Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ ဖုန်းဆိုင် အနုကြမ်းစီးခံပြီး ဖုန်းအလုံး ၄၀ ကျော်ပါသွား

လာရောက်လုယက်တဲ့ CCTV မှတ်တမ်းထဲမှာတော့ ဆိုင်ထဲကို အမျိုးသား ၃ ဦးဝင်လာပြီး ၁ ဦးဟာ သေနတ်အတိုကိုင်ထားတာတွေ့ရပါတယ်။

အနုကြမ်းစီးခံရမှုဖြစ်စဉ်ကိုတွေ့ရစဉ်
အနုကြမ်းစီးခံရမှုဖြစ်စဉ်ကိုတွေ့ရစဉ်

မန္တလေးမြို့ ၊ မဟာအောင်မြေမြို့နယ်ထဲက ဖုန်းဆိုင် တစ်ဆိုင် မနေ့က ညနေပိုင်း ၃ နာရီဝန်းကျင်က အနုကြမ်းစီးခံရပြီး ဖုန်းအလုံး ၄၀ ကျော်ပါသွားပါတယ်။

အနုကြမ်းစီးခံရတဲ့ဆိုင်ဟာ လမ်း ၄၀ ၊ ၇၉ လမ်းနဲ့ လမ်း ၈၀ ကြားမှာရှိတဲ့ PRO 7 ဖုန်းဆိုင်ဖြစ်ပါတယ်။

ဆိုင်ကယ် ၂စီးနဲ့ရောက်လာတဲ့ လူ ၄ ဦးက လုယက်သွားတာလို့ ဆိုင်ပိုင်ရှင်က လူမှုကွန်ရက်မှာ အသိပေးထားပါတယ်။

လာရောက်လုယက်တဲ့ CCTV မှတ်တမ်းထဲမှာတော့ ဆိုင်ထဲကို အမျိုးသား ၃ ဦးဝင်လာပြီး ၁ ဦးဟာ သေနတ်အတိုကိုင်ထားတာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက် မှန်ပုံးကို တူနဲ့ ရိုက်ခွဲပြီး ဖုန်းတွေကို ယူသွားတာတွေ့ရပါတယ်။ အဲဒီဖြစ်စဉ်မှာ ဖုန်း အလုံး ၄၀ ကျော် ပါသွားတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းကလည်း ချမ်းမြသာစည်မြို့ထဲက ဖုန်းဆိုင် အနုကြမ်းစီးခံရပြီး ဖုန်းအလုံး ၁၀၀ ကျော်ပါသွားတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ထောင်ကျခံပြီးသား တပ်ပြေးတစ်ဦးကို စသ်ကောင်စီလက်အောက်ခံ ရာအိမ်မှူးက ဖမ်းဆီးပြီး စစ်မှုထမ်းထဲ ပြန်ထည့်လိုက်ကြောင်း Voice Of Mandalay အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။