Connect with us

Hi, what are you looking for?

သတင်း

အင်းတော်နယ်ရှိ ပြည်သူလူထုနေအိမ်များကို စစ်ကောင်စီတပ် ယနေ့ ထပ်မံမီးရှို့ဖျက်ဆီး

လက်ရှိတွင် စစ်ကောင်စီတပ်ဝင်ရောက်ရာ လမ်းကြောင်းရှိ ကျေးရွာများမှ ပြည်သူများ စစ်ဘေးတိမ်းရှောင်နေကြရပြီဖြစ်သည်ဟု ဆိုသည်။

အင်းတော်နယ်ရှိ နတ်မဟုတ်ကြီးရွာကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၈ရက်တွင် မီးရှို့ဖျက်ဆီးနေစဥ်၊ ဓာတ်ပုံ - Indaw Revolution-IR
အင်းတော်နယ်ရှိ နတ်မဟုတ်ကြီးရွာကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၈ရက်တွင် မီးရှို့ဖျက်ဆီးနေစဥ်၊ ဓာတ်ပုံ - Indaw Revolution-IR

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်ရှိ ဂျုံးဂျုံးကျကျေးရွာသစ်ကို စစ်ကောင်စီတပ်က ယမန်နေ့တွင် မီးရှို့ခဲ့ပြီးနောက် ယနေ့နံနက်တွင် ဂျုံးဂျုံးကျ ရွာမကို ဆက်လက်မီးရှို့နေကြောင်း အင်းတော်ဒေသခံတစ်ဦးက ပြောသည်။

“ဒီနေ့လည်း အဲဒီလိုပဲ ခ..တွေ(စစ်ကောင်စီတပ်ဖွဲ့)က တစ်ရွာဝင်၊တစ်ရွာထွက် အဲဒီလို သွားနေတာ။ မနေ့တုန်းက ဂျုံးဂျုံးကျ ရွာသစ်ကို မီးရှို့တယ် ၁၃အိမ် လောင်သွားတာပေါ့။ ဒီနေ့တော့ ဂျုံးဂျုံးကျ ရွာမကိုမီးရှို့နေတယ် ပြောတယ်”ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်သည် အင်းတော်နယ်ကို ဒီဇင်ဘာ ၁၄ရက်တွင် စစ်ကြောင်းသုံးကြောင်းဖြင့် ထပ်မံ ဝင်ရောက်စစ်ကြောင်းထိုးနေခြင်းဖြစ်သည်ဟု ဆိုသည်။ ယခု စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် လွန်ခဲ့သည့်တစ်လအတွင်း ထီးချိုင့်မြို့နယ်မှ ရွာပေါင်း ၂၀ကျော်ကို လိုက်လံ မီးရှို့ခဲ့သည့်စစ်ကြောင်းဖြစ်ပြီး အင်းတော်မြို့နယ်တွင်လည်း ကျေးရွာများကို မီးရှို့ဖျက်ဆီးမှုများ ဆက်တိုက် လုပ်ဆောင်လာနိုင်ဖွယ်ရှိသည်ဟု ဒေသခံက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဝင်ရောက်ရာ လမ်းကြောင်းရှိ ကျေးရွာများမှ ပြည်သူများ စစ်ဘေးတိမ်းရှောင်နေကြရပြီဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်(PDF)တို့ ယမန်နေ့က ညောင်ကုန်းရွာအနီး တိုက်ပွဲဖြစ်ခဲ့ပြီး ယခုကဲ့သို့ တစ်ရွာဝင်တစ်ရွာထွက် မီးရှို့မှုများ ဆက်လုပ်နေပါက တိုက်ပွဲ ထပ်မံဖြစ်ပွားနိုင်ကြောင်း ဒေသခံက ပြောသည်။ အင်းတော်နယ်တွင် PDF များနှင့်အတူ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်ဖွဲ့ဝင်များလည်း ပူးပေါင်းစစ်ရေးလှုပ်ရှားလျက်ရှိသည်။

အင်းတော်နယ်ရှိ နတ်မဟုတ်ကြီးရွာကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၈ရက်တွင် မီးရှို့ဖျက်ဆီးနေစဥ်၊ ဓာတ်ပုံ – Indaw Revolution-IR

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook