Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေးမှာ ဖုန်းဆိုင် အနုကြမ်းစီးခံပြီး ဖုန်းအလုံး ၄၀ ကျော်ပါသွား

လာရောက်လုယက်တဲ့ CCTV မှတ်တမ်းထဲမှာတော့ ဆိုင်ထဲကို အမျိုးသား ၃ ဦးဝင်လာပြီး ၁ ဦးဟာ သေနတ်အတိုကိုင်ထားတာတွေ့ရပါတယ်။

အနုကြမ်းစီးခံရမှုဖြစ်စဉ်ကိုတွေ့ရစဉ်
အနုကြမ်းစီးခံရမှုဖြစ်စဉ်ကိုတွေ့ရစဉ်

မန္တလေးမြို့ ၊ မဟာအောင်မြေမြို့နယ်ထဲက ဖုန်းဆိုင် တစ်ဆိုင် မနေ့က ညနေပိုင်း ၃ နာရီဝန်းကျင်က အနုကြမ်းစီးခံရပြီး ဖုန်းအလုံး ၄၀ ကျော်ပါသွားပါတယ်။

အနုကြမ်းစီးခံရတဲ့ဆိုင်ဟာ လမ်း ၄၀ ၊ ၇၉ လမ်းနဲ့ လမ်း ၈၀ ကြားမှာရှိတဲ့ PRO 7 ဖုန်းဆိုင်ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆိုင်ကယ် ၂စီးနဲ့ရောက်လာတဲ့ လူ ၄ ဦးက လုယက်သွားတာလို့ ဆိုင်ပိုင်ရှင်က လူမှုကွန်ရက်မှာ အသိပေးထားပါတယ်။

လာရောက်လုယက်တဲ့ CCTV မှတ်တမ်းထဲမှာတော့ ဆိုင်ထဲကို အမျိုးသား ၃ ဦးဝင်လာပြီး ၁ ဦးဟာ သေနတ်အတိုကိုင်ထားတာတွေ့ရပါတယ်။

အဲဒီနောက် မှန်ပုံးကို တူနဲ့ ရိုက်ခွဲပြီး ဖုန်းတွေကို ယူသွားတာတွေ့ရပါတယ်။ အဲဒီဖြစ်စဉ်မှာ ဖုန်း အလုံး ၄၀ ကျော် ပါသွားတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းကလည်း ချမ်းမြသာစည်မြို့ထဲက ဖုန်းဆိုင် အနုကြမ်းစီးခံရပြီး ဖုန်းအလုံး ၁၀၀ ကျော်ပါသွားတယ်။

Public Service Announcement

Public Service Announcement