Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးနယ် မုံလှရွာ လေကြောင်းပစ်ခတ်မှု ပြည်သူ့ရဲဘော် ခြောက်ဦးကျဆုံး

စစ်ကောင်စီတပ်သည် ယမန်နေ့(နိုဝင်ဘာ ၂၃ ရက်) မွန်းလွဲပိုင်းက ခင်ဦးမြို့နယ်၊ မုံလှကျေးရွာကို လေကြောင်းပစ်ခတ်တိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ပြည်သူ့ကာကွယ်ရေး ရဲဘော် ခြောက်ဦးကျဆုံးခဲ့ခြင်းဖြစ်သည်။

မီးရှို့ခံနေရသည့် မုံလှရွာ၊ ဓာတ်ပုံ- ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး
မီးရှို့ခံနေရသည့် မုံလှရွာ၊ ဓာတ်ပုံ- ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

(၇)နှစ်အရွယ်ကလေးငယ်နှင့် ပြည်သူတစ်ဦး လက်နက်ကြီးထိမှန်သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ မုံလှကျေးရွာ လေကြောင်းပစ်ခတ်တိုက်ခိုက်ခံရမှုတွင် ပြည်သူ့ကာကွယ်ရေး ရဲဘော်ခြောက်ဦးကျဆုံးပြီး (၇)နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူနှစ်ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီတပ်သည် ယမန်နေ့(နိုဝင်ဘာ ၂၃ ရက်) မွန်းလွဲပိုင်းက ခင်ဦးမြို့နယ်၊ မုံလှကျေးရွာကို လေကြောင်းပစ်ခတ်တိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ပြည်သူ့ကာကွယ်ရေး ရဲဘော် ခြောက်ဦးကျဆုံးခဲ့ခြင်းဖြစ်သည်။

“လေယာဥ်က တစ်နာရီပစ်သွားတယ်။ ရဲ​ဘော်တွေအကုန်ကွဲသွားပြီးတော့မှ ကျန်ခဲ့တဲ့ရဲဘော်တွေကို ဒီနေ့မုံလှရွာထဲက စစ်ကြောင်းအဆုတ်မှာ သွားရှာတဲ့အခါမှာ တွေ့ခဲ့တာပေါ့။”ဟု Khin U Support Organization-KSO အဖွဲ့ တာဝန်ခံက ပြောသည်။

ကျဆုံးရဲဘော်များသည် အသက်(၂၀)ကျော်အရွယ်များဖြစ်ပြီး ခင်ဦးအခြေစိုက်အဖွဲ့အစည်းအသီးသီးကဖြစ်ကြောင်း Khin U Support Organization-KSO အဖွဲ့ တာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

မုံလှရွာ၌ပင် စစ်အုပ်စုပစ်လိုက်သည့် လက်နက်ကြီးကျည်ထိမှန်၍ နွားကျောင်းနေသည့်

(၇)နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံပြည်သူ နှစ်ဦးလည်း သေဆုံးခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

ထို့အပြင် ယမန်နေ့ကပင် ကံသာယာရွာ၌ ပြည်သူနှစ်ဦး သတ်ဖြတ်ခံခဲ့ရသည့်အတွ​က် ယမန်နေ့တစ်ရက်တည်း ရဲဘော် ခြောက်ဦးနှင့် ဒေသခံပြည်သူ လေးဦးသေဆုံးခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်သည် ခင်ဦးနယ်အရှေ့မြောက်ခြမ်း၊ အနောက်ခြမ်း၊ အနောက်မြောက်ခြမ်းတို့တွင် စစ်ကြောင်း သုံးကြောင်းထိုးနေသည်။

ယမန်နေ့(နိုဝင်ဘာ ၂၃ ရက်)က ခင်ဦးမြို့နယ်၊ ပင်စိမ်းကင်းကျေးရွာ၌ စစ်ကောင်စီတပ်နှင့် ဒေသတွင်း PDFများ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ဘက်က ၃၀ကျော်သေဆုံးခဲ့ပြီး ပြည်သူ့ရဲဘော်အချို့လည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

ခင်ဦးမြို့နယ်အတွင်း စစ်ရှောင်နေရသော ကျေးရွာပေါင်း(၂၀)အထိရှိပြီး စစ်ရှောင်ပြည်သူပေါင်း ထောင်ချီ ရှိနေကာ အရေးပေါ်အကူအညီများ လိုအပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းနဲ့ ဒရုန်း တိုက်ခိုက်မှုတွေ ပိုလုပ်လာတယ်လို့ ကရင်နီပြည်တပ်မတော်(KA)တပ်ရင်း-၅ တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းက စခန်းကုန်းတွေ မကျရေး စစ်‌တပ်က လေကြောင်းက နေ အပြင်းအထန်ခုခံနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်တပ်က စစ်​တွေရှိလက်နက်ကြီးအထိုင်စခန်းအနည်းဆုံး ၇နေရာ၊ သံချပ်ကာတင့်ကား၂စီးနဲ့စစ်သင်္ဘောအချို့ပေါ်ကပုဏ္ဏားကျွန်း-စစ်တွေ-ရသေ့တောင်မြို့နယ်တို့ရှိ ရပ်ရွာ​တွေကိုလက်နက်ကြီး​တွေနဲ့ပစ်ခတ်

Facebook