Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကောလင်းနယ် ကျောက်ပျဥ်သာတိုက်နယ်ရှိရွာများအား စစ်ကောင်စီ နှစ်ရက်ဆက်မီးရှို့နေ

ယနေ့နံနက် ၆ နာရီခွဲဝန်းကျင်က ကျောက်ပျဥ်သာတိုက်နယ်အတွင်း ပစ်ခတ်သံများဆူညံနေကြောင်း ဒေသခံများက ​ပြောသည်။

ပေပင်ချောင်ရွာနှင့် ကုက္ကိုကုန်းရွာများ မီးရှို့ဖျက်ဆီးခံနေရစဥ်၊ ဓာတ်ပုံ- Kawlin Revolution KR
ပေပင်ချောင်ရွာနှင့် ကုက္ကိုကုန်းရွာများ မီးရှို့ဖျက်ဆီးခံနေရစဥ်၊ ဓာတ်ပုံ- Kawlin Revolution KR

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ကျောက်ပျဥ် သာတိုက်နယ်အတွင်းရှိ ကျေးရွာများအား စစ်ကောင်စီတပ်က နှစ်ရက်ဆက် မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့(ဒီဇင်ဘာ ၁၀ ရက်)က စတင်စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်သည် ကောလင်းမြို့နယ်၊ ဇီးဖြူကုန်း၊လျှော်ဖြူကုန်းနှင့် ပေပင်ချောင်ရွာများအား မီးရှို့ဖျက်ဆီးခဲ့သည်။

ယနေ့ (ဒီဇင်ဘာ ၁၁ ရက်)နံနက် ၈ နာရီခွဲခန့်တွင်လည်း ကျောက်ပျဥ်သာတိုက်နယ်၊ ပေပင်ချောင်ရွာကို ထပ်မံဝင်ရောက်မီးရှို့နေပြီး ကုက္ကိုကုန်းရွာကိုပါ ဝင်ရောက်ဖျက်ဆီး မီးရှို့နေကြောင်း Kawlin Revolution KR အဖွဲ့က ပြောသည်။

Public Service Announcement
Public Service Announcement

ယနေ့နံနက် ၆ နာရီခွဲဝန်းကျင်က ကျောက်ပျဥ်သာတိုက်နယ်အတွင်း ပစ်ခတ်သံများဆူညံနေကြောင်း ဒေသခံများက ​ပြောသည်။

Public Service Announcement

Public Service Announcement

ကျောက်ပြင်သာတိုက်နယ်အတွင်း အိမ်ထောင်စုပေါင်း နှစ်ထောင်ကျော်၊ စစ်ရှောင်ဦးရေ ၁၀,၀၀၀ကျော် ရှိနေကြောင်း Kawlin Revolution KR အဖွဲ့က ပြောသည်။

“မနေ့ညကဇီးဖြူကုန်းနဲ့ လျှော်ဖြူကုန်းကို တစ်ညလုံး မီးရှို့သွားတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ဒီဇင်ဘာ ၉ ရက် ညကလည်း ကောလင်းမြို့မရဲစခန်း မြောက်ဘက်၊ ဝါးရုန်းတုန်းအနီးတွင် လူငယ်ငါးဦးအား သေနတ်ဖြင့် ပစ်သတ်သွားပြီး အလောင်းများအားလမ်းဘေးတွင် စွန့်ပစ်သွားခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။