Connect with us

Hi, what are you looking for?

သတင်း

မြင်းမူရဲစခန်းမှ လက်ဖက်ရည်သောက်ထွက်လာသော ရဲလေးဦးအား မိုင်းခွဲတိုက်ခိုက်

မြင်းမူမြို့ပေါ်ရှိ စစ်ကောင်စီတပ်နှင့်ရဲများအား ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ) အပါအဝင် ဒေသတွင်း PDFများက မကြာခဏ ပြောက်ကျားတိုက်ခိုက်နေသည်။

မြင်းမူမြန်မာ့စီးပွားရေးဘဏ်၌ ကင်းစောင့်နေသော စစ်ကောင်စီလက်အောက်ခံ ရဲတစ်ဦးအား တွေ့ရစဥ်၊ ဓာတ်ပုံ-Cj
မြင်းမူမြန်မာ့စီးပွားရေးဘဏ်၌ ကင်းစောင့်နေသော စစ်ကောင်စီလက်အောက်ခံ ရဲတစ်ဦးအား တွေ့ရစဥ်၊ ဓာတ်ပုံ-Cj

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့မရဲစခန်းမှ လက်ဖက်ရည် သောက် ထွက်လာသော ရဲလေးဦးအား မိုင်းဆွဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများရှိကြောင်း ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။

ယနေ့(ဒီဇင်ဘာ၁၅ ရက်)နံနက် ၆ နာရီ ၄၂ မိနစ်အချိန်က မြင်းမူမြို့၊ မြို့မရဲစခန်းဝင်းအတွင်းမှ လက်ဖက်ရည်ဆိုင်သို့ ထွက်လာသော ရဲလေးဦးအား စခန်းအဝင်ဝတွင် မိုင်းနှစ်လုံးဖြင့် ချခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ZERO ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။

ရဲသုံးဦးမှာ နေရာတွင်ပင်သေဆုံးပြီး ကျန်တစ်ဦးမှာ ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း ကိုသက်ကြီးက ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ) True Fighter (တပ်ခွဲ-၃) တပ်ရင်း (၇) မြင်းခြံခရိုင်တို့ ပူးပေါင်း​ဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

မြင်းမူမြို့ပေါ်ရှိ စစ်ကောင်စီတပ်နှင့်ရဲများအား ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ) အပါအဝင် ဒေသတွင်း PDFများက မကြာခဏ ပြောက်ကျားတိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲစခန်းတစ်ခု ပစ်ခတ်ခံရတဲ့နောက် လုံခြုံရေး တိုးမြှင့်ထားသလို အနီးမှာရှိတဲ့ ကျောင်းတစ်ကျောင်းကိုလည်း ပိတ်ထားရပါတယ်။

သတင်း

မကွေးတိုင်းပေါက် နဲ့ မြိုင်ဒေသမှာ စစ်ကြောင်းထိုးလာပြီး လမ်းမှားကျန်ရစ်တဲ့ တပ်မ (၁၀၁)စစ်ကြောင်းကစစ်သားနှစ်ဦးကို လက်နက်ခဲယမ်းတွေနဲ့ဖမ်းမိခဲ့တယ်လို့ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Myaing Garuda PDF )တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ဒုတိယ ကမ္ဘာစစ်မှာ နာမည်ဆိုးနဲ့ အထူးကျော်ကြားခဲ့တဲ့ နာဇီ ခေါင်းဆောင်ကြီး အဒေါ့ဖ်ဟစ်တလာ မွေးဖွားခဲ့တဲ့ နေရာဟာ အခုတော့ ရဲစခန်းတစ်ခု ဖြစ်လာခဲ့ပါပြီ။

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့မှာ မြို့ထဲဝင်လာတဲ့ စစ်တပ်လက်အောက်ခံ ရဲတစ်ဦးနဲ့ ပျူစောထီးတစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဇီးကုန်းတိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ပြောပါတယ်။