခန်းတွေကိုသွားတဲ့အခါမှာ ဘက်ဒီဟာ တကောက်ကောက် လိုက်နေပါပြီ။

“ကားစက်နှိုးလိုက်တာနဲ့ ကားပေါ်တက်ပြီးသား တခုခုဆို ရှေ့ကနေ ထိုင်စောင့်ပေးတယ် ” လို့ ဘက်ဒီ အကြောင်းကိုတော်လှန်ရေးရဲဘော်တစ်ဦး ပြောပြပါတယ်။

ဒါကြောင့်ခွေးလေးဘက်ဒီ ကို ဂုဏ်ပြုတဲ့အနေနဲ့ သူရဲ့လည်ပတ်ကို တိုက်ပွဲတွေအတွင်း သေဆုံးသွားတဲ့ စစ်ကောင်စီအရာရှိတွေရဲ့ ရာထူးအပွင့်အခက်တွေနဲ့ အလှဆင်ပေးထားပါတယ်။

တော်လှန်ရေးအတွက် ဘက်ဒီကမ်ပိန်း
တော်လှန်ရေးအတွက် ဘက်ဒီကမ်ပိန်း

အခု အဲဒီလည်ပတ်ကို ရောင်းချပြီး တော်လှန်ရေးရန်ပုံငွေ ရှာဖွေမှာဖြစ်ပါတယ်။

အဲဒီ ကမ်ပိန်းကို ဘက်ဒီကမ်ပိန်းလို့လည်းအမည်ပေးထားပါတယ်။

ကမ်ပိန်းကာလဟာ နိုဝင်ဘာလ ၂၅ ရက်ကနေ ဒီဇင်ဘာလ ၁၆ ရက်အထိဖြစ်ပြီး ရရှိလာတဲ့ ငွေကြေးရဲ့ ၃၀ ရာခိုင်နှုန်းကို NUG ကာကွယ်ရေးဝန်ကြီးဌာနအတွက် ၊ ၇၀ ရာခိုင်နှုန်းကို ကရင်နီပြည်အတွက် အသုံးပြုသွားမယ်လို့သိရပါတယ်။

တော်လှန်ရေးအတွက် ဘက်ဒီကမ်ပိန်း
တော်လှန်ရေးအတွက် ဘက်ဒီကမ်ပိန်း

ကမ်ပိန်းကို လက်မှတ်စနစ်နဲ့ ပြုလုပ်မှာဖြစ်ပြီး ရောင်းချမယ့် လက်မှတ်တန်ဖိုးတွေကို မကြာခင်ကြေညာပေးသွားမှာပါ။

ကမ်ပိန်းလက်မှတ်တွေကို NUG pay ဒါမှမဟုတ် USDT နဲ့လည်းပါဝင်လှူဒါန်းနိုင်တယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအောင်မြင်မှုတွေ ဘယ်လောက်ပဲရရှိနေပါစေ၊ ပြည်သူ့မေတ္တာနဲ့ ယုံကြည်မှုကို ဆုံးရှုံးသွားရင် တော်လှန်ရေးဟာ အဓိပ္ပာယ်မဲ့သွားမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးလိုက်ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အနေနဲ့ အာဏာသိမ်းစစ်ကောင်စီ ဖြုတ်ချဖို့အတွက် လုပ်ဆောင်သွားဖို့ ကြိုါ်ပမ်းလျက်ရှိရာ ပြည်သူတွေ ရပ်တည်ပေးကြဖို့ SCEF တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားပါတယ်။

မေးမြန်းခန်း

ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း

Facebook