Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးတွင် စစ်ကောင်စီတပ်က စစ်ကြောင်း သုံးကြောင်းထိုးပြီး ဒေသခံပြည်သူ သုံးဦးထက်မနည်း သတ်ဖြတ်ခံရ

ခင်ဦးနယ် အနောက်ခြမ်းတွင် ဗအိုးရွာ၌ ညအိပ်တပ်စွဲခဲ့သော အင်အား၈၀ခန့်ပါ စစ်ကြောင်းသည် သရက်ကုန်းရွာအနီး ရောက်ရှိနေသည်။

မီးရှို့ခံနေရသည့် မုံလှရွာ၊ ဓာတ်ပုံ- ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး
မီးရှို့ခံနေရသည့် မုံလှရွာ၊ ဓာတ်ပုံ- ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းသုံးကြောင်းထိုးနေပြီး ဒေသခံပြည်သူ သုံးဦးထက်မနည်း သတ်ဖြတ်ခံထားရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့(နိုဝင်ဘာ ၂၃ ရက်)မွန်းလွဲပိုင်းက စစ်ကောင်စီစစ်ကြောင်းတစ်ကြောင်းသည် ခင်ဦးမြို့နယ်၊ ကံသာယာရွာ၊ နတ်ကြီးကုန်း ထန်းတောတဲအတွင်း အသက်(၂၇)နှစ်အရွယ် အမျိုးသားတစ်ဦးအား သတ်ဖြတ်ပြီး အသက်(၁၄)နှစ်အရွယ် ကလေးငယ်တစ်ဦးကိုလည်း သေနတ်ဖြင့်ပစ်သတ်သွားကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

ထို့အပြင် လေကြောင်းပစ်ခတ်ခံရမှုတွင် မုံလှရွာနေ ပြည်သူ တစ်ဦးသေဆုံးခဲ့ပြီး ကျဆုံးရဲဘော် တစ်ဦးနှင့် ပျောက်ဆုံးနေသော ရဲဘော်များလည်းရှိနေကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

Public Service Announcement
Public Service Announcement

လက်ရှိတွင် စစ်ကောင်စီတပ်သည် ခင်ဦးမြို့နယ်အတွင်း စစ်ကြောင်း သုံးကြောင်းထိုးနေသည်။

Public Service Announcement

Public Service Announcement

ခင်ဦးမြို့နယ် အရှေ့မြောက်ခြမ်းရှိ ကန့်ဘလူမြို့နယ် သောက်ကန်ရွာကို မီးရှို့ခဲ့သော အင်အား ၈၀ကျော်ပါ စစ်ကြောင်းသည် ယနေ့နံနက်၉နာရီခန့်တွင် ခင်ဦးနယ် အလယ်လျှိုကျေးရွာအတွင်းသို့ လက်နက်ကြီး၊ငယ်များပစ်၍ ဝင်ရောက်နေကြောင်း ဒေသခံများက ပြောသည်။

ခင်ဦးနယ် အနောက်ခြမ်းတွင် ဗအိုးရွာ၌ ညအိပ်တပ်စွဲခဲ့သော အင်အား၈၀ခန့်ပါ စစ်ကြောင်းသည် သရက်ကုန်းရွာအနီး ရောက်ရှိနေသည်။

ခင်ဦးနယ် အနောက်မြောက်ခြမ်းရှိ စစ်ကောင်စီတပ်မှာ မုံလှကျေးရွာရှိ ပြည်သူများ၏ ပစ္စည်းနှင့်တောင်ပိုင်းက နေအိမ်များပါမီးရှို့နေကြောင်း ဒေသခံများက ပြောသည််။

“ စစ်ကြောင်း(၂)မှာ အိမ်ကအစ်ကိုအပါအဝင် ဓားစာခံ လေးယောက်ပါသွားပါတယ်။ ဘေးကင်းစွာနဲ့ ပြန်လွှတ်ပေးဖို့ ဆုတောင်းနေရပါတယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။

ထိုစစ်ကြောင်းများကြောင့် စစ်ရှောင်များပိုများလာကာ အကူအညီများလိုအပ်နေကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့(နိုဝင်ဘာ၂၃ ရက်)က ခင်ဦးမြို့နယ်၊ ပင်စိမ်းကင်းကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က ၃၀ကျော်သေဆုံးခဲ့ပြီး ပြည်သူ့ရဲဘော်အချို့လည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

ခင်ဦးမြို့နယ်အတွင်း စစ်ရှောင်နေရသော ကျေးရွာပေါင်း(၂၀)အထိရှိပြီး စစ်ရှောင်ပြည်သူပေါင်း ထောင်ချီ ရှိနေကာ အရေးပေါ်အကူအညီများ လိုအပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်)ကို အကြောင်းပြပြီး ပြည်ပနိုင်ငံတွေကနေ ဝင်ရောက်စွက်ဖက်တာကိုလက်မခံဖို့အတွက်တရုတ်နဲ့ မြန်မာစစ်ကောင်စီတို့ မနေ့ (ဒီဇင်ဘာလ ၁၂ ရက်)က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ အာဏာသိမ်း စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊နွားထိုးကြီးမြို့ရဲ့ မြောက်ဘက်ခြမ်းရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့အတွက်ဒေသခံပြည်သူတစ်သောင်းနီးပါးဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

သတင်း

ဧရာဝတီတိုင်းက လေးမျက်နှာနဲ့သာပေါင်းမြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်နေစဉ် ဇလွန်နဲ့ ဟင်္သာတမြို့နယ်တွေမှာ စစ်ကောင်စီက တိုက်လေယာဉ်အနိမ့်ပျံပြီး လူထုကို ထပ်မံခြမ်းခြောက်သွားပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီကို ငွေကြေးထုတ်မပေးဖို့နဲ့ ဘဏ္ဍာရေးဆိုင်ရာကတိကဝတ်သစ်တွေကို ဆက်လက်ဆိုင်းငံ့ထားဖို့ရည်ရွယ်တဲ့ ‘No New Burma Funds Act’ ကို အမေရိကန်အောက်လွှတ်တော်က ဒီဇင်ဘာ ၁ရက် မနေ့က အတည်ပြုလိုက်ပါတယ်။