Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ ပြောက်ကျားအဖွဲ့ဝင် ၄ ဦးကျဆုံးပြီးနောက် မဟာမိတ်အဖွဲ့ တိမ်းရှောင်နေရ

လွတ်မြောက်နယ်မြေကို ဆုတ်ခွာသွားပြီဖြစ်ကြောင်းနဲ့အခွင့်အခါသင့်ရင် မန္တလေးမှာမြေပြင်လှုပ်ရှားမှုတွေ ဆောင်ရွက်သွားမယ်လို့ အသိပေးထားတာတွေ့ရပါတယ်။

စစ်အာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒပြသူ ၂ဦးကိုတွေ့ရစဉ် ( ပုံဟောင်း)
Protesters show the three finger salute to riot police as protesters hold a demonstration against the military coup near the royal palace in Mandalay on February 7, 2021. - Tens of thousands of protesters poured onto the streets across Myanmar on February 7 in the biggest anti-coup rallies yet, as an internet blackout failed to stifle growing outrage at the military's ouster of elected leader Aung San Suu Kyi. (Photo by str / AFP)

မန္တလေးမြို့ပြပြောက်ကျားအဖွဲ့ GZP ရဲ့ ဒုခေါင်းဆောင်အပါအဝင်အဖွဲ့ဝင် ၄ ဦး စစ်ကောင်စီတပ်ရဲ့သတ်ဖြတ်မှုကြောင့်ကျဆုံးသွားပြီးနောက် လုံခြုံရေးအရ လွတ်မြောက် နယ်မြေကို တိမ်းရှောင်နေရတယ်လို့ မဟာမိတ်အဖွဲ့ တစ်ဖွဲ့က ထုတ်ပြန်လာပါတယ်။

အဲဒီအဖွဲ့ဟာ Mandalay UG Wolf Army ဖြစ်ပါတယ်။

လွတ်မြောက်နယ်မြေကို ဆုတ်ခွာသွားပြီဖြစ်ကြောင်းနဲ့အခွင့်အခါသင့်ရင် မန္တလေးမှာမြေပြင်လှုပ်ရှားမှုတွေ ဆောင်ရွက်သွားမယ်လို့ အသိပေးထားတာတွေ့ရပါတယ်။

Public Service Announcement
Public Service Announcement

ပြီးခဲ့တဲ့ တနင်္လာနေ့ ( နိုဝင်ဘာ ၂၁ ) နေ့ခင်းပိုင်းက မန္တလေး ၊ပုသိမ်ကြီးမြို့နယ် ထဲက တီဘီဆေးရုံရှေ့မှာ ဆိုင်ကယ်စီးလာတဲ့ လူငယ် ၄ ဦးကိုစစ်ကောင်စီတပ်က ပစ်သတ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပစ်သတ်လို့သေဆုံးသွားသူ ၄ ဦးဟာ မန္တလေးအခြေစိုက် Generation Z Power (GZP) အဖွဲ့ ဒုခေါင်းဆောင် ၊ ဘဏ္ဍာရေးတာဝန်ခံနဲ့ အဖွဲ့ဝင် ၂ ဦးဖြစ်တယ်လို့စစ်ကောင်စီဘက်ကသတင်းဖြန့်ထားပါတယ်။

GZP နဲ့ မဟာမိတ်ဖြစ်တဲ့ Mandalay UG Wolf Army ကလည်း ကျဆုံးသွားသူတွေဟာ GZP အဖွဲ့ဝင်တွေဖြစ်ပြီး စစ်အုပ်စုရဲ့ ဥပဒေမဲ့ သတ်ဖြတ်တာခံလိုက်ရတယ်လို့ဆိုထားပါတယ်။

စစ်အုပ်စုဟာ မန္တလေးမှာ မြို့ပြပြောက်ကျားအဖွဲ့ဝင်တွေ ကို ပိုက်စိပ်တိုက် လိုက်လံဖမ်းဆီးနေပြီး PDF တွေခြေချစရာမရှိစေရဆိုတဲ့ ဝါဒဖြန့် ရုပ်သံဖိုင်တစ်ခု ကို ပြီးခဲ့တဲ့ ရက်ပိုင်းက လူမှုကွန်ရက်ကနေ ဖြန့်ဝေလာပါတယ်။

Photo – (STR/AFP)

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ ရှစ်လေးလုံးသပိတ်ပြုလုပ်မှာစိုးရိမ်ပြီး စစ်တပ်က နေရာစုံစစ်ဆေးမှုတွေပြုလုပ်နေသလို PSMS နည်းပညာနဲ့ မြို့ပတ်လမ်းတွေမှာ ရှောင်တခင်စစ်ဆေးတာတွေလည်းပြုလုပ်နေတယ်လို့ မြို့ခံ တွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။