Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံတွင် PDFက ရဲတပ်ဖွဲ့အသွင်ယူပြီး စစ်ကောင်စီခန့်အုပ်ကြီးထံ သေနတ်များသိမ်းယူ

ပြီးခဲ့သည့် နိုဝင်ဘာ ၃၀ ရက် မွန်းလွဲ ၁၂ နာရီခန့်က မြင်းခြံမြို့နယ်၊ ဗလုံကျေးရွာရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးလည်းဖြစ်၊ ပျူစောထီးတစ်ဦးလည်းဖြစ်သူ ဦးကျော်ဆွေ၏ နေအိမ်သို့ NRDF က ရဲတပ်ဖွဲ့ပုံစံ အသွင်ယူပြီး သွားရောက်ခဲ့သည်။

သိမ်းဆည်းရမိသော လက်နက်နှင့်ကျည်များ၊ ဓာတ်ပုံ-NDRF
သိမ်းဆည်းရမိသော လက်နက်နှင့်ကျည်များ၊ ဓာတ်ပုံ-NDRF

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဗလုံကျေးရွာရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးထံ ရဲတပ်ဖွဲ့ပုံစံဖြင့်ဝင်ရောက်၍ လက်နက်များသိမ်းယူနိုင်ခဲ့ပြီး အဆိုပါ အုပ်ချုပ်ရေးမှူးအား စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း Natogyi Regional Defence Force – NRDFအဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၃၀ ရက် မွန်းလွဲ ၁၂ နာရီခန့်က မြင်းခြံမြို့နယ်၊ ဗလုံကျေးရွာရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးလည်းဖြစ်၊ ပျူစောထီးတစ်ဦးလည်းဖြစ်သူ ဦးကျော်ဆွေ၏ နေအိမ်သို့ NRDF က ရဲတပ်ဖွဲ့ပုံစံ အသွင်ယူပြီး သွားရောက်ခဲ့သည်။

“ကျွန်တော်တို့ကလည်း ရဲယူနီဖောင်းနဲ့ ရဲတပ်ဖွဲ့အသွင်ယူပြီး ရွာထဲဝင်လိုက်တာ ရွာအဝင်မှာက ဒီကောင် ကျော်ဆွေခိုင်းထားတဲ့ ဂိတ်စောင့်တွေ ရှိတယ်။ အမျိုးသမီးတွေချည့်ပဲ စောင့်တာ။ကျွန်တော်တို့လည်း ဝင်လာရော လှိုက်လှိုက်လှဲလှဲ ‌‌ကြိုဆိုကြပါတယ်။ ဂိတ်စောင့် အမျိုးသမီးတွေက။ အုပ်ချုပ်ရေးမှူး ကျော်ဆွေအိမ် လိုက်ပြပေးပါဦးပြောတော့ ဂိတ်နားမှာရှိတဲ့ ပျူအဖွဲ့ဝင် တစ်ယောက်က အူယားဖားယားနဲ့ ကျွန်တော်သိတယ်ဆိုပြီးသူက လိုက်ပြပေးတယ်။”ဟု NRDFအဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အိမ်သို့ရောက်သောအခါ ခပ်တည်တည်ဖြင့် စစ်ဆေးစရာရှိ၍ လာသည်ဟု ပြောဆိုခဲ့သည်။

Public Service Announcement

Public Service Announcement

“ကျော်ဆွေအိမ် ရောက်တော့ဗိုလ်လေးရော ပါလာတာ စစ်ဆေးစရာလေးတွေရှိလို့ ဆိုပြီးခင်ဗျားကို ပေးထားတဲ့ လက်နက်တွေ ကျုပ်တို့ကို ပြပါဦးဆိုတော့ သူ့မိန်းမကိုယ်တိုင် ထုတ်ပေးတာ။ ကျော်ဆွေက တုန်နေတာဗျ။ ခင်ဗျားကို ဘာမှ မလုပ်ဘူး ပြောလည်းမရဘူး။ကျွန်တော်တို့လည်း လက်နက်တွေ ရရချင်း ပြန်ထွက်လာလိုက်တာ။”ဟု NRDFအဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေထံမှ MA-3 မောင်းပြန် တစ်လက် ၊ ရိုင်ဖယ်သေနတ် (၃)လက်နှင့် ကျည်အချို့ကို သိမ်းဆည်းခဲ့ကြောင်း ၎င်းက ပြောသည်။

အဆိုပါ ဖြစ်စဥ် ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ဦးကျော်ဆွေအား မြင်းခြံ စစ်ကြောရေးသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ယခုအခါ စစ်ကြောရေး၌ လက်နက်ပျောက်ဆုံးမှုဖြင့် စစ်ဆေးခံနေရကြောင်း NRDFအဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ကောင်စီက ဦးကျော်ဆွေအစား ဗလုံကျေးရွာအတွက် အုပ်ချုပ်ရေးမှူး အသစ် ထပ်မံရွေးချယ် ရန်စီစဥ်နေသည်ဟု ဒေသခံများက ပြောသည်။

ပြည်သူများအနေဖြင့် NDRFအဖွဲ့အား မြင်းခြံခရိုင်အတွင်း လှူပ်ရှားသွားလာနေချိန် တွေ့ရှိပါက မည်သူ့မျှ ပြန်မပြောဘဲ နူတ်ဆိတ်နေပေးပါရန်လည်း NRDFအဖွဲ့က မေတ္တာရပ်ခံသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့

သတင်း

တိုက်ပွဲ‌တွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း၊ ကသာခရိုင်အတွင်း ဗန်းမော် -မန္တလေး ပြည်ထောင်စုလမ်းမကြီးလမ်းပိုင်းနဲ့ ပတ်ဝန်းကျင်မှာ ဒေသခံတွေ လုံခြုံရေးအတွက် လမ်းပိုင်းကန့်သတ်ချက်အပြင် စစ်တပ်နဲ့ မဆက်သွယ်ဖို့ အမြင့်ဆုံးသတိပေးချက်ကို ကသာခရိုင်၊အမှတ်(၃)တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

Facebook