Connect with us

Hi, what are you looking for?

သတင်း

ကံထူးမရဲစခန်းအား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်

ယမန်နေ့(ဒီဇင်ဘာ ၁၃ ရက်)နံနက် ၁၁ နာရီ ၁၅မိနစ်ခန့်က တန့်ဆည်မြို့နယ်ရှိ ကံထူးမရဲစခန်းအား ဗုံးသီး ငါးလုံးချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ကံထူးမရဲစခန်းအား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်
ကံထူးမရဲစခန်းအား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ရှိ ကံထူးမရဲစခန်းအား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း MDF-Hydra Force အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့(ဒီဇင်ဘာ ၁၃ ရက်)နံနက် ၁၁ နာရီ ၁၅မိနစ်ခန့်က တန့်ဆည်မြို့နယ်ရှိ ကံထူးမရဲစခန်းအား ဗုံးသီး ငါးလုံးချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုများရှိသော်လည်း အရေအတွက်အတိအကျအတည်မပြုနိုင်သေးကြောင်း MDF-Hydra Force အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement
Public Service Announcement

“စခန်းတည့်တည့်ပေါ်ချတာ။ စစ်တပ်က တပ်စွဲထားတယ်။အဲစခန်းက ပြည်သူတွေကို မကြာခဏလည်းပိုက်ဆံထွက်တောင်းတယ်။”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ဆင်ရေးကို MDF-Hydra Force ၊ SSTF – Spring Special Task Force နှင့် NCG တို့ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ဒီဇင်ဘာ ၁၂ ရက်ကလည်း တန့်ဆည်မြို့နယ်၊ ဘေရင်းရွာသစ်သို့ ကင်းလှည့်လာသော စစ်ကောင်စီတပ်နှင့်ပျူများကို တန့်ဆည်(ပကဖ)က တိုက်မိုင်း နှစ်ကြိမ်ဆွဲ၍ တိုက်ခိုက်ရာ စစ်သားတစ်ဦး၊ ပျူနှစ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားကြောင်း ပကဖအဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။

နိုင်ငံတကာ

လက်တုံ့ပြန်တဲ့ အနေနဲ့ အီရန်ဟာ ပင်လယ်ကွေ့ ဒေသတွင်း နိုင်ငံတချို့မှာရှိတဲ့ အမေရိကန် စစ်စခန်းတွေကို တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ ဒရုန်းတွေနဲ့ ရေဒါစခန်းတွေကို တိုက်ခိုက်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောကြားခဲ့ပါတယ်။