Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတွင် စစ်ကောင်စီတပ်၏ရိုက်နှက်ဖမ်းဆီးမှုများတွေ့မြင်ပြီး အသက်(၈၀)ကျော် အဘွားအိုတစ်ဦး နှလုံးရပ်သေဆုံး

“စစ်သားများ ရောက်ရှိလာပြီး ပြည်သူများအားခြိမ်းခြောက်ရိုက်နှက်မှုများကိုတွေ့မြင်ပြီး ထိတ်လန့်ကာ နှလုံးရပ်သေဆုံးသွားတယ်လို့ သိရပါတယ်။”ဟု စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

မြိုင်လယ်ရွာအား မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး
မြိုင်လယ်ရွာအား မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် မြိုင်လယ်ကျေးရွာတွင် စစ်ကောင်စီတပ်စစ်ကြောင်းက ဒေသခံများအား လိုက်လံရိုက်နှက်ဖမ်းဆီး​မှုမြင်တွေ့၍ အသက်(၈၀)ကျော် အဘွားအိုတစ်ဦး ထိတ်လန့်ပြီး နှလုံးရပ်သေဆုံးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

နိုဝင်ဘာ ၂၈ ရက် ညနေ ၄နာရီခန့်က စစ်ကောင်စီတပ်သည် စစ်ကိုင်းမြို့နယ်၊ မောင်းထောင်ကျေးရွာအုပ်စု၊ မြိုင်လယ်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် (၉)လုံး မီးလောင်ကျွမ်းပျက်စီးခဲ့ကြောင်း၊ ထို့အပြင် နေအိမ်နှစ်လုံးအား ဝင်ရောက်မွှေနှောက်ပြီး အဖိုးတန်ပစ္စည်းများကို အဓမ္မသိမ်းယူသွားကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် ဒေသခံ ရွာသူ၊ရွာသားများမှာ စစ်ကောင်စီတပ်စစ်ကြောင်းကြောင့် သပြေပင်ဘုန်းကြီးကျောင်း၌ ထွက်ပြေးတိမ်းရှောင်ခဲ့​ရပြီး စစ်ကောင်စီတပ်က ဘုန်းကြီးကျောင်းထိပါ လိုက်လံရိုက်နှက်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

ထိုသို့ ပြုလုပ်မှုများကြောင့် ဘုန်းကြီးကျောင်း၌ ပုန်းရှောင်နေသည့် မြိုင်လယ်ရွာနေ အသက်(၈၇)နှစ်အရွယ် ဒေါ်ဝင်းစိန်မှာ ထိတ်လန့်ပြီး နှလုံးရပ်သေဆုံးသွားကြောင်း နယ်ခံများက ပြောသည်။

Public Service Announcement

Public Service Announcement

မြိုင်လယ်ရွာအား မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး
မြိုင်လယ်ရွာအား မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး

“စစ်သားများ ရောက်ရှိလာပြီး ပြည်သူများအားခြိမ်းခြောက်ရိုက်နှက်မှုများကိုတွေ့မြင်ပြီး ထိတ်လန့်ကာ နှလုံးရပ်သေဆုံးသွားတယ်လို့ သိရပါတယ်။”ဟု စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

ထို့အပြင် မြိုင်လယ်ရွာသား နှစ်ဦးကိုလည်း စစ်ကြောင်းနှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ အဆိုပါ စစ်ကောင်စီစစ်ကြောင်းကြောင့် မောင်းထောင်ရွာ၊ မြိုင်လယ်ရွာနှင့် ရွာသစ်ရွာများရှိ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ​ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ဖြစ်ပွားခဲ့တဲ့ အရက်ဘား မီးလောင်မှုကြောင့် သေဆုံးသူဟာ ၃၀ ထိ မြင့်တက်လာကြောင်း သိရပါတယ်။