Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြင်းမူရဲစခန်းမှ လက်ဖက်ရည်သောက်ထွက်လာသော ရဲလေးဦးအား မိုင်းခွဲတိုက်ခိုက်

မြင်းမူမြို့ပေါ်ရှိ စစ်ကောင်စီတပ်နှင့်ရဲများအား ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ) အပါအဝင် ဒေသတွင်း PDFများက မကြာခဏ ပြောက်ကျားတိုက်ခိုက်နေသည်။

မြင်းမူမြန်မာ့စီးပွားရေးဘဏ်၌ ကင်းစောင့်နေသော စစ်ကောင်စီလက်အောက်ခံ ရဲတစ်ဦးအား တွေ့ရစဥ်၊ ဓာတ်ပုံ-Cj
မြင်းမူမြန်မာ့စီးပွားရေးဘဏ်၌ ကင်းစောင့်နေသော စစ်ကောင်စီလက်အောက်ခံ ရဲတစ်ဦးအား တွေ့ရစဥ်၊ ဓာတ်ပုံ-Cj

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့မရဲစခန်းမှ လက်ဖက်ရည် သောက် ထွက်လာသော ရဲလေးဦးအား မိုင်းဆွဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများရှိကြောင်း ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။

ယနေ့(ဒီဇင်ဘာ၁၅ ရက်)နံနက် ၆ နာရီ ၄၂ မိနစ်အချိန်က မြင်းမူမြို့၊ မြို့မရဲစခန်းဝင်းအတွင်းမှ လက်ဖက်ရည်ဆိုင်သို့ ထွက်လာသော ရဲလေးဦးအား စခန်းအဝင်ဝတွင် မိုင်းနှစ်လုံးဖြင့် ချခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ZERO ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။

ရဲသုံးဦးမှာ နေရာတွင်ပင်သေဆုံးပြီး ကျန်တစ်ဦးမှာ ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း ကိုသက်ကြီးက ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ) True Fighter (တပ်ခွဲ-၃) တပ်ရင်း (၇) မြင်းခြံခရိုင်တို့ ပူးပေါင်း​ဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

မြင်းမူမြို့ပေါ်ရှိ စစ်ကောင်စီတပ်နှင့်ရဲများအား ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ) အပါအဝင် ဒေသတွင်း PDFများက မကြာခဏ ပြောက်ကျားတိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်သည် စစ်မှုထမ်းဥပဒေအသက်မသွင်းမီကတည်းက မန္တလေးတိုင်းအတွင်း ဒေသအချို့တွင် ပြည်သူ့စစ်ခေါ် ပျူသင်တန်းများ အဓမ္မဖွင့်လှစ်နေသည်။

သတင်း

True Fighter မြို့ပြပြောက်ကျားတပ်ဖွဲ့သည် မြင်းမူမြို့ပေါ်၌ စစ်ကောင်စီတပ်အား အလစ်ဝင်ရောက် ပစ်ခတ်တိုက်မှု အကြိမ်ရေ ၅၀ကျော် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

ခြေရာတော်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော် ၁၇ ဦး၊ စစ်ကိုင်းခရိုင် အမှတ်၅တပ်ရင်းမှ ရဲဘော် ၅ ဦး၊ အမှတ်(၆)တပ်ရင်းမှ ရဲဘော် ၂ ဦး၊ မြင်းမူ ပလဖအဖွဲ့မှ ရဲဘော် ၂ ဦး စုစုပေါင်း၂၆ဦး ကျဆုံးခဲ့သည်။

သတင်း

စစ်ဆင်ရေးကို ကြောင်လက်သည်း Local pdf၊ Dynamite-2 Local pdf၊ နန်းတက်မင်း Local pdf အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။