မန္တလေးမြို့တွင် ဆိုင်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲခွင့်ပြုထားသည့် Zeus Club ကို အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Annoymous Force MDY မှ တာဝန်ရှိသူကပြောသည်။
“မူးယစ်ဆေးကိုရောင်းတာက သူတို့ရော ရှယ်ယာဗျ။ ပြီးတော့ အသုံးပြုခွင့်ပေးထားတာတွေကလည်း ကျွန်တော်တို့ ကိုယ်တိုင်စစ်ဆေးပြီးပြီ”ဟု ၎င်းက ပြောသည်။
အဆိုပါတိုက်ခိုက်မှုကို မဟာမိတ်အဖွဲ့များဖြစ်သည့် NGU:FF မြေခွေးတပ်ဖွဲ့ ၊ VOMDY -Front Warrior ၊ Truth Keeping Force တို့နှင့်အတူ ဒီဇင်ဘာ ၁၃ ရက် နေ့လယ် ၁၂နာရီခန့်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“သွပ်အကာတွေ အကုန်ပွင့်ထွက်သွားပြီး လူထိခိုက်မှုရှိတယ်တော့ကြားတယ်”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

Public Service Announcement
ပြည်သူများထိခိုက်မှုမရှိစေရန် နေ့လယ်ပိုင်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဖွဲ့သားအားလုံးဘေးကင်းကြောင်း ၎င်းက ပြောသည်။
Zeus Club သည် မန္တလေးမြို့ ၅၅×၃၀(ဘီ) လမ်းတွင်ရှိပြီး နေ့စဉ်ပိတ်ရက်မရှိဖွင့်လှစ်ကာ ပျော်ပွဲရွှင်ပွဲများပြုလုပ်နေသည့်ဆိုင် ဖြစ်သည်။
Annoymous Force MDY သည် မန္တလေးမြို့ရှိ Bar ၊ Clubများကို ယခင်ကလည်းသတိပေးခဲ့ပြီး တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။


















































