Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆိုမြို့နယ် ပူဖားရွာတိုက်ပွဲတွင် KNDF ရဲဘော်သုံးဦးကျဆုံးခဲ့ရ

ဒီဇင်ဘာ ၃ ရက်က ဒီးမော့ဆိုမြို့နယ်၊ ဒေါကမီးကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၂၀ ကျော်သေဆုံးပြီး လေးဦးအရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများကို KNDFက သိမ်းဆည်းရမိခဲ့သည်။

ကျဆုံးခဲ့သော ရဲဘော်သုံးဦး၏ နာရေးပြုလုပ်နေစဥ်၊ ဓာတ်ပုံ - KNDF
ကျဆုံးခဲ့သော ရဲဘော်သုံးဦး၏ နာရေးပြုလုပ်နေစဥ်၊ ဓာတ်ပုံ - KNDF

ဒီးမော့ဆိုမြို့နယ် ပူဖားကျေးရွာတိုက်ပွဲတွင် ရဲဘော်သုံးဦးကျဆုံးခဲ့ရကြောင်း ကရင်နီအမျိုး သားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း (၆)က ယနေ့(ဒီဇင်ဘာ ၁၁ ရက်) ထုတ်ပြန်သည်။

ကျဆုံးခဲ့သည့် ရဲဘော်စတီးဖင်း၊ ရဲဘော်ဒါးဝီမောင်ငယ် နှင့် ရဲဘော်ဂျေနေဦးတို့သည် ဒီဇင်ဘာ ၇ရက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် အပြန်အလှန်ပစ်ခတ်ရင်း ပူဖားကျေးရွာတိုက်ပွဲတွင် ကျဆုံးခဲ့ခြင်းဟု ဆိုသည်။

“အဲဒီနေ့က စကစက စစ်ကြောင်းသုံးခုနဲ့ ထိုးစစ်ဆင်တဲ့အချိန် နှစ်ဖက်ထိခိုက်မှုတွေရှိခဲ့တယ်။စကစဘက်က သေဆုံးတဲ့သူက ဆယ်ဂဏန်းအထက်ရှိတယ်။အချိန်တန်ရင် တပ်ရင်းက သီး ခြားထုတ်ပြန်ပါလိမ့်မယ်”ဟု KNDF တပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ရှင်းပြသည်။

လက်ရှိအချိန်အထိ ပူးဖား၊ သေးဆူလဲနှင့် ကုန်းသာကျေးရွာများအနီးတွင် စစ်ကောင်စီ စစ်ကြောင်းများနှင့် ကရင်နီပူးပေါင်းတပ်များ စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

ရဲဘော်စတီးဖင်း၊ရဲဘော်ဒါးဝီမောင်ငယ် နှင့် ရဲဘော်ဂျေနေဦးတို့​ ကျဆုံးမှုမှာ များစွာသောဆုံးရှုံးမှုဖြစ်ပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ်၊ တပ်ရင်းအမှတ် (၆)မှ အာဇာနည်သူရဲကောင်းများအဖြစ် မှတ်တမ်းတင်အလေးပြုကြောင်း အသိပေးထားသည်။

နိုဝင်ဘာ ၂၈ ရက်ကစ၍ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) မှဦးဆောင်၍ ကရင်နီတပ်မတော်(KA) ၊အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့၊ DMO PDF၊ Loikaw PDF တို့နှင့်အတူ အကြမ်းဖက်စစ်ကောင်စီတပ်များ တပ်စွဲထားသော ဒီးမော့ဆိုမြို့နယ် ကုန်းသာ၊သေးဆူလဲ၊ပူဖားနှင့် ဒေါကမီးကျေးရွာများတွင် နယ်မြေစိုးမိုးရေး ပူးပေါင်းစစ်ဆင်ရေး တစ်ရပ် ဆင်နွဲခဲ့သည်။

အထိနာခဲ့သည့် စစ်ကောင်စီတပ်သည် မြေပြင် ၊ဝေဟင်ပစ်ကူများဖြင့်ဆုံးရှုံးခဲ့သည့် နယ်မြေ များကို ပြန်လည်ရယူရန် ယခုလ ၃ရက်ကစ၍ ထိုးစစ်ဆင်နေခြင်းလည်း ဖြစ်သည်။

ဒီဇင်ဘာ ၃ ရက်က ဒီးမော့ဆိုမြို့နယ်၊ ဒေါကမီးကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၂၀ ကျော်သေဆုံးပြီး လေးဦးအရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများကို KNDFက သိမ်းဆည်းရမိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။