Connect with us

Hi, what are you looking for?

သတင်း

မြန်မာ့အရေး ဖြေရှင်းနိုင်ရန် အနည်းဆုံး ၅ နှစ်ကြာမည်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ် ခန့်မှန်း

ယခုနှစ်ကုန်တွင် ကမ္ဘောဒီးယား၏ အာဆီယံအလှည့်ကျဥက္ကဌတာဝန်ပြီးဆုံးမည်ဖြစ်ပြီး လာမည့် ၂၀၂၃ တွင် အင်ဒိုနီးရှားက အာဆီယံအလှည့်ကျဥက္ကဌတာ၀န်ကို ထမ်းဆောင်မည်ဖြစ်သည်။

(ကမ္ဘောဒီးယား၀န်ကြီးချုပ်ဟွန်ဆန်။ ဓါတ်ပုံ-AFP)
(ကမ္ဘောဒီးယား၀န်ကြီးချုပ်ဟွန်ဆန်။ ဓါတ်ပုံ-AFP)

မြန်မာ့အရေး ဖြေရှင်းနိုင်ရန် အနည်းဆုံး ၅ နှစ်ကြာမြင့်မည်ဟုကမ္ဘောဒီးယား၀န်ကြီးချုပ်ဟွန်ဆန်ကခန့်မှန်းလိုက်သည်။

(၄၅) ကြိမ်မြောက်အာဆီယံ-အီးယူ မိတ်ဖက်ဆွေးနွေးပွဲတက်ရောက်ရန် ဘယ်လ်ဂျီယံ၊ ဘရပ်စဲလ်သို့ရောက်ရှိနေသည့် ကမ္ဘောဒီးယားဝန်ကြီးချုပ်က ဥရောပရောက် ကမ္ဘောဒီးယားနိုင်ငံသား ၂၀၀၀ ကျော်နှင့် ဒီဇင်ဘာ ၁၂ ရက်တွင် တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။

“မြန်မာပြည်ကိစ္စဖြေရှင်းနိုင်ဖို့က အနည်းဆုံး ၅ နှစ်ကြာမယ်လို့ ကျွန်တော်ခန့်မှန်းတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့နည်းလမ်းကောင်းရှိတယ်လို့ ထင်ရင် သူတို့ သွားရောက်ဖြေရှင်းသင့် တယ်။ ကျွန်တော့်(အာဆီယံအလှည့်ကျဥက္ကဌ)သက်တမ်းကလည်း ကုန်လုပြီမို့ အထူးကိုယ်စားလှယ်လည်း မြန်မာပြည်ကို ပြန်မသွားတော့ပါဘူး” ဟု ဝန်ကြီးချုပ်ဟွန်ဆန်ကပြောသည်။

မြန်မာ့အရေးသည် မကြာမီအချိန်အတွင်း ဖြေရှင်းနိုင်လိမ့်မည် ဆိုသည်ကို ၎င်းအနေဖြင့် သံသယရှိကြောင်းနှင့် အာဆီယံအလှည့်ကျဥက္ကဌ၏ အထူးကိုယ်စားလှယ်တစ်ဦးအနေနှင့် ကမ္ဘောဒီးယား နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး၏ တတိယအကြိမ်သွားရောက်မည့်ခရီးစဥ်ကို ပယ်ဖျက်ခဲ့ကြောင်း ဝန်ကြီးချုပ်က ပြောသည်။

Public Service Announcement

Public Service Announcement

ကမ္ဘောဒီးယား အာဆီယံအလှည့်ကျဥက္ကဌတာဝန်ယူချိန်သည့် ယခုနှစ်တွင် အလွန်ရှုပ်ထွေးခဲ့သော်လည်း တချိန်တည်းတွင် အာဆီယံဥက္ကဌအဖြစ် ယုံကြည်မှု၊ စွမ်းဆောင်ရည်နှင့် တာ၀န်ရှိမှုတို့ကို ပြသကာ စွမ်းဆောင်နိုင်ခဲ့သည့် အရာများစွာရှိကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့ အာဆီယံ-အမေရိကန်ထိပ်သီးဆွေးနွေးပွဲ သွားကြတုန်းက အာဆီယံခေါင်းဆောင်တွေနဲ့ အမေရိကန် သမ္မတကို ကျွန်တော်ပြောခဲ့ပါတယ်။ ဒီနှစ် အာဆီယံအလှည့်ကျဥက္ကဌက မီးကျည်းခဲကိုင်ထားရတာနဲ့တူတယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော် အနည်းငယ်ရယ်မောပြီး ဆက်ပြောပါတယ်။ သိပ်မကြာခင် အဲဒီမီးကျည်းခဲကို အလှည့်ကျဥက္ကဌ အင်ဒိုနီးရှားဆီ လွှဲပေးတော့မယ်လို့” ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ်က ပြောသည်။

ယခုနှစ်ကုန်တွင် ကမ္ဘောဒီးယား၏ အာဆီယံအလှည့်ကျဥက္ကဌတာဝန်ပြီးဆုံးမည်ဖြစ်ပြီး လာမည့် ၂၀၂၃ တွင် အင်ဒိုနီးရှားက အာဆီယံအလှည့်ကျဥက္ကဌတာ၀န်ကို ထမ်းဆောင်မည်ဖြစ်သည်။

ပြီးခဲ့သည့်သီတင်းပတ်အတွင်း ဥရောပပါလီမန်၏ ဖိတ်ကြားမှုဖြင့် ဘရပ်စဲလ်သို့ သွားရောက်ခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက မြန်မာ့အရေးဖြေရှင်းရန် အာဆီယံ တူညီဆန္ဒ ၅ ရပ်မှာ အလုပ်မဖြစ်ဘဲ ပိုမိုအားကောင်းသည့် အရေးယူမှုများလုပ်ဆောင်ရန်တိုက်တွန်းပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အသိအမှတ် မပြုဖို့၊ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)က ဖမ်းဆီးပေးဖို့ တောင်းဆိုလာရင် သူ့ရဲ့ ခရီးစဉ် အတောအတွင်း မင်းအောင်လှိုင်ကို ဖမ်းဆီးပေးဖို့ ကမ္ဘောဒီးယား အစိုးရကို လူ့အခွင့်အရေး တက်ကြွလှုပ်ရှားမှုအဖွဲ့ Fortify Rightsက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

ဆောင်းပါး

ဟွန်ဆန်နှင့် မင်းအောင်လှိုင် - အတိတ်ရဲ့ အရိပ်နဲ့ အနာဂတ်ရဲ့ ရွေးချယ်မှု

နိုင်ငံတကာ

တစ်နှစ်အတွင်း ဆိုက်ဘာ ငွေကြေး လိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းပေါင်း ၇၀၀ ကျော်ကို ဖြိုခွင်း ရှင်းလင်းနိုင်ခဲ့တယ်လို့ ကမ္ဘောဒီးယား အစိုးရက ထုတ်ပြန် ကြေညာခဲ့ပါတယ်။