Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းနယ်တွင် လက်ယက်ကုန်းအပါအဝင် ကျေးရွာ ခြောက်ရွာကို စစ်ကောင်စီတပ် မီးထပ်ရှို့နေ

ဒီပဲယင်းမြို့နယ်အတွင်း မီးရှို့ဖျက်ဆီးမှုများ ဆက်တိုက်လုပ်နေသော စစ်ကောင်စီတပ်သည် ယနေ့(ဒီဇင်ဘာ ၁၀ ရက်) နံနက်ပိုင်းတွင် မူးခံတွင်းကျေးရွာကို ထပ်မံမီးရှို့ခဲ့သည်။

(ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ၊ ဓာတ်ပုံ-ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့)
(ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ၊ ဓာတ်ပုံ-ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့)

▪️၁၀ရက်အတွင်း ရွာပေါင်း ၁၉ရွာမီးရှို့ခံရပြီး ဒေသခံ သောင်းနှင့်ချီ အကူအညီလိုအပ်နေ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် လေကြောင်းပစ်ခတ်တိုက်ခိုက်ခံရဖူးသည့် လက်ယက်ကုန်းကျေးရွာအပါအဝင် ကျေးရွာ ခြောက်ရွာကို စစ်ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့နေကြောင်း ဒေသခံများက ပြောသည်။

ဒီပဲယင်းမြို့နယ်အတွင်း မီးရှို့ဖျက်ဆီးမှုများ ဆက်တိုက်လုပ်နေသော စစ်ကောင်စီတပ်သည် ယနေ့(ဒီဇင်ဘာ ၁၀ ရက်) နံနက်ပိုင်းတွင် မူးခံတွင်းကျေးရွာကို ထပ်မံမီးရှို့ခဲ့သည်။

ထို့နောက် လက်ယက်ကုန်းနှင့် ညောင်ကြီးကုန်းကျေးရွာများဘက်သို့ ဆက်လက် ဝင်ရောက် မီးရှို့ဖျက်ဆီးနေကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောသည်။

အလားတူ ဝဲကြီးကျေးရွာကို မီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီတပ်သည် ညောင်လှနှင့် သရက်တော ကျေးရွာများကို မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“မူးခံတွင်းရွာဘက်ကထွက်လာတဲ့ စစ်သားတွေက ညောင်ကြီးကုန်းရွာကိုဝင်ပြီး နေရာလေးနေရာခွဲပြီး မီးရှို့နေတယ်လို့သိရတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်သည် ဒီပဲယင်းမြို့နယ်အတွင်း ဒီဇင်ဘာလ၁ရက်နေ့မှစတင်ကာ ယနေ့အထိ ဘုန်းကြီးကျောင်း သုံးကျောင်းနှင့် ကျေးရွာ(၁၉)ရွာထက်မနည်း မီးရှို့ဖျက်ဆီးထားပြီး ဖမ်းဆီးသတ်ဖြတ်ခံရသူများလည်းရှိနေသည်။

စားသောက်နေထိုင်ရေးနှင့် အဝတ်အထည်၊ စောင်များ အရေးပေါ်လိုအပ်နေကြောင်း ဒေသခံများက ပြောသည်။

ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီက စစ်ကြောင်းနှစ်ကြောင်းထိုးနေ၍ ကျေးရွာ (၃၁)ရွာမှ ဒေသခံ ပြည်သူ သုံးသောင်းတစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒီပဲယင်း ပကဖအဖွဲ့က အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။