Connect with us

Hi, what are you looking for?

သတင်း

ကျေးရွာထဲလက်နက်ကြီးကျပြီး အရပ်သားတစ်ဦးဒဏ်ရာရရကာ နေအိမ်အချို့ပျက်စီး

ထို့သို့ BGF တပ်ဖွဲ့၏ လက်နက်ကြီးပစ်ကူပေးမှုကြောင့် တကောင်ဘိုးရွာနေ အသက်(၅၉)နှစ်အရွယ် အမျိုးသားတစ်ဦး လက်နက်ကြီးစ ထိမှန်ခဲ့ပြီး မီးပုံးရွာအတွင်းရှိ နေအိမ်များလည်း ထိခိုက်ပျက်စီးမှုရှိခဲ့ကာ နွား(၆)ကောင် သေဆုံးခဲ့ရသည်ဟု ကေအဲန်ယူက ဆိုသည်။

ကျေးရွာထဲလက်နက်ကြီးကျပြီး အရပ်သားတစ်ဦးဒဏ်ရာရရကာ နေအိမ်အချို့ပျက်စီး
ကျေးရွာထဲလက်နက်ကြီးကျပြီး အရပ်သားတစ်ဦးဒဏ်ရာရရကာ နေအိမ်အချို့ပျက်စီး

ဖားအံမြို့နယ်ထဲက တကောင်ဘိုးကျေးနယ်တွင် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့က ကျေးရွာများအတွင်း လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ်များလည်း ထိခိုက်ပျက်စီးခဲ့သည်။

ပြီးခဲ့သော ဒီဇင်ဘာလ(၁၀)ရက် ညနေ(၄) နာရီအချိန်တွင် စစ်ကောင်စီလက်အောက်ခံ BGF ၁၀၁၁ တပ်ရင်း၊ တပ်ခွဲ(၂)မှူးတင်ဝင်းဦးဆောင်သော အင်အား(၂၃)ဦးခန့်ရှိ အဖွဲ့သည် ရွှေဂွန်းမြို့မှတစ်ဆင့် ကေအဲန်ယူ-သထုံခရိုင် ဖားအံမြို့နယ် တကောင်ဘိုးကျေးနယ် လက်ပံတန်းရွာဘက်သို့ လှေဖြင့်ကူးလာပြီး ထိုညတွင် တကောင်ဘိုးကျေးနယ် မီးပုံးကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းတွင် တပ်စွဲခဲ့သည်ဟု KNU က ထုတ်ပြန်ထားသည်။

ထိုသို့ BGF တပ်ဖွဲ့က မီးပုံးကျေးရွာအတွင်း တပ်စွဲနေထိုင်စဉ် ဒီဇင်ဘာလ(၁၁)ရက် ညနေ(၃)နာရီခွဲအချိန်တွင် မီးပုံးရွာနေ ဒေသခံတစ်ဦး၏ နေအိမ်ကို အကြောင်းမဲ့မီးရှို့ဖျက်ဆီးခဲ့ရာ တစ်အိမ်လုံးမီးလောင်ပြာကျခဲ့ပြီး ပျက်စီးသွားသော အိမ်နှင့် အတွင်းပစ္စည်းများမှာ ငွေကျပ်သိန်း(၇၀၀)ခန့်ရှိမည်ဟု ဒေသခံများက ပြောကြားကြောင်း ထုတ်ပြန်ထားသည်။

Public Service Announcement
Public Service Announcement

ထို့အပြင် ဗိုလ်တင်ဝင်းဦးဆောင်သော BGF တပ်ဖွဲ့ဝင်များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရွာအတွင် ခြောက်လှန့်ပစ်ခတ်ခဲ့ကာ မီးပုံးရွာအနီးရှိ KNLA တပ်ဖွဲ့ဝင်များကို လက်နက်ကြီးဖြင့် ပစ်ကူပေးရန် လက်ပံတန်းရွာ တစ်ဖက်ကမ်းမှ BGF ၁၀၁၁ တပ်ရင်းစခန်းအား ကူညီတောင်းခံခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ကျေးရွာထဲလက်နက်ကြီးကျပြီး အရပ်သားတစ်ဦးဒဏ်ရာရရကာ နေအိမ်အချို့ပျက်စီး
ကျေးရွာထဲလက်နက်ကြီးကျပြီး အရပ်သားတစ်ဦးဒဏ်ရာရရကာ နေအိမ်အချို့ပျက်စီး

ထို့သို့ BGF တပ်ဖွဲ့၏ လက်နက်ကြီးပစ်ကူပေးမှုကြောင့် တကောင်ဘိုးရွာနေ အသက်(၅၉)နှစ်အရွယ် အမျိုးသားတစ်ဦး လက်နက်ကြီးစ ထိမှန်ခဲ့ပြီး မီးပုံးရွာအတွင်းရှိ နေအိမ်များလည်း ထိခိုက်ပျက်စီးမှုရှိခဲ့ကာ နွား(၆)ကောင် သေဆုံးခဲ့ရသည်ဟု ကေအဲန်ယူက ဆိုသည်။

ထို့နောက် BGF တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာလ(၁၂)ရက် နံနက်(၇)နာရီခန့်တွင် မီးပုံးရွာမှ ဝဲပျံရွာဘက်သို့ မထွက်ခွာမှီ ဒေသခံတစ်ဦးပိုင်ဆိုင်သည့် ကားတစ်စီးအား ယူဆောင်ပြီးမှ ထွက်ခွာခဲ့ကြောင်း၊ BGF တပ်ဖွဲ့မှ ပစ်ခတ်လိုက်သော မပေါက်ကွဲသည့် လက်နက်ကြီးကျည်များရှိကြောင်း ကေအဲန်ယူ-ဖားအံမြို့နယ် သတင်းတာဝန်ခံ၏ ပြောကြားချက်အရ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပတ်ခတ်လို့ အရပ်သား ၂ဦး ထိမှန်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ စိတ် ကျန်းမာရေးမကောင်းသူတစ်ဦး စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ ကျောရိုးထိခိုက်သွားပြီး အကူ အညီလိုအပ်နေကြောင်း ​ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက အသိပေးပါတယ်။