Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်တွင်တိုက်ပွဲအပြင်းအထန်ဖြစ်ပြီး​နောက်စစ်တပ်ကစစ်​ဘေး​ရှောင်၂၁ ဦးကိုဖမ်းဆီး၍ ပြန်ဆုတ်သွား

တိုက်ပွဲသည် ယမန်နေ့(ဒီဇင်ဘာလ ၆ရက်) ည ၈ နာရီခန့်မှ ည ၁၀ ရီခန့်အထိ တစ်ကြိမ်၊ယနေ့(ဒီဇင်ဘာလ ၇ရက်)နံနက် ၂ နာရီခန့်မှ ၄ နာရီခန့်အထိ တစ်ကြိမ် ဖြစ်ပွားခဲ့​​ခြင်းဖြစ်သည်။

(ယမန်​နေ့ညတိုက်ပွဲတွင် စစ်​ကောင်စီတပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်​​​စဥ်။ ။ဓါတ်ပုံ-CJ)
(ယမန်​နေ့ညတိုက်ပွဲတွင် စစ်​ကောင်စီတပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်​​​စဥ်။ ။ဓါတ်ပုံ-CJ)

ဖားကန့်တွင်ယမန်နေ့ညမှယနေ့နံနက်အစောပိုင်းအထိတိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီးမှော်ပုံကျေးရွာဘုန်းကြီးကျောင်းမှ စစ်ဘေးရှောင် ၂၁ဦးကို စစ်​ကောင်စီတပ်ကဖမ်းဆီးပြီးနောက်ဆုတ်ခွာသွားကြောင်းဒေသခံများကပြောသည်။

“တိုက်ပွဲကမှော်ပုံဘုန်းကြီးကျောင်းဝန်းကျင်မှာဖြစ်တာ။ဘုန်းကြီးကျောင်းလည်း တော်တော် ပျက်စီးသွားပြီ။တိုက်ပွဲမ​ဖြစ်ခင်ကျောင်းမှာခိုလှုံနေကြရတဲ့ဒေသခံ ၂၁ယောက်ကိုလည်းဖမ်းခေါ်သွားတယ်”ဟု မှော်ပုံဒေသခံတစ်ဦးကပြောသည်။

တိုက်ပွဲသည် ယမန်နေ့(ဒီဇင်ဘာလ ၆ရက်) ည ၈ နာရီခန့်မှ ည ၁၀ ရီခန့်အထိ တစ်ကြိမ်၊ယနေ့(ဒီဇင်ဘာလ ၇ရက်)နံနက် ၂ နာရီခန့်မှ ၄ နာရီခန့်အထိ တစ်ကြိမ် ဖြစ်ပွားခဲ့​​ခြင်းဖြစ်သည်။

“ဖမ်းသွားတဲ့အထဲမှာအမျိုးသားတွေရော၊အမျိုးသမီးတွေရောပါတယ်။ ပြီးတော့ သူတို့ မှော်ပုံကနေ ပြန်ဆုတ်ခွာသွားတယ်”ဟုအခြားဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည်ယမန်နေ့ညကတိုက်ပွဲတွင်လက်နက်ကြီး အလုံး ရှစ်ဆယ်ထက်မနည်းပစ်ခဲ့သည်ဟုလည်း ဒေသခံများကပြောသည်။

ဖားကန့်တွင် ဖုန်းလိုင်းများ ပြတ်တောက်နေ၍ ထိခိုက်မှုသတင်းကို အသေးစိတ်မသိရသေးပေ။

Public Service Announcement
Public Service Announcement

“စစ်​ေ-တွေ ဘာတွေနဲ့ ပစ်တယ်တော့မသိဘူး။ ကရင်နီမှာ ပစ်တုန်းကလို မီးလုံးအနီကြီးတွေ တွေ့ရတယ်။ တောထဲကျတာတွေလည်း ရှိတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

ယမန်နေ့က မြေပြင် တိုက်ပွဲပုံစံသည် ပြည်သူများရှိနေသည့် ရွာကို ဝိုင်းထားသည့် စစ်ကောင်စီတပ်အား KIA ၊ PDF ပူးပေါင်းအဖွဲ့ကထပ်ဝိုင်းကာတိုက်ခိုက်ကြ​​​ခြင်းဟုသိရသည်။ မြေပြင်တွင် အထိနာသည့်စစ်ကောင်စီတပ်ကလက်နက်ကြီးအများအပြားအသုံးပြုခဲ့သည်ဟုတော်လှန်ရေးအင်အားစုများကပြောသည်။

စစ်ကောင်စီတပ်ကလေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ကနဦးပြောခဲ့သော်လည်း အမှန်တကယ်တွင် ​လေ​ကြောင်းမပါဘဲလက်နက်ကြီးမျိုးစုံအသုံးပြုတိုက်ခိုက်ခဲ့ခြင်းဟုယနေ့နံနက်တွင်​ပြောသည်။

KIA ၊ PDF ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား ယခုရက်ပိုင်းအတွင်းဖားကန့်ဒေသ၌စစ်ရေးတင်းမာနေပြီအချိန်မ​ရွေးတိုက်ပွဲဖြစ်ပွားနိုင်​​သောအ​ခြေအ​နေဖြစ်ကြောင်း​ဒေသခံများက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

ဆောင်းပါး

ထိုင်းနိုင်ငံမှာ မိသားစုအတွက် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံ၊အလုပ်ကြိုးစားပြီးနောက် နေရပ်ဌာနီက မိဘနှစ်ပါးဆီ ပြန်လာခဲ့တဲ့ ကိုအောင်ငြိမ်းချမ်းတစ်ယောက် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းထဲ ခြေချမိချိန်မှာတော့ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေ စတင်ခဲ့ပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တပ်ဖွဲ့တွေရဲ့ ဝတ်စုံတွေ နဲ့ သတင်းရယူစုံစမ်းတာ၊ ပုံမှားရိုက်တာတွေ လုပ်ဆောင်နေကြောင်း ရွှေကူ KPDFက ဒီကနေ့ ထုတ်ပြန် သတိပေးပါတယ်။