Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့်တွင်တိုက်ပွဲအပြင်းအထန်ဖြစ်ပြီး​နောက်စစ်တပ်ကစစ်​ဘေး​ရှောင်၂၁ ဦးကိုဖမ်းဆီး၍ ပြန်ဆုတ်သွား

တိုက်ပွဲသည် ယမန်နေ့(ဒီဇင်ဘာလ ၆ရက်) ည ၈ နာရီခန့်မှ ည ၁၀ ရီခန့်အထိ တစ်ကြိမ်၊ယနေ့(ဒီဇင်ဘာလ ၇ရက်)နံနက် ၂ နာရီခန့်မှ ၄ နာရီခန့်အထိ တစ်ကြိမ် ဖြစ်ပွားခဲ့​​ခြင်းဖြစ်သည်။

(ယမန်​နေ့ညတိုက်ပွဲတွင် စစ်​ကောင်စီတပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်​​​စဥ်။ ။ဓါတ်ပုံ-CJ)
(ယမန်​နေ့ညတိုက်ပွဲတွင် စစ်​ကောင်စီတပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်​​​စဥ်။ ။ဓါတ်ပုံ-CJ)

ဖားကန့်တွင်ယမန်နေ့ညမှယနေ့နံနက်အစောပိုင်းအထိတိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီးမှော်ပုံကျေးရွာဘုန်းကြီးကျောင်းမှ စစ်ဘေးရှောင် ၂၁ဦးကို စစ်​ကောင်စီတပ်ကဖမ်းဆီးပြီးနောက်ဆုတ်ခွာသွားကြောင်းဒေသခံများကပြောသည်။

“တိုက်ပွဲကမှော်ပုံဘုန်းကြီးကျောင်းဝန်းကျင်မှာဖြစ်တာ။ဘုန်းကြီးကျောင်းလည်း တော်တော် ပျက်စီးသွားပြီ။တိုက်ပွဲမ​ဖြစ်ခင်ကျောင်းမှာခိုလှုံနေကြရတဲ့ဒေသခံ ၂၁ယောက်ကိုလည်းဖမ်းခေါ်သွားတယ်”ဟု မှော်ပုံဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲသည် ယမန်နေ့(ဒီဇင်ဘာလ ၆ရက်) ည ၈ နာရီခန့်မှ ည ၁၀ ရီခန့်အထိ တစ်ကြိမ်၊ယနေ့(ဒီဇင်ဘာလ ၇ရက်)နံနက် ၂ နာရီခန့်မှ ၄ နာရီခန့်အထိ တစ်ကြိမ် ဖြစ်ပွားခဲ့​​ခြင်းဖြစ်သည်။

“ဖမ်းသွားတဲ့အထဲမှာအမျိုးသားတွေရော၊အမျိုးသမီးတွေရောပါတယ်။ ပြီးတော့ သူတို့ မှော်ပုံကနေ ပြန်ဆုတ်ခွာသွားတယ်”ဟုအခြားဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီသည်ယမန်နေ့ညကတိုက်ပွဲတွင်လက်နက်ကြီး အလုံး ရှစ်ဆယ်ထက်မနည်းပစ်ခဲ့သည်ဟုလည်း ဒေသခံများကပြောသည်။

ဖားကန့်တွင် ဖုန်းလိုင်းများ ပြတ်တောက်နေ၍ ထိခိုက်မှုသတင်းကို အသေးစိတ်မသိရသေးပေ။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“စစ်​ေ-တွေ ဘာတွေနဲ့ ပစ်တယ်တော့မသိဘူး။ ကရင်နီမှာ ပစ်တုန်းကလို မီးလုံးအနီကြီးတွေ တွေ့ရတယ်။ တောထဲကျတာတွေလည်း ရှိတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

ယမန်နေ့က မြေပြင် တိုက်ပွဲပုံစံသည် ပြည်သူများရှိနေသည့် ရွာကို ဝိုင်းထားသည့် စစ်ကောင်စီတပ်အား KIA ၊ PDF ပူးပေါင်းအဖွဲ့ကထပ်ဝိုင်းကာတိုက်ခိုက်ကြ​​​ခြင်းဟုသိရသည်။ မြေပြင်တွင် အထိနာသည့်စစ်ကောင်စီတပ်ကလက်နက်ကြီးအများအပြားအသုံးပြုခဲ့သည်ဟုတော်လှန်ရေးအင်အားစုများကပြောသည်။

စစ်ကောင်စီတပ်ကလေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ကနဦးပြောခဲ့သော်လည်း အမှန်တကယ်တွင် ​လေ​ကြောင်းမပါဘဲလက်နက်ကြီးမျိုးစုံအသုံးပြုတိုက်ခိုက်ခဲ့ခြင်းဟုယနေ့နံနက်တွင်​ပြောသည်။

KIA ၊ PDF ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား ယခုရက်ပိုင်းအတွင်းဖားကန့်ဒေသ၌စစ်ရေးတင်းမာနေပြီအချိန်မ​ရွေးတိုက်ပွဲဖြစ်ပွားနိုင်​​သောအ​ခြေအ​နေဖြစ်ကြောင်း​ဒေသခံများက​ပြောသည်။