Connect with us

Hi, what are you looking for?

သတင်း

PDF နဲ့ EAOs တွေကို ကူညီမယ့် NDAA ဥပဒေကို အမေရိကန်အထက်လွှတ်တော်အတည်ပြု

အဲဒီဥပဒေကို ပြီးခဲ့တဲ့ တပတ်ကျော် ဒီဇင်ဘာလ ၈ ရက် က အောက်လွှတ်တော်က အတည်ပြု ထားပါတယ်။

PDF နဲ့ EAOs တွေကို ကူညီမယ့် NDAA ဥပဒေကို အမေရိကန်အထက်လွှတ်တော်အတည်ပြု
PDF နဲ့ EAOs တွေကို ကူညီမယ့် NDAA ဥပဒေကို အမေရိကန်အထက်လွှတ်တော်အတည်ပြု

စစ်အာဏာရှင်ကိုဆန့်ကျင်နေတဲ့ PDF နဲ့ တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့ တွေကို လက်နက်မဟုတ်တဲ့အကူအညီတွေပေးမယ့် အမေရိကန်အစိုးရ ကာကွယ်ရေးဘတ်ဂျက်ကို(NDAA) ကို အထက်လွှတ်တော်က မဲခွဲအတည်ပြုလိုက်ပါပြီ။

အထက်လွှတ်တော်မှာ မဲခွဲရာမှာ ထောက်ခံ ၈၃ မဲ၊ကန့်ကွက်မဲ ၁၁ မဲ နဲ့ အတည်ပြုနိုင်တာလို့ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ဒီနေ့ ဒီဇင်ဘာလ ၁၆ ရက်မနက်ပိုင်းမှာ လူမှုကွန်ရက်ကတဆင့် အသိပေးထားတာတွေ့ရပါတယ်။

အဲဒီဥပဒေကို ပြီးခဲ့တဲ့ တပတ်ကျော် ဒီဇင်ဘာလ ၈ ရက် က အောက်လွှတ်တော်က အတည်ပြု ထားပါတယ်။

လွှတ်တော် ၂ရပ်အတည်ပြုပြီး သမ္မတလက်မှတ်ရေးထိုးပြီးရင် ဥပဒေဟာ အတည်ပြုဖြစ်လာမှာပါ။

Public Service Announcement

Public Service Announcement

အဲဒီဥပဒေထဲမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဖော်ပြရာ PDF နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို လက်နက်မဟုတ်တဲ့ နည်းပညာအကူအညီပေးဖို့ ၊ စုစည်းမှုအားကောင်းစေဖို့အတွက် ကူညီဖို့တွေပါရှိပါတယ်။

NDAA ကြောင့်ရလာမယ့် အကူအညီတွေက တော်လှန်ရေးရဲ့ ၇၅ရာခိုင်နှုန်းကို အထောက်အပံ့ဖြစ်စေလိမ့်မယ်လို့ အမေရိကန်စစ်တပ်မှာတာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဒုဗိုလ်မှူးကြီးဟောင်း ဒေါက်တာမီမီဝင်းဘတ်က DVB သတင်းဌာနကို ပြောထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် သမ္မတ ရှီကျင့်ဖျင်ဟာ သိပ်မကြာခင်မှာ အမေရိကန်ကို အလည်အပတ် ခရီးစဉ် လာရောက်နိုင်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဟာ ပြင်သစ်က လက်ဆောင် ပေးထားတဲ့ လေဘာတီ ရုပ်တုကြီးနဲ့ ထိုက်တန် ကိုက်ညီတဲ့ တန်ဖိုးတွေ မရှိတော့တာကြောင့် အဲဒီ ရုပ်တုကြီးကို ပြန်တောင်းယူသင့်တယ်လို့ ပြင်သစ် လွှတ်တော် အမတ် တစ်ဦးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ပင်လယ်နီ ရေလမ်းကြောင်းကို ဟိုသီတွေရဲ့ တိုက်ခိုက်မှုတွေ မရပ်တန့်မချင်း အမေရိကန်ရဲ့ လေကြောင်းစစ်ဆင်ရေးတွေကို ဆက်လက် ဆင်နွှဲနေမယ်လို့ အမေရိကန် အစိုးရက သတိပေးသွားခဲ့ပါတယ်။

Facebook