Connect with us

Hi, what are you looking for?

သတင်း

KNUတပ်မဟာ(၄)နယ်မြေ ထားဝယ်ခရိုင်၌ နိုဝင်ဘာ လဝက်အတွင်း တိုက်ပွဲ ၃၀ကြိမ်ဖြစ်

KNU လက်အောက်ခံတပ်များဖြစ်သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ KNDO နှင့် ပူးပေါင်းတပ်ဖွဲ့များဖက်မှ နှစ်ဦးကျဆုံးပြီး လေးဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးထားသည်။

KNU တပ်သားတစ်ဦး ရှေ့တန်းတစ်နေရာ၌ တွေ့ရစဉ်၊ ဓာတ်ပုံ - KNU
KNU တပ်သားတစ်ဦး ရှေ့တန်းတစ်နေရာ၌ တွေ့ရစဉ်၊ ဓာတ်ပုံ - KNU

▪️စစ်ကောင်စီတပ်မှ ၅၀ခန့်သေဟုဆို

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၄)နယ်မြေ ဘိတ်ထား၀ယ်ခရိုင်၌ နိုဝင်ဘာလဝက်အတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက် ကျဆုံးမှုများရှိခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးမှုများပြားခဲ့ကြောင်း KNUက ယနေ့ ထုတ်ပြန်သည်။

စစ်ကောင်စီတပ်ရင်းများဖြစ်သော ခလရ-၂၂၄၊ ခမရ-၅၅၉ ၊ခမရ-၅၆၀၊ ခမရ-၂၈၁၊ ခမရ- ၅၅၇၊ ခမရ-၅၅၈၊ ခမရ-၅၆၁ တို့နှင့် တပ်ရင်းအမည်မသိသေးသော အခြားစစ်ကောင်စီတပ်ရင်းများက KNU တပ်မဟာ (၄) လယ်ကဆောမြို့နယ် ၊လယ်မူလားမြို့နယ်၊ ကစယ်ဒိုမြို့နယ်၊တနင်္သာရီမြို့နယ်နှင့် လယ်ဒိုစိုးမြို့နယ်များအတွင်း စစ်ရေးလှုပ်ရှားမှုများ ဆက်တိုက်လုပ်ဆောင် လာ၍ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ယခင်က တိုက်ပွဲဖြစ်ပွားမှုနည်းပါးခဲ့သည့် KNU တပ်မဟာ(၄)နယ်မြေတွင် စစ်ကောင်စီတပ်က ထိုးစစ်ဆင်မှုများ လုပ်ဆောင်လာ၍ နို၀င်ဘာ၁ ရက်မှ ၁၆ရက်အထိ တိုက်ပွဲကြီးတိုက်ပွဲငယ်ပေါင်း ၃၀ ကြိမ် ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များမှ ၄၈ဦးသဆုံးကာ ၂၆ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement
Public Service Announcement

KNU လက်အောက်ခံတပ်များဖြစ်သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ KNDO နှင့် ပူးပေါင်းတပ်ဖွဲ့များဖက်မှ နှစ်ဦးကျဆုံးပြီး လေးဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

အဆိုပါ တပ်မဟာ (၄)နယ်မြေတွင် ယခုနှစ် ဇန်နဝါရီမှ နိုဝင်ဘာလ ၁၆ရက်အထိ ၁၀လခွဲကျော် ကာလအတွင်း တိုက်ပွဲပေါင်း၁၂၃ကြိမ်ဖြစ်ခဲ့ရာ စစ်ကောင်စီတပ်မှ ၂၄၆ဦး သေဆုံးကာ ၂၃၉ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။ အဆိုပါကာလအတွင်း KNU ဘက်မှ ၁၄ဦးကျဆုံးကာ ၇ဦး ဒဏ်ရာရခဲ့သည်ဟု ဖော်ပြထားသည်။

KNU လက်အောက်တွင် တပ်မဟာနှင့်ခရိုင် ခုနစ် ခုရှိသည့်အနက် တပ်မဟာ(၁)၊ တပ်မဟာ(၂)၊ တပ်မဟာ (၃) ၊တပ်မဟာ(၄) ၊ တပ်မဟာ(၅)နှင့် တပ်မဟာ(၆) နယ်မြေများ၌ တိုက်ပွဲများ ဖြစ်ခဲ့ပြီး တပ်မဟာ(၇) ဟနယ်မြေ၌ တိုက်ပွဲဖြစ်ပွားမှု မတွေ့ရသေးပေ။ အဆိုပါ တပ်မဟာများအနက် တပ်မဟာ(၅)၊ တပ်မဟာ(၆)၊ တပ်မဟာ(၃)နှင့် တပ်မဟာ(၁)နယ်မြေများ၌ တိုက်ပွဲဖြစ်ပွားမှု ပိုများခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။